မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

မှတ်ပြီလား Made in Japan

အမေရိကန်သို့ ခပ်ကြွားကြွား ဂျပန်တစ်ယောက် အလည်အပတ် ရောက်ရှိ နေ၏။ ပြန်မည့်နေ့တွင် လေဆိပ်ဆင်းရန် တက္ကစီတစ်စင်း ငှား၏။

တက္ကစီဖြင့် လေဆိပ်ကို လာစဉ် လမ်း၌ အရှိန်ပြင်းပြင်း မောင်းလာသော ဟွန်ဒါကားတစ်စင်းက ၄င်းတို့တက္ကစီကို ကျော်တက်သွားရာ ဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။

“ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ”

တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း
“တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။

မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း
“မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား အမေရိကန် သူ့ကို အတော်လေး ပေါက်နေပြီ ဖြစ်သည်။ သို့သော် စိတ်ကို ထိန်း၍ ဘာမှတော့ မပြော။

လေဆိပ်သို့ ရောက်သော အခါ ကားခ အမေရိကန်ဒေါ်လာ ၃၀၀ ကျသင့်ကြောင်း ဒရိုင်ဘာက တောင်းလေရာ ဂျပန် မျက်လုံး ပြူးသွား၏။

“၀ါး…. ဈေးကြီးလှချည်လား”

“မီတာဗျ။ အရမ်းမြန်တယ်။ Made in Japan လေ”

အချစ်စစ်ဆိုတာ

“တို့ကို တကယ်ချစ်ရဲ့လား”

“ချစ်တာပေါ့”

“ဒီလိုဆိုရင် တို့အတွက် အသက်အသေခံနိုင်ပါ့မလား”

“တို့အချစ်က မသေတဲ့ အချစ်မျိုးပါ”

ကာယအလှမယ်များပြိုင်ပွဲတွင် ဝတ်စားဆင်ယင်မှု ပြောင်းလဲတော့မည်

ကာယအလှမယ်များပြိုင်ပွဲတွင် ဝတ်စားဆင်ယင်မှု ပြောင်းလဲတော့မည်

ပြောင်းလဲပြင်ဆင်လိုက်သည့် ဝတ်စားဆင်ယင်မှုဖြင့် ပြည်တွင်း ကာယအလှမယ်ပြိုင်ပွဲများကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပြုလုပ်မည့် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် စတင် ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယအလှအဖွဲ့ချုပ် အမှုဆောင် ဒေါ်ရီရီဝင်းကပြောသည်။

ပြည်တွင်းပြိုင်ပွဲများတွင် နှစ် ၃၀ ကျော်ကြာ မြန်မာဝတ်စုံ အင်္ကျီလက်ပြတ်၊ အထက်အောက် အရောင်ဆင်တူ ဝတ်စားဆင်ယင်မှုများအား ဘောင်းဘီအတို၊ အင်္ကျီလက်ပြတ် ဝတ်ဆင်ယှဉ်ပြိုင်မှုအဖြစ် ပြောင်းလဲရခြင်းမှာ မြန်မာအမျိုးသမီးများ နိုင်ငံတကာပြိုင်ပွဲများသို့ ထိုးဖောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။



(ကာယအလှမယ်ပြိုင်ပွဲများတွင် ခွင့်ပြုလိုက်သည့် ဝတ်စုံသစ်) (ဓာတ်ပုံ - 7Day News Journal)

“ပြည်တွင်းမှာ ကာယအလှမယ်တစ်ဦးဟာ မယ်မြန်မာဖြစ်ပြီးရင် သူ့အတွက်က ပြီးသွားပြီ။ ဘာမှဆက်လုပ်စရာ မရှိတော့ဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း နိုင်ငံတကာပြိုင်ပွဲ သတ်မှတ်ချက်တွေနဲ့ ယှဉ်ပြိုင်နေကြပြီဖြစ်တဲ့အတွက် ရိုးရာယဉ်ကျေးမှုတွေလည်း မပျောက်စေဘဲ ပြင်ဆင်စီစဉ်ရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ ဘီကီနီနဲ့ပြိုင်တာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဘီကီနီမဝတ်ဘူး။ နိုင်ငံက လက်ခံနိုင်တဲ့ပုံစံနဲ့ လုပ်သွားမှာပါ”ဟု ဒေါ်ရီရီဝင်းကပြောသည်။



(ပြောင်းလဲခွင့်ပြုလိုက်သည့် ဝတ်စုံသစ်ဖြင့် မြင်တွေ့ရသည့် ကာယအလှမယ်တစ်ဦး)(ဓာတ်ပုံ - 7Day News Journal)

ထိုသို့ ပြောင်းလဲလိုက်သည့် ဝတ်စားဆင်ယင်မှုသရုပ်ပြပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တွင်ပြုလုပ်မည့် (၁၁) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ တံခွန်စိုက်ပြိုင်ပွဲ၌ အပြည်ပြည်ဆိုင်ရာ တာဝန်ရှိသူများအား မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထပ်မံ၍ သတ်မှတ်ချက်များတွင် ယခင်က ဆံထုံးနေရာ၌ မိမိစိတ်ကြိုက် ထုံးဖွဲ့အလှဆင်နိုင်ပြီး လိုအပ်သော အဆင်တန်ဆာများကို ဝတ်ဆင်ခွင့်ပြုထားကာ ငါးလက်မထက်မမြင့်သော ဒေါက်မြင့်ဖိနပ်စီး၍ ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

နိုင်ငံတကာ အမျိုးသမီးပြိုင်ပွဲများ၌ ကာယအလှမယ်ပြိုင်ပွဲ သုံးမျိုးရှိသည့်အနက် မြန်မာနိုင်ငံအနေဖြင့် ကာယအလှမယ်ပြိုင်ပွဲ နှစ်မျိုးဖြစ်သည့် Model Physique နှင့် Fitness Physique ပြိုင်ပွဲများ၏ ယှဉ်ပြိုင်ပုံကို အခြေခံပြီး ပြောင်းလဲယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ပြီးခဲ့တဲ့ ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲမှာ ပုံစံသစ်နဲ့ သရုပ်ပြပွဲ လုပ်ပြခဲ့ပါတယ်။ ပရိသတ်တွေလည်း လက်ခံအားပေးကြတာ တွေ့ရပါတယ်။ အားကစားကို အားကစားလို မြင်တတ်ဖို့လည်း လိုအပ်ပါတယ်။ တချို့က ကာယအလှမယ်ပြိုင်ပွဲဆိုရင် တခြားအဓိပ္ပာယ် တစ်မျိုးနဲ့ မြင်တတ်ကြတာမျိုးရှိကြတယ်”ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

သက္ကတဘာသာဖြင့် ရေးထားသောတန္ဒြသာရအမည်ရှိသည့် ကျမ်းတွင် လူမိုက်ကြီးရှစ်ဦးအကြောင်းကို ပြဆိုထားလေသည်။

လူမိုက်ကြီးရှစ်ဦးမှာ

(၁) သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သူ (၂) မြင်သမျှကို လိုချင်သူ (၃) စာသာတတ်၍ စာမရေးတတ်သူ (၄) မိမိရေးသောစာကို အမှားအမှန် မတည်းဖြတ်သူ (၅) ယောက္ခမကို ကပ်ရပ်စားသူ (၆) ဆွေမျိုးခြင်း မတည့်အောင် ကုန်းတိုက်သူ (၇) မိန်းမအနားမှ မခွာနိုင်သူ (၈) သူများပြောစကား လက်ခံသူတို့ ဖြစ်သည်။

ပထမလူမိုက်

ပထမလူမိုက်ကြီးမှာ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်သော လူမိုက်ကြီး ဖြစ်သည်။ သူတစ်ပါး ရန်ဖြစ်သည်ကို အဆောတလျင် မဆင်မခြင် ကြားမဝင်ပါနှင့်၊ ကြားဝင်လျှင် ကိုယ်သာခံရတတ်သည်။ ရန်ဖြစ်သူ နှစ်ဦးမှာ ဒေါသအိုး ပေါက်ကွဲနေချိန်ဖြစ်၍ ကြားဝင်ဖျန်ဖြေသူ၏စကားကို ရုတ်တရက် သည်းခံနိုင်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် တုတ် – ဓားလက်နက်ကိုင်စွဲသော ရန်ပွဲမျိုးဖြစ်ပါက ပို၍ အန္တရာယ်ကြီးမားသည်။

ယင်းရန်ပွဲမျိုးကို မိမိက စေတနာထား၍ ဖျန်ဖြေသော်လည်း ရန်ဖြစ်သူနှစ်ဦး၏ ဒေါသအရှိန်ကြောင့် ကြားဝင်မိသူမှာ တုတ်ဖြင့် အနှက်ခံရခြင်း၊ ဓားဖြင့် အဆော်ခံရခြင်းစသော ဆိုးကျိုးများ ခံရတတ်သည်။ ထိပ်ပေါက် ခေါင်းကွဲဖြစ်ရုံမျှမက အချို့ဆိုလျှင် အသက်ဆုံးရှုံးရသည်အထိ ဘေးဒုက္ခတွေ့ ရတတ်သည်။ သို့ဖြစ်၍ သူတစ်ပါးရန်ဖြစ်သည်ကို ကြားဝင်မိသူအား လူမိုက်ဟူ၍ ဆိုခြင်းဖြစ်လေသည်။ ကျွဲနှစ်ကောင်ခတ် သည့်အကြား မြေစာပင် မဖြစ်ပါစေနှင့်၊ သူတစ်ပါးဓားခုတ်ရာ လက်ဝင်မလျှိုပါနှင့် စသော စကားပုံများမှာ ပထမလူမိုက်ကြီးကို ရည်ရွယ်ပြောဆိုသော စကားပုံများ ဖြစ်သည်။

ဒုတိယလူမိုက်

ဒုတိယလူမိုက်ကြီးမှာ မြင်မြင်သမျှကို လိုချင်စိတ်ရှိသူ လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ လောဘဖိစီးခံရပြီး ဟိုဟာလိုချင် သည်ဟာလိုချင် ဣနြေ္ဒမရသောကြောင့် ဖြစ်သည်။ တွေ့သမျှ မြင်သမျှကို လိုချင်စိတ်ဖြင့် တောင်းရမ်းသည့်အခါ တစ်ဖက်လူက အမြင်ကပ်ပြီး မုန်းတီးခြင်းကိုပင် ခံရတတ်သည်။ လောဘသည် မျောက်နှဲစေး နှင့်တူ၍ လောဘဖိစီးခံရသူမှာ မျောက်နှဲစေး အငြိခံရသော မျောက်သတ္တဝါနှင့် တူနေသည်။ သေဖို့ရာလမ်းဝသို့ရောက်သော မျောက်နှင့်တူသောကြောင့် မြင်သမျှ လိုချင်တတ်သောသူကို လူမိုက်ဟုဆိုထားခြင်း ဖြစ်သည်။ အလိုလောဘကို မီးပုံးကြီးနှင့်တူကြောင်း၊ သမုဒ္ဒရာနှင့်တူကြောင်း ကျမ်းဂန် များတွင် ဥပမာပြဆိုထားပေသည်။ အလိုလောဘနှိပ်စက်၍ တင်းမတိမ် အားမရနိုင်သောကြောင့် အကျိုး တရား ပျက်စီးရပုံအကြောင်းကို ဧကနိပါတ် သုဝဏ္ဏဟံသဇာတ်တော်ကို သာဓကအဖြစ် ကြည့်သင့် သည်။ သမီး သုံးယောက်နှင့် ဇနီးဖြစ်သူတို့ ဆင်းရဲသည်ကို ချီးမြောက်လို၍ ဘဝဟောင်းမှ ဖခင်ဖြစ်ဖူးသော ရွှေဟင်္သာငှက်က အိမ်သို့လာပြီး တစ်နေ့လျှင် ရွှေတောင် ရွှေခက် တစ်ရွက်စီ နေ့စဉ်မှန်မှန် ပေးနေပါလျက် တင်းမတိမ် အားမရနိုင်သော လောဘကြောင့် အမွေးအတောင် အားလုံးကို နုတ်ယူ ပစ်သည့်အတွက် ရွှေရောင်ကွယ်ပြီး ဗျိုင်းတောင်သဖွယ် ဖြစ်ကုန်ရသည်။ လောဘကြီးသော မိသားစုတို့လည်း ဆင်းရဲမြဲ ဆင်းရဲကုန်သည်။

ဤအကြောင်းကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ၌ အောက်ပါအတိုင်း ရေးဖွဲ့စပ်ဆိုထားလေသည်။

ရွှေဟင်္သာငှက်၊ တောင်တစ်ရွက်ဖြင့်

နှစ်သက်စိတ်က၊ ပေးသမျှကို

အားရမရှိ၊ ကဲလွန်ဘိလျက်

အတိ ဗလဝ၊ ကြီးလောဘနှင့်

အရသုတ်သုတ်၊ ဖြုတ်ဖြုတ်မကြွင်း

နင်း၍ကုန်အောင်၊ နတ်ယူဆောင်သော်

ရွှေရောင်ကွယ်လစ်၊ ဗျိုင်းတောင်ဖြစ်၏။

လောဘတရားဆိုး၏ အလိုပြည့်နိုင်ခဲပုံကို တိကနိပါတ်၊ မန္ဓာတုဇာတ်တော်ထဲမှ စကြာမင်းကြီး၏ ဖြစ်ရပ်ကို လည်း သာဓကအဖြစ် ကြည့်ရှုသင့်၏။ အထက်ပါသာဓကတို့ကို ထောက်၍ မြင်သမျှ တွေ့သမျှ လိုချင်သော သူများကို လူမိုက်ဟု ဆိုရခြင်းဖြစ် သည်။ ပုဂ္ဂလိကပိုင် ပစ္စည်း၊ အများပိုင် ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းများကို မတော်လောဘဖြင့် ရလိုသူများ၊ ယူဆောင်သူများကိုလည်း လူမိုက်စာရင်းတွင် သွင်းရမည်ဖြစ်ကြောင်း သဘော ပေါက်ကြရန် ဖြစ်ပေသည်။

တတိယလူမိုက်

တတိယလူမိုက်ကြီးမှာ စာသာတတ်ပြီး စာမရေးတတ်သော လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ ရာဇဝတ်မှု ကျူးလွန်၍ ဆိုခြင်း မဟုတ်၊ အကုသိုလ်အမှု ပြုလုပ်၍ ဆိုခြင်းမဟုတ်။ မိမိသိထား၊ တတ်ထား၊ လေ့လာသင်ကြားထားသော အတတ်ပညာများ၊ ဗဟုသုတများ၊ အတွေ့ အကြုံများကို သူတစ်ပါး နည်းယူနိုင်စေရန် ရေးသားမှု မပြုသောကြောင့် လူမိုက်ဟု တင်စား ခေါ်ဆိုခြင်း ဖြစ်သည်။ စာတွေ ဘယ် လောက်တတ်တတ် စာတစ်စောင် ပေတစ်ဖွဲ့ ကျမ်းစာတစ်အုပ်မျှ ရေးသားခြင်း မပြုခဲ့သော် ထိုသူ ကွယ်လွန် သည့်အခါ မည်သည့်ပညာ အမွေအနှစ်မျှ ကျန်ရစ်မည် မဟုတ်ပေ။ ယင်းကို ရည်ရွယ်၍ လူမိုက်ဟုဆိုထား ခြင်း ဖြစ်သည်။

စတုတ္ထလူမိုက်

စတုတ္ထလူမိုက်ကြီးမှာ မိမိရေးပြီးစာများကို အမှားအမှန် ပြန်လည်မစစ်ဆေးဘဲ ပြီးစလွယ်လုပ်တတ်သူ လူမိုက်ကြီး ဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ အလွန်သဘာဝကျလေသည်။ မိမိရေးသားသော ကဗျာ ကိုဖြစ်စေ၊ သီချင်းကို ဖြစ်စေ၊ ဆောင်းပါးကို ဖြစ်စေ၊ ဝတ္ထုကို ဖြစ်စေ၊ မှတ်တမ်း ကို ဖြစ်စေ၊ ဝေဖန်ချက် စသည်များကို ဖြစ်စေ စိစစ်ခြင်း၊ အမှားအမှန်ပြန်လည် သုံးသပ်ခြင်း၊ နှီးနှော တိုက်ဆိုင်ခြင်း မပြုဘဲ ဖြစ်ကတတ်ဆန်း ပေးပို့ လျှင်၊ ဖြန့်ဖြူးလျှင်၊ ထုတ်ဝေလျှင် နောင်တစ်ချိန် ပြဿနာ ထိပ်တိုက် တွေ့တတ် ပါသည်။ မိမိရေးသားသောစာ၌ သူတစ်ပါးကို ထိခိုက်နစ်နာစေမည့် အကြောင်းများပါနေလျှင်၊ နိုင်ငံရေး အရှုပ် အထွေးစာမျိုး ဖြစ်နေလျှင်၊ တိုင်းပြည်နှင့်လူမျိုး ဂုဏ်သရေ ညှိုးစေမည့်စာမျိုး ဖြစ်နေလျှင်၊ ဘာသာ – သာသနာကို ထိခိုက်စေမည့် စာမျိုးဖြစ်နေလျှင် ရေးသူ၌တာဝန်မကင်းပါ။ တာဝန်မကင်းရုံမျှမက လောက သံသရာ နှစ်ဖြာအကျိုး ထိခိုက်တတ် လေသည်။ သို့ဖြစ်၍ မိမိရေးပြီးစာများကို အကြိမ်ကြိမ်အခါခါ သေသေချာချာ တည်းဖြတ် စိစစ် သင့်ပေသည်။ ရေးပြီးစာများ မတည်းဖြတ်သော စာရေးဆရာမျိုးကို လူမိုက်ဟု ဆိုရတော့သည်။ လူမိုက်အခေါ် မခံချင်ပါက ရေးပြီးစာကို ပြန်လည်စိစစ် မှားမှန်သုံးသပ်ပါ။

ပဉ္စမလူမိုက်

ပဉ္စမလူမိုက်ကြီးမှာ ယောက္ခမကို ကပ်ရပ်မှီခို အချောင်နေလိုသော လူမိုက်ကြီး ဖြစ်သည်။ သူ့သမီးကို ယူထားပြီး ကိုယ်စွမ်းကိုယ်စ ဘာတစ်ခုမျှ အားမထုတ်ဘဲ ယောက္ခမအရိပ်ကို ခိုပြီး လက်ဝေခံ စားသောက် နေထိုင်သော သမက်မျိုးတွေ ဤလောက၌များစွာရှိတတ်သည်။ ယောက္ခ မျက်နှာ ကြည့်ရ၊ မိန်းမအငေါက်ခံရ၊ သူတစ်ပါး အထင်သေးခံရသူများ ဖြစ်၍ သမက်ဈေးကျသူများ ဖြစ်သည်။ ယောက္ခမ အိမ်မှာနေ၊ယောက္ခမ ကျွေးတာစား၊ ယောက္ခမ ပေးတာဝတ်၊ ယောက္ခမ ပြုသမျှ နုရသောသမက်များအဖို့ ရွှေသမက် မဟုတ်၊ ရွှံ့သမက်များသာ ဖြစ်လေသည်။ အစွမ်းအစ ကြံရည် ဉာဏ်ရည် သတ္တိ ဗျတ္တိ လူရေးလူရာ အညွန့်တုံးသူများ ဖြစ်၏။ ဤသမက်မျိုးကို လူမိုက်စာရင်းသွင်းရခြင်း ဖြစ်သည်။ သင်လည်း လူမိုက်စာရင်းတွင် မပါပါစေလင့်။

ဆဋ္ဌမလူမိုက်

ဆဋ္ဌမလူမိုက်ကြီးမှာ ဆွေမျိုးချင်း မတည့်အောင် ကုန်းတိုက်သော လူမိုက်ကြီးဖြစ်သည်။ တစ်ဦးနှင့် တစ်ဦး သင့်မျှသည်ကို မသင့်အောင် မတည့် အောင် ကုန်းတိုက်ခြင်းမှာ မလုပ်သင့် မလုပ်ထိုက်သောကိစ္စ ဖြစ်သည်။ လူမှန်လျှင် ဉာတကာနဉ္စသင်္ဂဟ မင်္ဂလာအရ ဆွေမျိုးသားချင်းတို့အား ထောက်ပံ့ကူညီရမြဲ ဖြစ်သည်။ စီးပွားရေးကို အကြောင်းပြု၍ဖြစ်စေ၊ အိမ်တွင်းရေးကို အကြောင်းပြု၍ဖြစ်စေ၊ သားရေး သမီးရေး ကို အကြောင်းပြု၍ ဖြစ်စေ စိတ်ရိုင်း စိတ်မိုက်ဝင်ပြီး ဆွေမျိုးသားချင်းတို့အား အချင်းချင်း မသင့်မျှ အောင် သွေးခွဲလျှင်၊ ကုန်းတိုက်လျှင် အလွန်မိုက်ရိုင်းရာကျသည်။ မင်္ဂလာတရားတော်ကို ပစ်ပယ်ရာရောက်သည်။ ထို့ကြောင့် ကုန်းတိုက်သူကို လူမိုက်ဟု ဆိုရသည်။

ရှေးအခါက ရာဇဂြိုလ်မြို့သား တစ်ဦးသည် အရပ်သားအချင်းချင်း မတည့်အောင်၊ မင်းမှုထမ်း အချင်းချင်း မတည့်အောင်၊ ပြည်သူနှင့်ရှင်ဘုရင် မတည့်အောင် ကုန်းတိုက်သောကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်း များစွာ ခံရပြီး ငရဲမှ လွတ်သော် ဂိဇ္ဈကုဋ်တောင်၌ အပ်အမွေးပေါက် ပြိတ္တာကြီး ဖြစ်ရကြောင်း ပါရာဇိကဏ် ကျမ်း၌ ဖတ်ရှုရသည်။

သတ္တမလူမိုက်

သတ္တမလူမိုက်ကြီးမှာ မိန်းမအနားမှ မခွာနိုင်သော လူမိုက်ကြီး ဖြစ်သည်။ ယောက်ျားမှန်လျှင် ကြီးပွားတိုး တက်အောင် ဆောင်ရွက်လုပ်ကိုင် ကြရမြဲ ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဇနီးမယားကို ခဏခေတ္တ ခွဲတန်ခွဲရမည်။ မခွဲနိုင်လျှင် လူမိုက်စာရင်း အသွင်းခံရမည်။ သားမယားကို မခွဲနိုင်၍ စီးပွားရေး လမ်းကောင်း နှင့် လွဲရသူများ၊ ပညာရေးလမ်းခရီး ပိတ်သွားကြသူများ၊ ရာထူးတိုးတက်မှုနှင့် ဝေးရသူများကို လူ့လောက၌ မကြာမကြာ တွေ့ရတတ်သည်။ ယင်းသို့ ဇနီးမယားအပါးမှ မခွာနိုင်၍ တက်လမ်းပိတ်နေသူများကို လူမိုက် ဟုဆိုရခြင်း ဖြစ်သည်။

အဋ္ဌမလူမိုက်

အဋ္ဌမမြောက်လူမိုက်မှာ သူများပြောသည်ကို အရမ်းလက်ခံ ယုံကြည်သော လူမိုက်မျိုး ဖြစ်သည်။ စဉ်းစား ဉာဏ်မရှိ၊ ဆင်ခြင်တွေးတောမှု မပြု၊ သူတစ်ပါးပြောသမျှ အဟုတ်မှတ်၍ လက်ခံယုံကြည်ပါက လူနုံလူအ လူငတုံးဟု ဆိုရပေလိမ့်မည်။ သူတစ်ပါးပြောသည်ကို ယုံကြည်မိ၍ ဒုက္ခတွေ့ရပုံ သာဓကကို အောက်ပါ အဖြစ်အပျက်များကို ရှု၍ သိသင့်ပေသည်။

ဧကနိပါတ် သိင်္ဂါလဇာတ်၌ ငွေ ၂၀၀ ပေးမည်၊ ငါ့ကို ကျောပိုး၍ ပို့ဆောင်ပါ ဟု မြေခွေး လှည့်ပတ်သော စကားကို ယုံမိ၍ ပုဏ္ဏားအို အရှက်ကွဲ ရဖူးသည်။

စတုတ္ထနိပါတ် ဒုဒ္ဒုဘဇာတ်၌ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပါပြီဟု ဟစ်အော်ပြေးသွားသော ယုန်တစ် ကောင်၏ စကားကို ယုံမိ၍ တောတွင်း ရှိ တိရစ္ဆာန်အများ ပြေးကြလွှားကြ ဒုက္ခရောက်ကြရဖူးသည်။

ဒီဃနိကာယ် သုတ်မဟာဝါ၌ ဝေဿကာရပုဏ္ဏား၏ ပြောဆိုသော စကားကို ယုံမိ၍ ဝေသာလီပြည်ကြီး ပျက်စီးခဲ့ရဖူးသည်။ ဤဖြစ်ရပ်၊ ဤသာဓက များကို ရှု၍ သူတစ်ပါး ပြောတိုင်း အရမ်းမယုံပါနှင့် ယုံလျှင် လူမိုက်ကြီး အခေါ်ခံရ ပေလိမ့်မည်။

ကင်းဝန်မင်းကြီး၏ကဗျာ

ဤဖော်ပြပါ လူမိုက်ကြီး ရှစ်ဦိးအကြောင်းကို ကင်းဝန်မင်းကြီးက အောက်ပါအတိုင်း ကဗျာရေး၍ ထားခဲ့လေသည်။

သူခိုက်ပွား၊ ဝင်စားတတ်တဲ့လူ။

မြင်တိုင်းလိုချင်လို့၊ စာသာသင် စာမရေးနိုင်နှင့်၊

စာရေးလျှင် ဖြတ်မတည်းတဲ့ပြင်၊

ကပ်ဆည်းသသူရကို၊ ယမ်းခဘိမူ။

မျိုးဆွေကိုပေး သုညနှင့်၊

မိန်းမကိုမခွာအားလို့၊

အများလက်ခံသူ၊ မှတ်ယူပ ရှစ်ဦး။

မှန်ဘိချေ၊ ပဏ္ဍိမဟူစေနှင့်၊

ဇမ္ဗူမြေ မြလျှံပိုင်းဖြင့်၊ ရိုင်းခေါင်းထိမှူး။

မာဂဓိ-သာစည်

၁၉၉၀၊ နိုဝင်ဘာလ၊ အမှတ် ၁၁။

(Credit to http://buddhafm.info)

ဒူဘိုင်းတွင် အပေါင်းအသင်းများနှင့် ပျော်ခဲ့သည့် စီရော်နယ်လ်ဒို

ဒူဘိုင်းတွင် အပေါင်းအသင်းများနှင့် ပျော်ခဲ့သည့် စီရော်နယ်လ်ဒို

အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံတွင် ခရစ္စတီယာနို ရော်နယ်လ်ဒိုတစ်ယောက် အပေါင်းအသင်းများနှင့် ပျော်ရွှင်စွာ အပမ်းဖြေလျက် ရှိနေသည်။ လှပချောမောသော ဇနီးလောင်း အီရီနာရှိတ်ခ်ကို နေအိမ်တွင် ချန်ထားခဲ့ပြီးနောက် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် ဒူဘိုင်းတွင် လင်းပိုင်များနှင့် ဆော့ကစား ပျော်မြူးလျက်ရှိသည်။



(ဒူဘိုင်းရောက် စီရော်နယ်လ်ဒို)

ရီးယဲလ်မက်ဒရစ် အသင်း၏ ပွဲစဉ်များ ရပ်နားထားစဉ်တွင် အသက် (၂၆)နှစ်ရှိ ရော်နယ်လ်ဒိုသည် အပေါင်းအသင်းများနှင့်အတူ ဒူဘိုင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းသည် ချစ်စရာကောင်းသည့် ရေနေ နို့တိုက်သတ္တ၀ါလေး တစ်ကောင်နှင့် တွဲ၍ ရိုက်ထားသော ဓာတ်ပုံကို အင်တာနက်တွင် လွှင့်တင်ခဲ့သေးသည်။

ရော်နယ်လ်ဒိုက “ဒီနေ့ လင်းပိုင်တွေနဲ့ ရေကူးဖြစ်တာ တကယ့် အတွေ့အကြုံကောင်းပါပဲ။ အရမ်း အံ့ဩဖို့ကောင်းတယ်။ သူတို့ဟာ လူတွေနဲ့ သိပ်အကျွမ်းဝင်လွယ်တာပဲ”ဟုလည်း ရေးသားခဲ့သေးသည်။



(စီရော်နယ်လ်ဒိုနှင့် အီရီနာရှိတ်ခ်)

ရော်နယ်လ်ဒိုသည် ဒူဘိုင်းတွင် ရှိနေစဉ် ဥာဏ်ရည်မမီသူများအား ပြုစုစောင့်ရှောက်ပေးနေသည့် ဂေဟာတစ်ခုသို့ သွားရောက်ကာ ပရိသတ်များအား သွားရောက်တွေ့ဆုံခဲ့သည်။ ထို့အပြင် ဘောလုံးများ၊ တီရှပ်များတွင်လည်း လက်မှတ်ထိုးပေးကာ ကလေးငယ်များနှင့် ရင်းရင်းနှီးနှီး ပြောဆိုအားပေးနေခဲ့သည်။ ၎င်းသည် အင်တာနက်မှတစ်ဆင့် ပရိသတ်များကို ခရစ္စမတ်နေ့ကလည်း ခရစ္စမတ် နှုတ်ခွန်းဆက်စာလွှာ ပေးပို့ခဲ့သေးကြောင်း သိရှိရသည်။

Source: DailyMail

အကယ်၍ ဆယ်စက္ကန့်အတွင်းသင် ( ♀ ) ဆိုတဲ့သင်္ကေတလေးကိုရှာတွေ့နိုင်ခဲ့ရင်သင့်သူငယ်ချင်းဆီ တဆင့်ပြန်ရှဲလိုက်ပါ ။

♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♀♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♀♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂♂
♂♂♂♂♂

ဘယ်လို မိန်းကလေးမျိုးလုပ်မလဲ?

ချောမောလှပတဲ့မိန်းကလေး... ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဘာလုပ် ဘာကိုင်ရမှန်းမသိဖြစ်စေတယ်။

ထက်မြက်တဲ့မိန်းကလေး....ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်လေးစားခြင်း (Self-respect) ဆုံးရှုံးစေတယ်။

ချွဲပျစ်လွန်းတဲ့မိန်းကလေး.... ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို သည်းခံစိတ် လျော့နည်းစေတယ်။

ညုတုဆွဲဆောင်တတ်တဲ့မိန်းကလေး.... ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို လုံခြုံစိတ်ချစိတ် ကင်းစေတယ်။

**********************************

စိတ်ထားဖြူစင်တဲ့မိန်းကလေး...... ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို ဂုဏ်ယူလိုစိတ်ရှိစေတယ်။

ကြင်နာတတ်တဲ့မိန်းကလေး...... ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို နွေးထွေးခံစားစေတယ်။

ခွင့်လွှတ်နားလည်တတ်တဲ့မိန်းကလေး..... ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို မိမိကိုယ်ကိုယ်ဆင်ခြင်စိတ်ပေးတယ်။

မာနကိုချိုးနှိမ့်တတ်တဲ့မိန်းကလေး..... ကိုယ့်ဘေးပတ်ဝန်းကျင်က ယောက်ျားလေးကို အားတုန့်အားနာဖြစ်စေတယ်။

အသိဉာဏ်ရှိတဲ့မိန်းကလေး.... စိတ်ထားဖြူအောင်ပျိုးထောင်ဖို့ နားလည်ပြီး နားလည်ခွင့်လွှတ်စိတ်နဲ့ မာနကင်းစိတ်ကိုတိုးမြှင့်တတ်တယ်။
.

ချစ်သူနှစ်ဦးနဲ့

GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့သူတို့ကတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့ အစပိုင်းတော့တားတာပေါ့
နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလားလို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်အဲဒါနဲ့နောက်လဲကျရောသူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့တွဲပြလိုက်တယ်အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကိုပြန်တောင်းပန်ပြီဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်

ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲသတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့
ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ် ခဲ့ပြီး ပြန်သွားတယ်လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးကမောမောနဲ့အိပ်ပျော်သွားတယ်အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်တယ် ကောင်မလေး ကနင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင်နင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတယ်အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်းမှာကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်းလျှောက်လာတယ် ကောင်လေးကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲသွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး ကောင်မလေးက တဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား တဲ့ ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့
နင်ကအိုကီဆပ်ပြာမှုန့်မှမသုံးတာကိုးတဲ့
ဟီးဟီးးးးးးးးးးးးးး

အများသုံးအိမ်သာထဲမှ ဇာတ်လမ်းတပုဒ်

အများသုံးအိမ်သာထဲတစ်ခုထဲဝင်ပြီး ကမုတ်ထဲဝင်ထိုင်ကာရှိသေးတယ် ဟိုဘက်အိမ်သာထဲက

" နေကောင်းလား " တဲ့ လှမ်းနှုတ်ဆက်တယ် ။

ဒီနေရာမျိုးမှာ အလာပ သလာပ စကားပြောရတာ စိတ်မသက်သာရှိလှသည် ။ ဒါပေမယ့် မကောင်းတတ်တော့ . . .

" နေကောင်းပါတယ် "

ဟုသာပြန်ပြောလိုက်သည် ။ ဘာပဲဖြစ်ဖြစ်လေ . . . .

ကိုယ့်ကိစ္စကိုယ်ဆက်ရှင်းမယ်ကြံ
ကာရှိသေး . . . . ဟိုဘက်ကထပ်မေးလာပြန်သည် ။

"ခင်ဗျားဘာတွေအလုပ်ရှုပ်နေလဲဗျ" တဲ့

ဘယ်လိုလဲဟ . . ဒီနေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းမျိုးကို ဘယ်လိုလုပ်ဖြေရမလဲ ။

"ခင်ဗျားလိုပဲပေါ့ဗျာ" လို့ပြန်ဖြေလိုက်ပါတယ် ။

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့စိတ်ကူးလိုက်တယ် ။ ဒါပေမယ့် နောက်မေးခွန်းတစ်ခုထပ်ထွက်လာပြန်သည် ။

"ကျွန်တော်လာခဲ့ရမလား" တဲ့

ဘာတွေမေးနေတာလဲဟ ။ စိတ်ထဲမှာတော်တော်လေးအံ့သြစိတ်ညစ်ဖြစ်သွားတယ် ။ ဒါပေမယ့် အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ်။

" မလုပ်ပါနဲ့ဗျာ ကျွန်တော်လဲဒီမှာအလုပ်ရှုပ်နေတယ်လို့ပေါ့ "

ဟိုဘက်ကလဲထပ်မေးလာပြန်တယ် ။

" စားပြီးပြီလားတဲ့ "

စိတ်ထဲမှာတော်တော်လေး ဘုသွားတယ် ။ ဘယ်လိုလူလဲရိုင်းလှချည်လားဆိုပြီး ပြန်ပြီးရန်တွေ့မယ်လုပ်တော့ . . . . . . . . . .
ဟိုဘက်ကအသံတစ်ခု ထပ်ပြန်ကြားလိုက်တယ် ။

" နောက်မှပဲပြန်ဆက်လိုက်မယ်နော် ။ သူငယ်ချင်းကို ကိုယ်မေးနေသမျှ ဟိုဘက်ခန်းက
ဘယ်က ငကြောင်လဲမသိဘူး ရူးကြောင်မူး ကြောင်နဲ့ ငါပြောသမျှလိုက်လိုက်ဖြေနေတာတဲ့လေ "

" ကောင်းရော "

နိုင်ငံတကာလေဆိပ်ပေါင်း (၃၈)ခုမှာ (၈)နှစ်ကြာ လိမ်လည်ငွေတောင်းယူနေပြီး အဖမ်းမခံရသေးသော ဗြိတိန်နိုင်ငံသား အန်ဒရူးဂရာဒွန်

နိုင်ငံတကာလေဆိပ်ပေါင်း (၃၈)ခုမှာ (၈)နှစ်ကြာ လိမ်လည်ငွေတောင်းယူနေပြီး အဖမ်းမခံရသေးသော ဗြိတိန်နိုင်ငံသား အန်ဒရူးဂရာဒွန်

ဗြိတိန်နိုင်ငံသား အန်ဒရူး ဂရာဒွန်ဆိုသူ လူလိမ်တစ်ဦးမှာ နိုင်ငံတစ်ကာလေဆိပ်ပေါင်း (၃၈)ခုတွင် လှည့်ပတ်ကာ လိမ်လည်ပြောကြား ငွေတောင်းယူမှုများ ပြုလုပ်နေခဲ့သည်မှာ ရှစ်နှစ်ကြာမြင့်ပြီဖြစ်ပြီး ယခုအချိန်ထိ တိမ်းရှောင်နေနိုင်ဆဲဖြစ်ကြောင်း အံ့သြဖွယ်ရာ သိရှိရသည်။

အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားပြီး စီးပွားရေးလုပ်ငန်းရှင် လူရည်လူမွန်တစ်ဦးပုံစံဖြင့် မစ္စတာဂရာဒွန်မှာ လေဆိပ်များတွင် လေယဉ်မမီလိုက်သောကြောင့် လေယဉ်လက်မှတ် ပြန်လုပ်ရန် ငွေမကျန်ရှိတော့သဖြင့် အိမ်ပြန်ဖို့ အခက်အခဲကြုံနေရသည့် အရေးတကြီးပုံစံဖြင့် ပြောကြားရှင်းပြကာ နောက်ဆုံး၌ အကူအညီတောင်းတတ်ပြီး ပြောဆိုခံရသူများမှာလည်း သူ၏ပုံစံ ပြောဟန်ဆိုဟန်နှင့် သူပေးသော အီးမေးလ်လိပ်စာ ဖုန်းနံပါတ်တို့ကို လက်ခံယုံကြည်ကာ ယူရို(၃၀)မှ (၅၀)အတွင်း ကျေကျေနပ်နပ် ကူညီခဲ့ကြသည်ချည်း ဖြစ်သည်။ အကူအညီပေးသူ အလိမ်ခံရသူများက ဂရာဒွန်အတွက် ဆုမွန်ကောင်းများပင် တောင်းပေးသွားကြသည်။

အမှန်စင်စစ်အားဖြင့် အသက်(၃၇)နှစ်အရွယ် အဆိုပါဂရာဒွန်ဆိုသူမှာ လူလိမ်တစ်ဦးသာဖြစ်ပြီး အိမ်ပြန်ဖို့လည်း အခက်အခဲကြီးကြုံနေရသူ မဟုတ်ကြောင်း အလိမ်ခံရသူ ခရီးသည်တို့မှာ မရိပ်မိ မသိရှိကြပေ။ အန်ဒရူးဂရာဒွန်ဆိုသည်မှာလည်း သူ့အမည်မှန် ဟုတ်ဟန်မတူချေ။

ဤကဲ့သို့ ဇာတ်လမ်းတစ်မျိုးတည်းပြောကြား ငွေတောင်းယူခြင်းမျိုးကို ဤပုဂ္ဂိုလ် ပြုလုပ်လာသည်မှာ (၈)နှစ်ကြာခဲ့ပြီဖြစ်ပြီး နိုင်ငံပေါင်း(၃၈)ခုတွင် လှည့်ပတ်လိမ်လည်ခဲ့ခြင်းဖြစ်ရာ အလိမ်ခံရသူပေါင်းလည်း မနည်းတော့ပေ။ ထိုသို့လိမ်လည်ခြင်းဖြင့် ဂရာဒွန်ဆိုသော လူလိမ်မှာ တစ်လလျှင် ပေါင်(၁၅၀၀၀)ခန့် ၀င်ငွေရရှိနေခဲ့သည်။

ဥရောပတစ်လွှား အင်တာပိုပုလိပ်များက တစ်နံတစ်လျား စုံစမ်းမှုများ ပြုလုပ်ကြသော်လည်း ဆယ်စုနှစ်တစ်ခုစာမျှ ကြာမြင့်ခဲ့သည့် ယခုအချိန်ထိ သိရှိဖမ်းမိခြင်း မရှိသေးသည်မှာ အံ့သြဖွယ်ရာ ဖြစ်သည်။ ရဲများမှာ ပုံဖမ်းခန့်မှန်းကာ ရေးဆွဲထားသည့် ပန်းချီဆရာ၏ လက်ရာဖြင့် လိုက်နေခဲ့ရပြီး မည်သူတစ်ဦးမျှလည်း ဂရာဒွန်ကို ဓါတ်ပုံရိုက်ယူခဲ့ခြင်းမျိုး ယခင်က မရှိခဲ့ကြပေ။

သို့သော် လွန်ခဲ့သောနှစ်ပတ်က တော်မီဖော့ဆဲလ်ဆိုသူ ဆွီဒင်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အလိမ်ခံခဲ့ရရာတွင် ဓါတ်ပုံရိုက်ယူ ထားမိလိုက်သဖြင့် ရဲဋ္ဌာနများအတွက် လူလိမ်အား ဖမ်းမိရန် အလားအလာ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။



စတော့ဟုမ်းမှ ဂရပ်ဖစ်ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိဖြစ်သူ ဖော့ဆဲလ်(၅၇နှစ်)က "ဖရန့်ဖွတ်လေဆိပ်မှာပါ။ သူရောက်လာပြီးတော့ လေယဉ်နောက်ကျ လွဲခဲ့ရပြီဖြစ်လို့ လက်မှတ်ဘွတ်ကင်ပြန်လုပ်ဖို့ (၃၄)ယူရိုလိုနေတယ်လို့ ကျွန်တော့်ဆီမှာ အကူအညီ တောင်းလာပါတယ်။ ဘဏ်ကလည်း ပိတ်နေလို့ သူ့မိန်းမစောင့်နေတဲ့ နယူးကာဆယ်ကို သူပြန်ရမှာ အခက်အခဲရှိနေတဲ့အကြောင်း ပြောပြပါတယ်။ ချေးတဲ့ငွေကိုလည်း ပြန်ပို့ပေးမယ့်အကြောင်း ပြောပြီး ကျွန်တော့်ဆီက လိပ်စာတွေတောင်းပါတယ်။ နယူးကာဆယ်မှာ ကျွန်တော်တို့ကုမ္ပဏီနဲ့ လုပ်နေတဲ့သူတွေ ရှိနေတော့ ကျွန်တော်ကလည်း လိုလိုချင်ချင်နဲ့ ကူညီခဲ့ပါတယ်။ ယူရို(၄၀) ပေးလိုက်ပြီးတော့ လိုလိုမယ်မယ်လို့ ကျွန်တော်က သူ့ပါ့စ်ပို့တ်မိတ္တူကို တောင်းထားလိုက်ပါတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်ပြီးတော့ အိမ်ကို ချောချောမောမော ပြန်ရောက်ပါစေလို့တောင် ဆုတောင်းပေးခဲ့ပါတယ်"ဟု ပြောပြသွားခဲ့သည်။

ဖော့ဆဲလ်မှာ အိမ်ပြန်ရောက်ပြီး အင်တာနက်မှ ဂရာဒွန်ဆိုသော အမည်နှင့်လိပ်စာကို ရှာဖွေကြည့်မိရာတွင် အလိမ်ခံရကြောင်း သိရှိလိုက်ရသည်။ သို့သော် ဓါတ်ပုံမှာမူ လိမ်လည်ခဲ့သူနှင့် အတော်ဆင်တူကြောင်း မစ္စတာဖော့ဆဲလ်က ဆက်လက်ပြောကြားခဲ့ပြီး အခြားလူများ အလိမ်မခံရအောင်နှင့် ဖမ်းဆီးနိုင်အောင် ဓါတ်ပုံနှင့်တကွ သတင်းပေးခဲ့ခြင်း ဖြစ်သည်။

ဖရန့်ဖွတ်၊ ဟမ်းဘတ်၊ ပရပ်ဂ်၊ ကိုလုံး၊ ဟန်နိုဗာ၊ ဘရီမင်၊ လိုင်ယွန်၊ စစ္စလီနှင့် ဘာစီလိုနာ လေဆိပ်တို့တွင် ပြီးခဲ့သောနှစ်က အလားတူလိမ်လည်မှုများ ဂရာဒွန် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ခရီးဆောင်အိတ်ဖြင့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး အမျိုးသားကြီးများကို ဂရာဒွန်က ပစ်မှတ်ထား လိမ်လည်ခြင်းဖြစ်သည်။

နိုက်စ်လေဆိပ်တွင် အလိမ်ခံခဲ့ရသူ ရောဘတ်ဝီလျှံဆိုသူကလည်း ဒေးလီးမေးလ်သတင်းသို့ အလားတူဇာတ်လမ်းကို ပြောပြသွားခဲ့သည်။ အီးမေးလ်နှင့် ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်ခဲ့ရာမှာ အလိမ်ခံရကြောင်း သိရှိခဲ့ရခြင်းဟု ရှင်းပြခဲ့သည်။

ဂရာဒွန်ပေးခဲ့သော Sacriston, County Durhamမှ လိပ်စာမှ လက်ရှိအိမ်ရှင်မှာ ငွေပြန်တောင်းသည့် စာများရာချီ၍ စုပုံလက်ခံရရှိထားပြီး၊ စုံစမ်းမှုများအရ ဂရာဒွန်မှာ ဂျာမဏီတွင် ရှိနေမည်ဟု ခန့်မှန်းရပြီး ချက်ပြုတ်သင်တန်း တက်ထားသော်လည်း သမ္မာအာဇီဝ အသက်မမွေးဘဲ လိမ်လည်လိုက်ပုန်းလျှိုးနေလိုက်ဖြင့် လှုပ်ရှားနေသူဟု သိရှိထားကြပြီဖြစ်သည်။

မနှစ်က အင်တာနက်ဖိုရမ်တစ်ခုမှ မိနစ်(၂၀)အတွင်းမှာပင် ယူရို(၂၀၀)ခန့် လိမ်၍ရှာနိုင်သည်ဟု ကြွေးကြော်ပြောကြားခဲ့သူမှာ ဂရာဒွန်ဟု ယူဆရကြောင်း စုံစမ်းမှုပြုလုပ်နေသူတစ်ဦးက ပြောပြခဲ့ပြီး ယခုအခါ ဓါတ်ပုံကိုလည်း အင်တာပိုရဲတို့က ရရှိထားပြီးဖြစ်ရာ မကြာမီအချိန်တွင် ဖမ်းဆီးရမိနိုင်ကြောင်း သတင်းများက ခန့်မှန်းနေကြသည်။

ပက်ထရစ်ရှာ နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

e4384

ခရစမတ်နှင့် နယူးရီးယား အချိန်ကာလသို့ ရောက်ရှိခဲ့ပေပြီ။ ဆောင်းရာသီ၏ အေးမြမှုတို့နှင့်အတူ ပျော်ရွှင်ဖွယ်အချိန်အခါ၊ အားလပ်ရက် အချိန်အခါ၊ ပွဲလမ်းသဘင်များပြားသည့် အချိန်အခါ ဖြစ်သောကြောင့် စိတ်နှလုံး အေးချမ်းသာယာမှုတို့နှင့် ပြည့်နေသည့် အချိန်အခါလည်း ဖြစ်ပေမည်။ ယခုတစ်ပတ် ဖက်ရှင်ကဏ္ဍအတွက် လည်း ဆယ်ကျော်သက် မော်ဒယ်လ်ပက်ထရစ်ရှာက ဆောင်းရာသီ ဖက်ရှင်စိတ်ကူးများကို Junction မော်တင်၏ခ ရစ္စမတ်အပြင်အဆင်များ နောက်ခံထား၍ ပါဝင်ပေးခဲ့သည်။

“ပက်ထရစ်ရှာ ဒီကဏ္ဍအတွက် ဆောင်းရာသီဖက်ရှင်လေးနဲ့ ပါဝင်ဖြစ်ပါတယ်။ အဖြူနဲ့အနီရောထားတဲ့ အနွေးထည်ဒီဇိုင်းလေးက ဆောင်းရာသီနဲ့ လိုက်ဖက်သလို ခရစ္စမတ်အချိန်နဲ့လည်း လိုက်တယ်လေ။ ဒါကြောင့် ဒီဂါဝန်အတိုလေးကို ရွေးပြီးဝတ်ဖြစ်တာပါ။ ဂါဝန် အတိုလေးရဲ့ဒီဇိုင်းကို ဆန်းသွားအောင် ခြေသလုံးထိရှိတဲ့ ခြေအိတ် အမည်းလေး ၀တ်ဖြစ်ပါတယ်။ ဖိနပ်ကတော့ အသားရောင်ရှူးဖိနပ် အမြင့်လေးစီးထားပါတယ်။ ဒီဝတ်စုံဒီဇိုင်းလေးက ကိုရီးယား ကောင်မလေးတွေဝတ်တဲ့ ဆောင်းရာသီဖက်ရှင်ဒီဇိုင်းလေးပါ။ အခုရန်ကုန်မှာလည်း နည်းနည်းအေးနေတဲ့အချိန်ဆိုတော့ ဒီဖက်ရှင်လေး ရွေးဖြစ်သွားတာ။ ဒီဝတ်စုံလေးအတွက် မိတ်ကပ်ကို ပန်းရောင်များများလေးပဲ ပြင်ထားပြီး ဆံပင်ကို အခွေအလိပ်လေးတွေ ချထားပါတယ်။ accessories တွေတော့ဘာမှ အထွေအထူးဝတ်မထားပါဘူး။ သူ့ဝတ်စုံဒီဇိုင်း ကိုက ခပ်ရှုပ်ရှုပ်လေးဖြစ်နေတဲ့အတွက် accessories တွေဝတ်စရာမလိုဘူးလို့ ထင်တယ်လေ။

ဒုတိယ၀တ်စုံလေးကလည်း ဆောင်းရာသီ ဖက်ရှင်ဒီဇိုင်းလေးပါပဲ။ အမည်းရောင် ကြိုးတစ်လုံးအင်္ကျီပေါ်က ခဲရောင်ပြောက်ကျား အနွေးထည်လေး ထပ်ဝတ်ထားပါတယ်။ အနွေးထည်လေးရဲ့လည်ပင်းမှာက မွှေးပွလေးတွေ ထည့်ထားတာကြောင့် ဖက်ရှင်ပိုကျသွားတယ်လေ။ အောက်က စကပ်ကတော့ ခဲရောင်အထပ်ထပ်လေးတွေပါတဲ့ စကပ်တိုလေး ၀တ်ဖြစ်ပါတယ်။ ခြေအိတ်အဖြူအတိုလေး ၀တ်ထားပြီး ခဲရောင် လည်သာရှူးဖိနပ် အရှည်လေးစီးထားပါတယ်။ ဒီဝတ်စုံဖက်ရှင်က ဂျပန် မှာ ခေတ်စားတဲ့ ဖက်ရှင်ပုံစံမျိုးလေးပါ။ ပက်ထရစ်ရှာက ဂျပန်က ဖက်ရှင်ဒီဇိုင်းလေးတွေ အရမ်းသဘောကျတော့ အမြဲကြည့်ဖြစ်တယ်။ ဒါကြောင့် ဒီဖက်ရှင်ဒီဇိုင်းမျိုးလေး ရွေးဝတ်ဖြစ်တာပါ။ ဒီဝတ်စုံ အတွက် မိတ်ကပ်ကိုတော့ ပန်းရောင်များများလေးပဲ လိမ်းထားပြီး ဆံပင်ကိုတော့ပုံစံပြောင်း သွားအောင်ခေါက်ပြီး နှစ်ဖက်ခွဲစီးထားပါတယ်” ဟု ပက်ထရစ်ရှာက ရှင်းပြခဲ့သည်။

ပက်ထရစ်ရှာက ဖက်ရှင်စိတ်ကူးများနှင့် ပတ်သက်၍လည်း “ပက်ထရစ်ရှာကဖက်ရှင်ကို အရမ်းဝါသနာပါတယ်။ ငယ်ငယ်ကတည်းကလည်း ဖက်ရှင်နဲ့ပတ်သက်တဲ့ ကက်တလောက် တွေ၊ channel တွေကြည့်ဖြစ်တယ်။ အထူးသဖြင့်တော့ ဂျပန်ဖက်ရှင်ဒီဇိုင်းတွေကို အရမ်းကြိုက်တယ်။ အခု မော်ဒယ်လ်လုပ်ဖြစ်တော့လည်း ကိုယ်ဝတ်မယ့် ဖက်ရှင်ဒီဇိုင်းကို ကိုယ့်ဘာသာပဲ ရွေးချယ်ဖြစ်တာ များပါတယ်။ လောလောဆယ်က ကျောင်းတက်နေတုန်းပဲဆိုတော့ ကြော်ငြာတွေပဲ လက်ခံရိုက်ကူးဖြစ်မှာပါ။ ဇာတ်ကားရိုက်ဖို့တော့ လက်မခံဖြစ်သေးပါဘူး။ ကြော်ငြာတွေအတွက် ဖက်ရှင်ကိုလည်း ကိုယ်တိုင်ပဲ ရွေးချယ်ဖြစ်ပါတယ်”ဟု ဆက်လက်ပြောပြ သွားခဲ့သည်။

Target ကြော်ငြာတွင် သရုပ်ဆောင်နေတိုးနှင့် အတူတွဲဖက် သရုပ်ဆောင်ထားပြီး Follow me ၊ Doaru မိတ်ကပ်စသည့် ကြော်ငြာများ ရိုက်ကူးထားသည့် ဆယ်ကျော်သက် မော်ဒယ်လ် ပက်ထရစ်ရှာ ရွေးချယ်ပေးခဲ့သည့် စိတ်ကြိုက်ဖက်ရှင်ကို ယခုတစ်ပတ်အတွက် တင်ပြပေးရင်း နောက်တစ်ပတ်၏ ဖက်ရှင်ကဏ္ဍကို စောင့်မျှော်ပါဟု . . .

အသည်းနာတယ်ဟဲ့နော်

သူ့လူနာဆီကို၊ ကုသခကြွေးသွားတောင်းရာက စိတ်ဆိုးမာန်းဆိုးနဲ့ ပြန်ရောက်လာတဲ့ သွားဆရာဝန်ကို သူ့မိန်းမက ဆီးကြိုရင်း မေးလိုက်ပါတယ်။
“ဘာဖြစ်လာတာလဲ၊ ရှင့်ကြွေးရမလာဘူးမို့လား”
“မရခဲ့ဘူးကွ၊ ဒါထက်ပိုဆိုးတာက ငါစိုက်ပေးလိုက်တဲ့ သွားတွေနဲ့ ငါ့ကို ပြန်အံကြိတ်ပြလိုက်သေးတယ်ဟေ့”

မှန်သလားလို့ပါ

သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့်
ပြောသည်။
“ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
“ဖေဖေ ပြောတာမှန် မ မှန်သိချင်လို့ပါ။မေမေ၊ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`
တဲ့။

လယ်သမားနဲ့ ဂြိုဟ်သား..

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။
ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။
ဘာသာစကားချင်း မတူတော့ ခြေလက် အမူအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။

ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။

ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ
လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက
ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို “ရှင်မရေ.. ဒီနေ့လယ်ထဲမှာ
လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့ ပြောလိုက်တယ်။

သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။
သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့ ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်”

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး ” ကြောက်စရာကောင်းတဲ့
လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့
သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက လူအယောက်
၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ပြောလိုက်တော့ သူက
သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး လစ်တော့တာပဲ”...
သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာ...ဒိန်

အညွန်း - သက်နှင်း

အချစ်ဆုံး သိစေ

ရန်ကုန်ပေါက်ကွဲမှုမှာ အက်ဆစ်ကန်နှင့် ယမ်းစိမ်းများကြောင့်ဟုဆို

ရန်ကုန်တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပေါက်ကွဲမှု၏ အဓိက အကြောင်းအရင်းမှာ ဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ နေရာတွင်ရောက်ရှိနေသည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။



(ပေါက်ကွဲမှုမဖြစ်ခင် သွားရောက်မီးငြှိမ်းသတ်ခဲ့သည့် တာမွေမြို့နယ်မှ မီးသတ်ယာဉ် ပျက်စီးလောင်ကျွမ်းနေမှုအားတွေ့ရစဉ်)

ပေါက်ကွဲမှူကြောင့် အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျမီးသတ်ဝန်ထမ်း ၅ ဦးပွဲခြင်းပြီး သေဆုံးခဲ့ပြီး သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊ တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက်၊ တပ်ကြပ်ပြည်ဇော်ထွေးနှင့် တပ်ကြပ်တင်စိုးတို့ဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။



(ရန်ကုန်တစ်မြို့လုံးတုန်ဟီးအောင် ပေါက်ကွဲခဲ့သည့် အက်ဆစ်ကန်နေရာကို တွေ့ရစဉ်၊

ပေါက်ကွဲမှုကြောင့် မြေတွင်းကြီးမှာ ၁၀ ပေခန့်အနက်ရှိသည်။ ထိုကျင်းအနီးတစ်ဝိုက်ရှိ(ပေ ၅၀၀ခန့်အတွင်းရှိ)

အဆောက်အအုံအားလုံးနီးပါးမှာလည်း မုန်တိုင်းတိုက်ခတ်ခံရသည့်အလား ပြိုကျပျက်စီးနေသည်ကိုတွေ့ရသည်)


၇ နာရီ ၄၈ မိနစ်

မီးသတ်ဦးစီးဌာနမှ နောက်ဆုံးရရှိသော သတင်းများအရ သေဆုံးသူအားလုံးမှာ ၁၇ဦး ရှိသွားပြီဖြစ်ပြီး ထိုအထဲတွင် မီးသတ်တပ်ဖွဲ့ဝင် ၅ဦးပါဝင်ပြီး ယင်းတို့မှာ တာမွေမီးသတ်မှဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ အတည်ပြုပြောကြားသည်။ “တာမွေမီးသတ်က အနီးဆုံးဆိုတော့ အစောကြီးရောက်ပြီး အနီးကပ်ကပ်ချတဲ့အခါမှာ အထိများသွားတာပါ”ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုအခါ မီးလောင်မှု့မှာ နံနက် ၆နာရီ ၅မိနစ်တွင် လုံးဝငြိမ်းသတ်သွားပြီ ဖြစ်သည်။



(မီးလောင်ပေါက်ကွဲခဲ့သော အက်ဆစ်ကန် ဘေးမှ မီးကြွင်းမီးကျန်များကို ငြိမ်သတ်နေစဉ်)

မီးလောင်မှု့ကြောင့် ဂိုထောင်၆လုံး၊ စက်ရုံများနှင့် အနီးကပ်ဆုံးရပ်ကွက်ဖြစ်သော ကူးတို့ဆိပ်ရပ်ကွက်မှ နေအိမ် ၇၆လုံး၊ အာရုဏ်ဦးရပ်ကွက်မှ နေအိမ် ၁၈လုံး၊ အလုပ်သမားတန်းလျား၂ခု၊ ဘုန်းကြီးကျောင်း၂ကျောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဖြိုးစေတနာဆေးခန်း၊ ဓမ္မာရုံတစ်ခုတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။ နောက်ဆုံး စာရင်းအရ ဒဏ်ရာရရှိသူ ကျား( ၆၂ )ဦး၊ မ( ၁၆)ဦး ရှိပြီး သေဆုံးသူဦးရေ ကျား( ၁၂) ဦး မ (၅)ဦးနှင့် မီးသတ်ဌာနမှ ၅ ဦးအပါအ၀င်စုစုပေါင်း ၂၂ ရှိပြီဖြစ်သည်။ ယနေ့နံနက်အစောပိုင်းတွင် လောင်ကျွမ်းခဲ့သော မီးကြောင့် မီးငြှိမ်းသတ်ရန်ကြိုးစားရင်း ကျဆုံးခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များကို ယနေ့(ဒီဇင်ဘာ ၂၉)ညနေတွင် ရေဝေးသုသာန်၌ ဂုဏ်ပြုအခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။



(မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ)

မီးလောင်မှုအပြီး စုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုဖြစ်ပွားရခြင်းမှာ သိုလှောင်ပစ္စည်းများ အပူလွန်ကဲခြင်းကြောင့် ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာန်ရှိသူတစ်ဦးကပြောသည်။ “လုံခြုံရေး မီးတစ်လုံးပဲရှိတဲ့နေရာက ၀ါယာရှောခ်မဖြစ်နိုင်ပါဘူး။ ဝါယာရှော့ခ်ဆိုရင် ဖြူးပြတ်ရမယ်။ ကျွန်တော်တို့စစ်ဆေးတွေ့ရှိမှုအရ ဝါယာရှော့ခ်လုံးဝ မဟုတ်ပါဘူး”ဟု မင်္ဂလာတောင်ညွန့် လျှပ်စစ် (၂)မှ လက်ထောက်အင်ဂျင်နီယာ ဦးတင်ထွန်းက သုံးသပ်သည်။ နောက်ဆုံးရရှိသော သတင်းအရ အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရသည်။ နေအိမ်များ ပျက်စီးဆုံးရှုံးရခြင်းမှာ မီးလောင်မှုကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှုကြောင့်ပျက်စီးဆုံးရှုံးခြင်းဖြစ်ကြောင်းသိရသည်။

Credit: 7Day News Journal

မြန်မာမိန်းကလေးများအွန်လိုင်းပေါ်တွင်ဈေးညှိခြင်း

မြန်မာမိန်းကလေးများအွန်လိုင်းပေါ်တွင်ပျက်စီးမှုတော်တော်စလာပါတယ်ဖုန်းနံပါတ်များပေးခြင်းaddressများပေးခြင်း

မြန်မာမိန်းကလေးဈေးခေါ်ဆိုမှုဖုန်းနံပါတ်များမှ0949570702နာမည်ယွန်းယွန်းနေရပ်ရန်ကုန်နောက်မိန်းကလေးတစ်

ယောက်မှာဆုသက်မွန်ဖုန်းနံပါတ်092017208နေရပ်မြင်းခြံမှဖြစ်ပါတယ်အဆိုးဝါးဆုံးမှာယောကျာင်္းသားများကိုမြူဆွယ်

ခြင်းဖြစ်ပါတယ်အဆိုပါဖုန်းများမှာသူမတို့ဖုန်းနံပါတ်များဖြစ်ပါတယ်နာမည်လည်းအမှန်များဖြစ်ကြောင်း
copy by (friendsmyanmar.org/)

သမ္မတ အိုဘားမားထံသို့ စော်ကား ခြိမ်းခြောက်သော အီးမေးလ်ပို့သဖြင့် အမေရိကန်သို့ ပြည်ဝင်ခွင့် ထာဝရ ပိတ်ပင် ခံလိုက်ရသည့် ဗြိတိန် ကျောင်းသူလေး။

ဗြိတိသျှ ဆယ်ကျော်သက် မိန်းခလေးတစ်ဦးအား အမေရိကန် သမ္မတ ဘာရက်အိုဘားမားထံသို့ စော်ကားရိုင်းပျသည့် အီးမေးလ်ပို့မှုကြောင့် အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် တစ်သက်စာ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

အသက်(၁၇)နှစ်အရွယ် လုခ်အိန်ဂျယ်လ်ဆိုသူ အင်္ဂလိပ်မလေးမှာ သောက်စားမူးယစ်နေစဉ် စက်တင်ဘာ(၁၁)ရက် ယူအက်စ်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှု အစီအစဉ်အား ကြည့်ရှုခဲ့ပြီးနောက် မစ္စတာ အိုဘားမားဆီသို့ "p***k"ဟူသည့် စော်ကားဆဲရေးသည့် စကားလုံးသုံးစွဲပြီး အီးမေးလ်ပို့ခဲ့ခြင်း ဖြစ်သည်။

အတ္တလန္တိတ် ကမ်းနှစ်ဖက်စလုံးမှ ပုလိပ်များက အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့သော အဆိုပါစာနှင့် ပတ်သက်ပြီး အိန်ဂျယ်လ်မိသားစုကို စုံစမ်းမှုများ ပြုလုပ်ခဲ့ကာ အက်ဖ်ဘီအိုင်က ယူကေရှိ ရဲဋ္ဌာနကို အကြောင်းကြားဆက်သွယ်ပြီး ဗြိတိသျှရဲများက မစ္စတာအိန်ဂျယ်လ်အား ဘက်ဖို့ဒ်ရှိုင်းယား၊ ဆီလ်ဆိုးရှိ နေအိမ်တွင် သွားရောက်မေးမြန်း စစ်ဆေးခဲ့ကြသည်။

မစ္စတာအိန်ဂျယ်လ်၏ သမီးဖြစ်သူ ကောလိပ်ကျောင်းသူလေးမှာ အဆိုပါအီးမေးလ်ကြောင့် အမေရိကန်သို့ လည်ပတ်သွားရောက်ခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်သည်။


လုခ်အိန်ဂျယ်လ်

Bedfordshire On Sunday သတင်းစာသို့ ဆယ်ကျော်သက်ကျောင်းသူက စက်တင်ဘာ(၁၁)ရက် ဗုံးခွဲတိုက်ခိုက်မှု တီဗီအစီအစဉ်အား ကြည့်ရှုခဲ့ပြီးနောက် အီးမေးလ်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယူအက်စ်သို့ လည်ပတ်သွားရောက်ခွင့် ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် လုခ်က "ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မရဲ့ မိဘတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်မကောင်းတော့ ဖြစ်ကြတာပေါ့။ ပုလိပ်တွေက ကျွန်မကို ဓါတ်ပုံတွေ ရိုက်ယူပြီးတော့ အမေရိကန်က ပြည်ဝင်ခွင့် ကျွန်မကို ထာဝရပိတ်ပင်လိုက်ကြောင်း ပြောခဲ့ကြပါတယ်"ဟု ပြောကြားသွားခဲ့သည်။

ဘက်ဖို့ဒ်ရှိုင်းယား ရဲဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူက "အိမ်ဖြူတော်သို့ တစ်စုံတစ်ဦးက ပုဂ္ဂိုလ်ရေးအရ သမ္မတကို စော်ကားခြိမ်းခြောက်တဲ့ အီးမေးလ်တစ်ခု ပို့ခဲ့ကြောင်းကို ကျွန်တော်တို့ဆီသို့ မက်ထရိုပိုလီတန်ရဲဋ္ဌာနက အကြောင်းကြားခဲ့လို့ သူ့ကိုသွားတွေ့ခဲ့တော့ သူပဲဟုတ်တယ်လို့ ၀န်ခံပြောခဲ့ပါတယ်"ဟု Daily Mail သို့ ပြောပြခဲ့သည်။ ရာဇ၀တ်မှု ပြစ်မှုကြောင်းအရမူ အရေးယူမည်မဟုတ်ကြောင်း သိရှိရသည်။


နာဆာနှင့် ပင်တဂွန် ကွန်ပျူတာများကို ဟတ်ခ်လုပ်ခဲ့ခြင်းကြောင့်
ထောင်ဒါဏ်နှစ်ပေါင်းများစွာ ကျခံရန် အမှုရင်ဆိုင်နေရသည့်
ဂယ်ရီမက်ကင်နွန် (၄၃နှစ်)။

ယခုဖြစ်ရပ်မှာ လန်ဒန်မြောက်ပိုင်းရှိ နေအိမ်မှနေ၍ ကွန်ပျူတာဟက်ကာ ဂယ်ရီမက်ကင်နွန်က NASA နှင့် Pentagon ကွန်ပျူတာများသို့ နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရာဇ၀တ်မှုအရ ယူအက်စ်အေရှိ အကျဉ်းထောင်တစ်ခုတွင် ဆယ်စုနှစ်များစွာ ပြစ်ဒါဏ်ကျခံရန် အမှုရင်ဆိုင်နေရသော ဖြစ်ရပ်ပြီးနောက် တစ်နှစ်အကြာ ဖြစ်ပေါ်ခဲ့သော ဗြိတိန်နှင့် အမေရိကန်အကြား ပြဿနာဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

အမေရိကနှင့် ဥရောပယူနီယံ နိုင်ငံများမှာ ဥပဒေများအရ ဗြိတိန်နိုင်ငံသား ပြစ်မှုကျူးလွန်သူများအား ယူကေမှ စီရင်ချက်ချစရာ မလိုဘဲ နိုင်ငံရပ်ခြားတွင် အမှုရင်ဆိုင်ရန် ပို့ဆောင်ခွင့်ရှိကြောင်း သိရှိရသည်။
တရားရေးအဖွဲ့တစ်ခုက ဗြိတိန်နိုင်ငံသားများအနေဖြင့် မတရားသဖြင့် အရေးယူခံနေရသလားဟူသည်ကို ယခုအခါ ပြစ်မှုကျူးလွန်မှု အက်ဥပဒေနှင့် ဥရောပဆိုင်ရာ ဖမ်းဆီးအမိန့်ထုတ်ခြင်းများအား စစ်ဆေးစုံစမ်းမှုများ ပြုလုပ်သွားရန် စီစဉ်နေကြသည်။ သူတို့က အက်ဥပဒေပါ အချက်များအရ အမေရိကန်များကဲ့သို့ ဗြိတိန်နိုင်ငံသားများ တရားဝင်ကာကွယ်ခွင့် မရရှိထားကြောင်း အငြင်းပွားဖွယ်ရာ တွေ့ရှိနေရကြောင်း ပြောကြားနေကြသည်။

ယခုဖြစ်ရပ်နှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ လွတ်လပ်စွာပြောဆိုခွင့်၊ စကားလွတ်လပ်ခွင့်နှင့် ဆန့်ကျင်ဖက်ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေကြသည်။

အဲဒီကောင် နာနာရိုက်

တစ်ခါက ရွာတစ်ရွာမှာ ကိုလှနဲ့ မမြဆိုတဲ့ လင်မယားနှစ်ယောက်ရှိသတဲ့။ သူတို့မှာ ကိုကိုနဲ့ ညီညီ ဆိုတဲ့ အမွှာ သားနှစ်ယောက်လည်း ရှိတယ်။
တစ်နေ့ မိသားစု ထမင်းစားနေတုန်း - မမြက
“သြော် - ကိုလှ ရှင့်ကို ပြစရာတစ်ခု ရှိတယ်။”
ကိုလှက “အေး ပြလေကွာ ကြည့်ရအောင်” ဟုဆို၏။
မမြက “အခု ကလေးတွေရှိနေတယ်။ ညကျမှပဲ ပြတော့မယ်။” ဟုဆိုကာ ပန်းကန်တွေ သိမ်းဆည်းပြီး ထသွားလေသည်။
ညရောက်တော့ ကလေးတွေ အိပ်လောက်တဲ့အချိန် ကိုလှက “မမြ နင် နေ့လည်က ပြမယ်ဆိုတာ ဘာလဲ” ဟု မေး၏၊
မမြက “အော် အင်း ပြမယ်” ဟု ဆိုရုံရှိသေး မအိပ်သေးသော ညီညီက သိချင်ဇောနှင့် ထကြည့်သည်။
မမြက ဒေါပွပြီး “ကိုကိုတောင် အိပ်နေပြီ ညီညီ မအိပ်သေးဘူးလား” ဟု ဆိုကာ ရိုက်တော့ အိပ်နေပြီ ထင်ရသော ကိုကိုက
“အမေ့ အမေ့ အဲဒီကောင် နာနာရိုက်။ အိပ်ရင်းနဲ့ ကြည့်လို့ရလို့ရသားနဲ့” ဟု ဆိုလိုက်လေသည်။

မျိုးထက် (နတ်မောက်)

ဂျက်စတင်ဘီဘာက ငယ်သူငယ်ချင်းကို ကားတစ်စင်းလက်ဆောင်ပေး ငယ်စဉ်က ချို့တဲ့ခဲ့သော်လည်း

Saturday, 31 December 2011 09:25
ဂျက်စတင်ဘီဘာသည် သူငယ်ချင်းများပေါ်တွင် ရက်ရောသူ တစ်ဦးဖြစ်သည်။ ကနေဒါ ဆယ်ကျော်သက် ဂီတ ကြယ်ပွင့်လေးသည် အခင်မင်ဆုံး သူငယ်ချင်း တစ်ဦးအတွက် ခရစ္စမတ် လက်ဆောင်အဖြစ် ကားတစ်စင်း ဝယ်ပေးခဲ့ကြောင်း သိရသည်။ ငယ်စဉ်က ချို့တဲ့ခဲ့သော်လည်း ဂီတနယ်ပယ်တွင် ကမ္ဘာကျော်လာသလို သန်းကြွယ်သူဌေးလေး ဖြစ်လာသည့် ဘီဘာသည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော သူငယ်ချင်း ရိုင်ယန် ဘတ္တလာကို ကားတစ်စင်း ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ကို ပေးတဲ့ ဂျက်စတင့် လက်ဆောင်ကတော့ တကယ့် အပျံစားပဲ”ဟု ဘတ္တလာက Twitterတွင် ဝမ်းသာအားရ ရေးသားပြီး မတ်စတန်း ကားသစ် တစ်စင်း၏ ဓာတ်ပုံကို ပြသခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဘီဘာ ကိုယ်တိုင်ကမူ မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။ ဘီဘာသည် ခရစ္စမတ်ကို ကနေဒါသို့ မပြန်ဘဲ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင်ပင် မိသားစုနှင့်အတူ ဖြတ်သန်း ကုန်လွန်စေခဲ့သည်။

ဘီဘာက အနုပညာ အလုပ်များဖြင့် မအားမလပ် ဖြစ်နေခဲ့ခြင်းမှ ရုန်းထွက်ပြီး မိသားစုနှင့်အတူ နေရခြင်းကို ကျေနပ်မိကြောင်း ဆိုသည်။ “တကယ်ပါပဲ။ မိသားစုနဲ့တူတူ အချိန်ဖြုန်းရတဲ့ ခံစားချက်က ခုချိန်မှာ ကျွန်တော့်အတွက် လုံးဝ အပျံစားဖြစ်နေတယ်”ဟု ဘီဘာက ပြောကြားသွားသည်။

မိန်းမလှလေးများကို အငေးလွန်ခဲ့သည့် ဂျက်စတင်ဘီဘာ အဆိုတော်လေး ဘီဘာသည် တိုရန်တို ရပ်တာစ်အသင်း၏ ပွဲစဉ်ကို သွားရောက်ကြည့်ရှု အားပေးစဉ် ပန်းပွားအကမယ် လှပျြို

ဂျက်စတင် ဘီဘာတစ်ယောက် မိန်းမလှလေးများကို အငေးလွန်နေခဲ့ရာ ဆယ်လီနာဂိုမက်ဇ်နှင့် ပြဿနာ ရှင်းရဖွယ် ရှိနေသည်။ အသက်(၁၇)နှစ်အရွယ် Popဂီတကြယ်ပွင့် အဆိုတော်လေး ဘီဘာသည် တိုရန်တို ရပ်တာစ်အသင်း၏ ပွဲစဉ်ကို သွားရောက်ကြည့်ရှု အားပေးစဉ် ပန်းပွားအကမယ် လှပျိုဖြူ မိန်းကလေးများကို မျက်တောင်မခတ်တမ်း ငေးကြည့်နေကြောင်း ပါပါရာဇီများက အမိအရ မှတ်တမ်းဓာတ်ပုံ ရိုက်ယူခဲ့ကြသည်။



(ပန်းဖွားအကမယ်များကို ငေးမောနေသည့် ဂျက်စတင်ဘီဘာ)

ကနေဒါသား ဘီဘာသည် ကနေဒါရှိ အဲယားကနေဒါ စင်တာတွင် ရပ်တာစ်အသင်း ကစားသည့် ပွဲစဉ်တစ်ခုကို ယခုသီတင်းပတ်အတွင်း သွားရောက် အားပေး ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ဘက်စကက်ဘော ၀ါသနာအိုး တစ်ဦးဖြစ်သည့် ဘီဘာသည် ယခင်ကတည်းက ရပ်တာစ်ကို အားပေးသူလည်း ဖြစ်သည်။

အခြားသော သတင်းများအရ ဘီဘာသည် အဖိုးအဖွားနှစ်ဦး ပြင်းထန်သော ယာဉ်တိုက်မှုတွင် ပါဝင်ခဲ့သည့်အတွက် အလောတကြီး အိမ်ပြန်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း ဒိုင်ယာနီဒေးလ်နှင့် ဘရုစ်ဒေးလ်တို့ နှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား မည်သည့်ထိခိုက်မှုမျှ မရှိခဲ့ဟု ဆိုသည်။

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀မှတ်တမ်း။

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။

ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊

ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) ....



ငါ ဘာလုပ်ရင် ကောင်းမလဲ၊

ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊

ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။

ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊

ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊

ငါ့မွေးနေ့မှာ ငါ့ရဲ့  အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။



ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊

ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း

အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊

အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် ...



တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊

လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊

ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။



အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊

အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊

ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊

အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။



အို ...

ငါသိပ်လွမ်းတယ် သိလား ...

ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ ...

ငါ့ရဲ့ ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊

ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။

အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့

အိမ်မှာ လူတွေများလာလို့။



အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ့  အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ၀ဲနေလို့ပါလား။



ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊

ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ

အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..



နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊

ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊

လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊

အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊

ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်

ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။



ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..

ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊

သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့  ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..

၁၉၆၀ ခုနှစ်။



မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊

အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊

ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊

မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊

ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊

မေမေတို့ပြောင်းရတော့မယ် သမီးလေး ..



ဘယ်ကိုလဲဟင်..

နယူးဒေလီကို

ဘယ်မှာလဲဟင်

နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့ ၊

မေမေက ဘာသွားလုပ်မှာလဲဟင်

ဩော် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း

လိုက်ခဲ့ရမှာလေ။

သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊

သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေးရမှာလေ။

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊

သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက်ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ၀ယ်ထားပေးမယ်။

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။

မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။

မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။

၁၉၆၄ ခုနှစ်။



ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လို့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။



မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်။



အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ။

အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေ၀မ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ဘူး။



လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ၀င်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့ ငါ့ဘ၀ရဲ့  အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီတိဖြစ်နေလို့ပါ။

တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ့  Host Parents awGu Lord Gore-Booth တို့မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပါပဲ။



၁၉၆၉ ခုနှစ်။



နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။

မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။

Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။

ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်။



၁၉၇၂ ခုနှစ်။



မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ၀င်လုပ်ခဲ့တယ်။

ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။



မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး။

၁၉၇၃ ခုနှစ်။



အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။



၁၉၇၄ ခုနှစ်။



မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့  တိဗက်ဘာသာစကားဌာနမှာပေါ့။



၁၉၇၇ ခုနှစ်။



သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။



၁၉၈၅ ခုနှစ်။



ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို

စာတမ်းပြုစုခဲ့တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။



၁၉၈၆ ခုနှစ်။



ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။



၁၉၈၇ ခုနှစ်။



ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။



ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။

၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ့ ။



တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။



နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော်တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။

ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။



စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ် …



စက်တင်ဘာ (၁၈) ရက် - စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။



သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။



NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင်လှုပ်ရှားတယ်။ ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။



ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။



သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။



မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။



၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်။



မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။

ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။



အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။



ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။



မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။



၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။



ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။



ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။



အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။

ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။



နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။



ငါ့မှာတော့ ... ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ .... ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။



ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။

ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ...

ဒေါ်အောင်ဆန်းစုကြည် ... ကျန်းမာပါစေ ... ချမ်းသာပါစေ ... တဲ့။



ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။



ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို

ကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။



နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ့  မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ ... အမျှ အမျှ အမျှ … သာဓု ... သာဓု ... သာဓု။



(ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်)။

Aung San Suu Kyi - Biography

nobelprize.org

Nobelprize.org, The Official Web Site of the Nobel Prize

လုံလုံခြုံခြုံဖြင့်လည်း လှပနေသည့် မီရန်ဒါကားရ် (၂၀၁၂)ခုနှစ် နွေနှင့် နွေဦး ဖက်ရှင် Collectionအတွက် သူမသည် အခြားသော မော်ဒယ်လ်များနှင့်အတူ ဓာတ်ပုံအရိုက

မီရန်ဒါကားရ်၏ အလှသည် Victoria’s Secret၏ အတွင်းခံ အဝတ်အထည်များကို ဝတ်ဆင်ကိုယ်ဟန်ပြရင်း ညှို့အားပြင်းပြင်းဖြင့်သာ ဆွဲဆောင်နိုင်သည် မဟုတ်ပေ။ အသက်(၂၈)နှစ်ရှိ ဩစတြေးလျ မော်ဒယ်လ်သည် ဆွစ်ဇာလန် ဖက်ရှင်ကုမ္ပဏီ Ballyအတွက် ကြော်ငြာဓာတ်ပုံများ အရိုက်ခံခဲ့ရာ လုံလုံခြုံခြုံနှင့် ကျက်သရေရှိစွာ လှပနေသည်ကို တွေ့မြင်ရသည်။

(၂၀၁၂)ခုနှစ် နွေနှင့် နွေဦး ဖက်ရှင် Collectionအတွက် သူမသည် အခြားသော မော်ဒယ်လ်များနှင့်အတူ ဓာတ်ပုံအရိုက်ခံခဲ့ခြင်းဖြစ်သည်။ နောက်ဘက်တွင် ဆီးနှင်းများ ပိတ်ဖုံးနေသော ဆွစ်တောင်တန်းများ၏ အလှအပ ပုံရိပ်သည် Bally၏ ကြော်ငြာကို ပိုမိုအသက်ဝင် ဆွဲဆောင်မှု ရှိလာစေခဲ့သည်။



မီရန်ဒါသည် Victoria’s Secret၏ မော်ဒယ်လ်ဖြစ်သူ ဂျူလီယာ စတက်ဂ်နာ၊ အမျိုးသား မော်ဒယ်လ်များ ဖြစ်ကြသည့် ဆီဒရစ်ဘာရ်၊ ရောဘတ်ကွန်ဂျက်တို့နှင့်အတူ ကြော်ငြာဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ မီရန်ဒါကို ပေါ့ပေါ့ပါးပါး အဖြူရောင် လည်ဟိုက်အင်္ကျီ၊ အနက်ရောင် သားရေစကက် အကျပ်ဖြင့် တွေ့နိုင်သလို အခြားသော ဖက်ရှင် ဒီဇိုင်းများနှင့်လည်း တွေ့မြင်ရသည်။

မီရန်ဒါသည် (၂၀၀၇)ခုနှစ်ကတည်းက Victoria’s Secretအတွက် အလုပ်လုပ်ပေးခဲ့သူဖြစ်ပြီး ကုမ္ပဏီ၏ ပထမဆုံး ဩစတြေးလျသူ မော်ဒယ်လ်လည်း ဖြစ်လာသည်။ သူမသည် ဟောလီးဝုဒ် မင်းသား အော်လန်ဒို ဘလွမ်းနှင့် လက်ထပ်ထားပြီး ကလေးတစ်ဦးပင် ရရှိထားပြီးဖြစ်သည်။ သို့သော်လည်း သူမ၏ နေထိုင် စားသောက်ပုံကြောင့် ခန္ဓာကိုယ် အလှကို ထိန်းညှိထားနိုင်ကြောင်း မီရန်ဒါက ဆိုသည်။

“ကျွန်မ အစားများများ စားပါတယ်။ ကျန်းမာဖို့အတွက် စွမ်းအင်များများ ရှိနေရမယ်လို့။ ကျွန်မ ထောပတ်သီးတို့၊ ပန်းဂေါ်ဖီစိမ်းတို့ များများစားသလို အစိမ်းရောင် တခြားအသီးအရွက်တွေလည်း စားဖြစ်တယ်။ ကျွန်မအတွက် အစားအသောက်မှာ (၈၀)ရာခိုင်နှုန်းက ကျန်းမာရေးအတွက် ရည်ရွယ်ပါတယ်။ (၂၀)ရာခိုင်နှုန်းကတော့ အရသာအတွက်ပေါ့”ဟု ပြောကြားသွားသည်။

ပုဂ္ဂလိကကုမ္ပဏီငါးခု အနောက်တိုင်းဆေးဝါး စတင်ထုတ်လုပ်ခွင့်ရတော့မည်

ပုဂ္ဂလိကကုမ္ပဏီငါးခု အနောက်တိုင်းဆေးဝါး စတင်ထုတ်လုပ်ခွင့်ရတော့မည်

ပြည်တွင်းတွင် အနောက်တိုင်းဆေးဝါးများ ထုတ်လုပ်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကကုမ္ပဏီ ငါးခုကို မကြာမီ ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆေးဝါးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့စက်ရုံတည်ဖို့ သင့်တော်တဲ့နေရာ၊ ငွေကြေးပမာဏတွေ၊ ဘယ်ဆေးဝါးကို ထုတ်လုပ်မယ်ဆိုတဲ့အချက်တွေနဲ့ တခြားလိုအပ်တဲ့ အချက်အလက်တွေကို လေ့လာနေတယ်။ မကြာခင်ခွင့်ပြုပေးမှာပါ”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက 7Day News သို့ ပြောကြားသည်။

လက်ရှိတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အား စောင့်စားရင်း ကုမ္ပဏီတစ်ခုကလည်း ခုခံအားကျဆင်းမှု ရောဂါဝေဒနာခံစားနေရသူများအတွက် မရှိမဖြစ် လိုအပ်သည့် ARV ဆေးဝါးများထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးနှင့် သုတေသနဌာနဝင်းအတွင်းရှိ အဆောက်အအုံအချို့အား ငှားရမ်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း The Voice Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ပုဂ္ဂလိကကုမ္ပဏီငါးခုမှ မည်သည့်ဆေးဝါးများ ထုတ်လုပ်မည်ကိုမူ ယခုချိန်အထိ မသိရှိရသေးကြောင်း အဆိုပါကော်မရှင်ကပြောသည်။ ပြည်တွင်းတွင် ဆေးဝါးများ ထုတ်လုပ်နိုင်ပါက ဆေးဝါးကုန်ကျမှုတန်ဖိုး ၃၀ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က မြန်မာနိုင်ငံဆရာဝန်အသင်းတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် ပြည်ပမှ နှစ်စဉ် ဆေးဝါးများတင်သွင်းနေရပြီး တရားမဝင် ဝင်ရောက်လာသည့် ဆေးဝါးအတုပြဿနာများ၊ အကြောင်းအမျိုးမျိုးများကြောင့် ဈေးနှုန်းမြင့်မားသည့် ပြဿနာများမှာ သုံးစွဲသူများအား နစ်နာစေသည့် အကြောင်းရင်းများ ဖြစ်သည်။ လက်ရှိတွင် စက်မှု(၁) ဝန်ကြီးဌာနရှိ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးနှင့် တပ်မတော် ဆေးဝါးထုတ်လုပ်ရေးတို့က ဆေးဝါးများ ထုတ်လုပ်ပေးနေသည်။

ကျပ်ငွေဈေးတက်ခြင်း

လွန်ခဲ့သော တနှစ်ကျော်ကာလအတွင်း မြန်မာ့အရေး စောင့်ကြည့် အကဲခတ်နေသူများ အဖို့ တခါမျှ မကြုံဘူးသည့် မျှော်လင့်မထားသော အဖြစ်အပျက် တရပ်နှင့် ကြုံတွေ့ခဲ့ကြရသည်။ ယင်းမှာ မြန်မာကျပ်ငွေဈေး တက်ပြီးရင်း တက်နေခြင်း ဖြစ်သည်။

ကျပ်ငွေ၏ (တရားမဝင်) ဈေးနှုန်းကျခြင်းမှာ ထိုအချိန်အထိ မပြောင်းမလဲ မှန်ကန်သော အရာဖြစ်ပြီး တချိန်က ဆိုလျှင် အမေရိကန် တဒေါ်လာလျှင် ကျပ် ၁,၄၅ဝ အထိ ကျဆင်းသွားခဲ့ဖူးသည်။ (ကျပ်ငွေ၏ `တရားဝင်´လဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၆ ကျပ်သာရှိသည်) ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ကျပ်ငွေ၏ တန်ဖိုးမှာ ၂ဝ% တက်သွားခြင်း ဖြစ်ပြီး အနိမ့်ဆုံး စံချိန်နှင့် နှိုင်းစာလျှင် ၄ဝ% တက်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိပေါက်ဈေးမှာ တဒေါ်လာလျှင် ကျပ် ၈၀၀ ဝန်းကျင်ရှိပြီး မြန်မာကျပ်ငွေ ဈေးတက်ရခြင်း အကြောင်းကို စေ့ငုမှုများလည်း ရှိလာသည်။

ဤအလုပ်သည် လွယ်ကူသော အလုပ်မဟုတ်ပါ။ နိုင်ငံခြားငွေကြေး ဈေးကွက် မှန်သမျှသည် ဈေးကွက် အင်အားစုများ စုပေါင်း ရိုက်ခတ်မှုကြောင့် အမြဲပြောင်းလဲနေသည်သာ ဖြစ်သည်။ (ထိုဈေးကွက် အင်အားများ ဆိုသည်မှာလည်း ယုတ္တိနည်းနှင့် စဉ်းစားမရသော အချက်များသာ ဖြစ်သည်) မြန်မာကျပ်ငွေ၏ တရားမဝင် ငွေလဲနှုန်းမှာ ရေရာမှု မရှိဆုံး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အောက်တွင် ဤသို့ဈေးတက်ရသည့် အကြောင်းအချက်များအနက် အနည်းဆုံး ၆ ခုကို လေ့လာတင်ပြထားပါသည်။

burmakyat

လက်ရှိ ပေါက်ဈေးမှာ တဒေါ်လာလျှင် ကျပ် ၈၀၀ ဝန်းကျင်ရှိပြီး ယမန်နှစ်ကနှင့် နှိုင်းစာလျှင် မြန်မာကျပ်ငွေ၏ တန်ဖိုးမှာ ၂ဝ% တက်လာ (ဓါတ်ပုံ မဇ္ဈိမ)

၁။ အမေရိကန် ဒေါ်လာဈေးသည်လည်း ကျဆင်းနေ သည်။ မြန်မာ့ကျပ်ငွေ အကြောင်း ဆွေးနွေးငြင်းခုံ ကြရာတွင် တခါတရံ မေ့လျော့နေကြသော အချက်မှာ
မြန်မာကျပ်ငွေ ဈေးကို မယိမ်းမယိုင်နိုင်သော စံနှုန်းများဖြင့် အသေ သတ်မှတ်ထားခြင်း မဟုတ်သည့် အချက် ဖြစ်သည်။

သို့သော် အမေရိကန် ငွေကြေးမှာမူ ကမ္ဘာ့နိုင်ငံခြား
ငွေကြေးဈေးကွက်တွင် `အရှင်မျှော´ ထားခြင်း
ဖြစ်သည်။ ထို့ကြောင့် မြန်မာကျပ်ငွေ ဈေးတက်ရခြင်းမှာ အခြားဈေးကွက် အင်အားစုများကသာ ပြဋ္ဌာန်းသည် မဟုတ်ဘဲ အမေရိကန် ငွေကြေးအပေါ် သက်ရောက်သော အင်အားများကြောင့်လည်း ဖြစ်သည်။ ထိုသို့ အမေရိကန် ငွေကြေး ကျဆင်းခြင်းသည် မည်သည့် အတိုင်းအတာ အထိ မြန်မာ့ငွေဈေး တက်လာခြင်းအပေါ် ရိုက်ခတ်မှုရှိသလဲ ဆိုသော မေးခွန်း ပေါ်လာသည်။

အဖြေမှာ အလွန်ရှိပါသည်ဟုဘဲ ဖြေရပါမည်။
မြန်မာကျပ်ငွေ တန်ဖိုးတက်နေသည့် အချိန်အတောအတွင်းမှာပင် အမေရိကန် ငွေဈေးသည် လည်း (ကမ္ဘာ့ငွေကြေး ရံပုံငွေအဖွဲ့က သတ်မှတ်ထားသည့်) ငွေကြေးအချို့နှင့် ယှဉ်လျှင် အကြမ်းအားဖြင့် ၁ဝ% မျှ ကျဆင်းသွားခဲ့သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးထုတ်လုပ်သည့်
နိုင်ငံအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့ခြင်း
ကြောင့် ကျပ်ငွေတန်ဖိုးကို တက်လာစေ သည်။
ထိုအတောအတွင်း သြစတြေးလျဒေါ်လာကဲ့သို့သော `ကုန်စည်ငွေကြေး´ နှင့် ယှဉ်လျှင် ၂ဝ% အထိ ကျဆင်းသွားခဲ့သည်။ ယခုအခါ တရားမဝင်ငွေလဲနှုန်း
ဈေးကွက်ရှိ ကျပ်ငွေမှာ ထိုသို့သော ကုန်စည်ငွေကြေး၏
အစိတ် အပိုင်းတရပ်မျှသာဖြစ်သည်။ (မြန်မာနိုင်ငံသည် သြစတြေးလျနိုင်ငံကဲ့သို့ပင် ကုန်စည်နှင့်စွမ်းအင်ကို အဓိကထုတ်လုပ်သောနိုင်ငံဖြစ်သည်။

သို့သော်သြစတြေးလျ ဒေါ်လာကဲ့သို့ နေရာအနှံ့တွင် ငွေဖြစ်လွယ်ခြင်းမရှိ ငွေဖော်နိုင်ခြင်းမရှိ) ထို့ကြောင့် အနိမ့်ဆုံးအားဖြင့် ကုန်စည် ဈေးနှုန်းများကို လေ့လာကြည့်လျှင် ကျနော်တို့ ကျပ်ငွေဈေးတက်သွားခြင်းအပေါ် ထိုသို့အံသြတကြီး မဖြစ်သင့်ပါ။

ဒါဆိုရင် ဒါဟာအပြီးသတ် ရလဒ်ပဲလား။ မြန်မာငွေဈေးတက်ရခြင်း အကြောင်းရင်း၏ ထက်ဝက်ခန့်မှာ အမှန်စင်စစ်အားဖြင့် အခြားငွေကြေးများ ကုန်စည်များနှင့်ယှဉ်သည့် အမေရိကန်ငွေဈေး ပြုတ်ကျသွားခြင်း
ကြောင့် ဖြစ်သည်။

၂။ ပို့ကုန်များတိုးမြှင့်တင်ပို့ခြင်းကြောင့်လည်း မြန်မာကျပ်ငွေတန်ဖိုး တက်လာသည်။ ငွေကြေး၏ `ဈေးနှုန်း´ကို တွန်းတင်လိုက်ခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားဝင်ပို့ကုန်တန်ဖိုးမှာ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ၁၉% မျှ တက်လာခဲ့သည်။ ဤ ပို့ကုန်အမယ်များတွင် သဘာဝဓါတ်ငွေ့၊ ပဲအမျိုးမျိုး၊ ကျွန်းသစ်နှင့် အခြားသစ်မာများ၊ ငါးနှင့်ရေထွက်ပစ္စည်းများ၊ သတ္တု သယံဇာတများ (အရေးကြီးဆုံး အထင်ရှားဆုံး များကိုသာ စာရင်းပြုထားခြင်း ဖြစ်သည်) တို့ပါဝင်သည်။

အဆိုပါ ကုန်စည်များကို အမေရိကန်ဒေါ်လာ၊ အခြားငွေကြေးများနှင့် တန်ဖိုးသတ်မှတ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုကုန်စည်များထုတ်လုပ်ရာ ရှာဖွေရာတွင် ကုန်ကျသောစရိတ်အချို့ကို မြန်မာအလုပ်သမားများနှင့် ဤထုတ်လုပ်မှု ကွင်းဆက်တွင်ပါဝင်သည့် အခြားအစိတ်အပိုင်းများကို မြန်မာငွေဖြင့် ပေးချေရခြင်းဖြစ်သည်။ (ဤစရိတ်သည် ဓါတ်ငွေ့ကဲ့သို့သော အရင်းအလေးပေး လုပ်ငန်းမျိုးတွင် နည်းပါးပြီး လယ်ယာစိုက်ပျိုးရေး ကုန်စည်များတွင် များပြားသည်)

မြန်မာကျပ်ငွေ ဈေးတက်ရခြင်းမှာ အခြား
ဈေးကွက် အင်အားစုများကသာ ပြဋ္ဌာန်း သည် မဟုတ်ဘဲ အမေရိကန် ငွေကြေး အပေါ် သက်ရောက်သော အင်အားများ
ကြောင့်လည်း ဖြစ်သည်။
၃။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မြင့်တက်လာခြင်းသည်လည်း ကျပ်ငွေဝယ်လိုအားကို အလားတူ မြင့်မားစေသည်။ ဤသို့ဖြင့် ဝယ်လိုအားများခြင်းကြောင့် ကျပ်ငွေဈေး တက်လာခြင်း
ဖြစ်သည်။ အများတကာပြောကြသလိုပင် မကြာသေးမီ ကာလများ အတွင်း နိုင်ငံခြားတိုက်ရိုက်မြှပ်နှံမှု အထူးသဖြင့် တရုတ်နိုင်ငံမှ မြှပ်နှံမှုများတစုံတရာ ထိုးတက်လာခဲ့သည်။

ဤရင်းနှီးမြှုပ်နှံမှုများသည် အတည်ပြုခြင်းအဆင့်တွင်သာ ရှိသေးပြီး အမှန်တကယ် နိုင်ငံတွင်းသို့ ရောက်ရှိလာခြင်း မရှိသေးပါ။ ဤအချက်ကြောင့် ငွေလဲဈေးနှုန်း မြင့်တက်သွားရခြင်းမှာ ထင်သလောက်မဟုတ်ပါ။

ထို့အတူ တရုတ်ရင်းနှီးမြှပ်နှံမှု အများစုသည် ကျပ်ငွေဝယ်လိုအားကို မြင့်တက်စေခြင်း မရှိပါ။ တရုတ်တ်တို့က သူတို့ကို ပစ္စည်းပေးသွင်းသူများနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားများကို သူတို့ငွေကြေးဖြင့်သာ ပေးချေလိုကြခြင်းကြောင့်
ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ရင်းနှီးမြှပ်နှံမှုများကြောင့် `ယိုပေါက်´များကိုဖြစ်ပေါ်စေပြီး မြန်မာကျပ်ငွေ ဝယ်လိုအားကိုလည်း မြင့်တက်စေသည်၊ ထို့ကြောင့် ကျပ်ငွေဈေးလည်း လိုက်လျောညီထွေ လိုက်တက်ရခြင်းများလည်း ရှိသည်။

၎။ အစိုးရပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုခြင်းကြောင့် ကျပ်ငွေရှားပါးမှုကို ဖြစ်ပေါ်စေသည်။ ထိုမှတဆင့် ကျပ်ငွေဈေးကို မြင့်တက်စေသည်။ ဤအမြင်သည် မြန်မာ့စီးပွါးရေးလောက၌ တွင်ကျယ်သည်။ အစိုးရပိုင်လုပ်ငန်းများ အဆောက်အဦများကို မကြာသေးမီက ရောင်းချခြင်းကြောင့် (ဝယ်ယူခွင့်ရသူများအများစုမှာ အဆက်အသွယ်
ကောင်းသည့် လက်ရင်းလူယုံ စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ ဖြစ်သည်) ကျပ်ငွေမှာ ဈေးကွက်အတွင်းတစုံတရာ `ခန်းခြောက်´ သွားပြီး ရှားပါးမှုတန်ဖိုးနှင့်အတူ လိုက်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဤအဆိုမှာလည်း တဝက်တပျက်သာ အကြောင်းရင်းကို ရှင်းပြနိုင်ပါသည်။ သူ့တွင် ဝိရောဓိဖြစ်နေသည့် အချက်ရှိသည်။ ဥပမာ မြန်မာအစိုးရသည် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းရန်အတွက် ကျပ်ငွေများကို အတောမသတ် အမြောက်အမြားရိုက်ထုတ်နေခြင်းလည်းရှိသည်။ (ထိုသို့ ရိုက်ထုတ်မှုသည် ၂ဝ၁ဝ-၁၁ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လအတွင်း ၃ဝ% မျှတက် လာခဲ့သည်) ပိုမိုယုတ္တိရှိသည့်အဖြေမှာ ထိုသို့နိုင်ငံပိုင် ပစ္စည်းများကို ဝယ်ယူခွင့်ရသူများသည် သူတို့နိုင်ငံရပ်ခြားတွင်ထားရှိသော ရန်ပုံငွေများကို လိုအပ်သောကျပ်ငွေများ ဝယ်ယူရန်အတွက် ပြည်တွင်းသို့ ပြန်လည်ယူဆောင်လာခြင်းကြောင့် ဖြစ်သည်။

ပို့ကုန်များ တိုးမြှင့် တင်ပို့ခြင်းကြောင့် လည်း မြန်မာကျပ်ငွေ တန်ဖိုး တက်လာ သည်။
သို့ရာတွင် ထိုရှင်းပြချက်သည်လည်း မည်သည့် အတိုင်းအတာ အထိ မှန်ကန်သည်ကို ပြောရန် ခက်ပါသည်။ ထိုသူတို့ နိုင်ငံပိုင် ပစ္စည်းများဝယ်ယူခြင်းအတွက် မည်သို့မည်ပုံ ပေးချေခဲ့ကြသည်ကို ကျနော်တို့ အနည်းအကျဉ်းသာ သိရှိရခြင်းကြောင့်ဖြစ်သည်။

၅။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကို တက်လာစေသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ၏ `ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာ ၂ဝ၁၁ ခုနှစ်´တွင် မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်အတွင်း ဘိန်းထုတ်လုပ်မှု နှစ်ဆမြင့်တက်ခဲ့သည် ဟုဆိုသည်။ တချိန်တည်းတွင် ဒေသတွင်း မက်တာအင်ဖက်တမင်းနှင့် အခြားဓါတုမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုတွင် အဓိကထုတ်လုပ် ဖြန့်ဖြူးသူအဖြစ် ရပ်တည်နေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်နေခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုးကို `ထိုးဖောက်´ လိုက်သလို ဖြစ်သည့်အခါလဲရှိသည်။ ဤ အကြောင်းပြချက်သည် ပို့ကုန်တိုးမြင့်လာခြင်းနှင့်လည်း ဆင်တူသည်။ (ပို၍ပင်ဆီလျော် သည်ဟုဆိုရမည်။ ဘိန်းထုတ်လုပ်မှုသည် လုပ်အားအသားပေး လုပ်ငန်းဖြစ်ခြင်း ကြောင့်ဖြစ်သည်)

သို့သော်ထိုသို့ `ထိုးဖောက်´လိုက်ခြင်းများသည်လည်း ရာသီလိုက် ဖြစ်ပေါ်ခြင်းသာဖြစ်သည်။ (ဘိန်းလုပ်ငန်းတွင်
ငွေပေးချေခြင်းသည် ဘိန်းစိုက် တောင်သူများနှင့် အခြားသူများကို ဘိန်းပေါ်ချိန် ပေးချေခြင်းသာဖြစ်သည်) သို့သော် တနှစ်လုံးတွင် အခြားယှက်နွယ်သော အချက်များသည်လည်း မကြာခဏ ပေါ်ပေါက်ခဲ့သည်။

အစိုးရပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်
ပြုခြင်းကြောင့် ကျပ်ငွေရှားပါးမှုကို
ဖြစ်ပေါ်စေသည်။
၆။ အတိုင်းအတာတခုအထိ ငွေဈေးကစားခြင်းကြောင့်လည်း ကျပ်ငွေဈေး တက်ရသည်။ နောက်ဆုံးတွင် ကျပ်ငွေတန်ဖိုး
မြင့်တက်သည့် အချိန်ကာလသည် လုံလုံလောက်လောက် ကြာမြင့်ခဲ့ပြီး တက်သည့်နှုန်းမှာလည်း လုံလုံလောက်လောက် ပင် မြင့်မားခဲ့သည့်အတွက် ငွေဈေးကစားမှု အရှိန်အဟုန်ကို အတိုင်းအတာတခုအထိ ထိန်းထားနိုင်ခဲ့သည်။ အခြားတနည်းဖြင့်ပြောရလျှင် `ရင်းနှီးမြှပ်နှံသူ´ အချို့သည် ကျပ်ငွေတန်ဖိုး တက်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ကျပ်ငွေကို ဝယ်ယူစုဆောင်းထားခဲ့ဖွယ် ရှိသည်။ ထိုသို့ငွေကြေးကို `လှောင်´ ထားခဲ့ခြင်းကြောင့် သူတို့အကျိုးအမြတ် ရရှိခဲ့ကြသည်။ ထိုသက်ရောက်မှု၏ ပမာဏကို တိုင်းတာရန်မှာခဲယဉ်းပါသည်။ သို့သော် လောင်းကစားခြင်းသည် မြန်မာ့အတိတ်သမိုင်းတွင် စိမ်းလှသည်တော့ မဟုတ် ပါ။

အထက်ပါအချက်များသည် မြန်မာငွေ `ဘာကြောင့်´ တက်ရသည်ကို ရှင်းပြနိုင်သည့် အကြောင်းရင်း အချို့
ဖြစ်ပါသည်။ အခြားအချက်များလည်း ရှိနိုင်ပါသေးသည်။ သို့သော်အထက်ပါအချက်များသည် တချက်ချင်း အနေဖြင့် ယုတ္တိတန်သည့် အချက်များဖြစ်ပြီး စုပေါင်းလိုက်လျှင် ထိုသို့မလွဲမသွေတက်ရန် တွန်းအားပေးသည့် အချက်များဖြစ်ကြောင်း ကျနော်ပြောလိုပါသည်။

နိဂုံးတွင် နောက်ဆုံးဆွေးနွေးတင်ပြလိုသည့်အချက်မှာ ကျပ်ငွေတန်ဘိုးတက်ခြင်းသည် အရေးပါသလား ဆိုသည့် အချက်ဖြစ်သည်။ အရေးပါပါသည် သို့သော်အခြား နိုင်ငံအများစုကြီးလောက်တော့ အရေးမပါပါ။ မြန်မာ့စီးပွါးရေးသည်
နိုင်ငံတော်ကသာ လွှမ်းမိုးချုပ်ကိုင်ထားပြီး အရေးပါသော ဆုံးဖြတ်ချက်များကိုလည်း နိုင်ငံတော်မှသာ
ပြုလုပ်ခြင်းကြောင့် ဖြစ်သည်။ သို့သော် သက်ရောက်မှု ရှိတန်သလောက် ရှိပါသည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု မြင့်တက်လာခြင်း သည်လည်း ကျပ်ငွေ ဝယ်လိုအားကို အလားတူ မြင့်မားစေသည်။
အထိအနာဆုံးမှာ ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်သမားများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ဖြစ်သည်။ သူတို့၏ (အများစု) အမေရိကန် ဒေါ်လာနှင့် ရငွေများမှာ
ဒေသသုံးငွေကြေးနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွားခဲ့ကြသည်။ (ကုန်ကျစရိတ် အများစုကို ကျပ်ငွေနှင့် ပေးချေကြရခြင်းဖြစ်သည်) အလားတူပင် ပြည်ပရောက်နိုင်ငံသားများလည်း သူတို့ဝင်ငွေများကို ကျပ်ငွေနှင့် လဲလှယ်လိုက်သည့်အခါ အလွန်အမင်း လျော့နည်းသွားကြသည်။

ကျပ်ငွေတန်ဖိုး တက်ခြင်းကြောင့် အကျိုးရှိသူများလည်း ရှိပါသည်။ နိုင်ငံခြားသွင်းကုန် ပစ္စည်းများ၏ တန်ဖိုးများ ကျဆင်းသွားခြင်းကြောင့် အထူးသဖြင့် စားသုံးသူများအဖို့ အကျိုးရှိရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် လက်လီဖြန့်ချိသူများသည် သူတို့ရရှိသော နိုင်ငံခြားဝင်ငွေ အကျိုးအမြတ်များကို စားသုံးသူများသို့ လွှဲပြောင်းပေးခြင်းမရှိကြပါ။ (သွင်းကုန်သမားများ ကျပ်ငွေဈေးတက်ခြင်းကြောင့် အလုပ်ဖြစ်ကြသည်ဟု သတင်းများကဆိုပါသည်)

ထို့ကြောင့်ပင် မြန်မာစားသုံးသူများအနေဖြင့် အကျိုးအမြတ်မခံစားကြရပါ။ ဤနောက်ဆုံးအချက်သည်
မြန်မာနိုင်ငံတွင် အသားကျနေသောအချက်ဖြစ်သည်။ စံကျသော စီးပွားရေးပုံစံများတွင် မြန်မာနိုင်ငံသည် မကြာခဏပင် `ခြွင်းချက်´ ဖြစ်နေသည်။ ဤအချက်ကြောင့် မပြောင်းမလဲ နစ်နာရသူများမှာ ပြည်သူများပင်
ဖြစ်သည်။ ထို့ကြောင့် ကျပ်ငွေတန်ဖိုး ဘယ်လိုပင်ဖြစ်နေစေ သူတို့အဖို့ ဘာမျှ ပြောင်းလဲသည်ဟူ၍ မရှိပါ။

ကာဂျစ်စတန်လေယာဉ် လေဆိပ်အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွား ဒီဇင်ဘာ (၂၈)ရက်နေ့က Tu-134အမျိုးအစား လေယာဉ်သည် ခရီးသည်များကို တင်ဆောင်ကာ ပျံသန်းလာရင်း ပြေးလမ

ကာဂျစ်စတန် လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ဆင်းသက်မှုအတွင်း ပြေးလမ်းကြောင်းချော်ကာ ဆိုးဆိုးရွားရွား ပျက်စီးသွားသော်လည်း လိုက်ပါလာသူ (၇၀)လုံး အသေအပျောက် မရှိဘဲ လွတ်မြောက်လာကြောင်း သိရသည်။ ဒီဇင်ဘာ (၂၈)ရက်နေ့က Tu-134အမျိုးအစား လေယာဉ်သည် ခရီးသည်များကို တင်ဆောင်ကာ ပျံသန်းလာရင်း ပြေးလမ်းပေါ် အဆင်းတွင် လမ်းချော်ခဲ့ခြင်းဖြစ်သည်။



ကြောက်မက်ဖွယ် အတွေ့အကြုံအတွင်း လေယာဉ်သည် အော့ရှ်လေဆိပ် ပြေးလမ်းပေါ်တွင် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။ လေယာဉ်၏ ဓာတ်ပုံများက အဆိုပါ ဖြစ်စဉ်အတွင်း မည်မျှ ထိခိုက်မှု ပြင်းထန်ခဲ့သည်ကို သက်သေခံလျက်ရှိသည်။ မည်သို့ပင်ဖြစ်စေ အံ့ဩဖွယ်ရာ အနေအထားအဖြစ် အသေအပျောက် တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသွားသည်။



လေယာဉ်လမ်းကြောင်းချော်ကာ ပျက်စီးမှုအတွင်း လူပေါင်း (၂၆)ဦးထက်မနည်းမှာမူ ဒဏ်ရာများ ရရှိခဲ့သည်။ ရုရှားဘာသာဖြင့် ထုတ်လွှင့်သည့် RIA Novosti သတင်းဌာနက လေဆိပ်တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး လေယာဉ်သည် မြူနှင်းထူထပ်ချိန်တွင် ဆင်းသက်ရခြင်းကြောင့် အဆင်းချိန်ကိုက်မှု လွဲချော်သွားကြောင်း ဖော်ပြခဲ့သည်။

“လမ်းပေါ်က ချော်ထွက်ပြီး ဘယ်ဘက်ကို လည်သွားတယ်။ အတောင်ပံက ကျိုးသွားတယ်။ အရမ်းကျယ်လောင်တဲ့ ပေါက်ကွဲသံကို အဝေးကြီးကတောင် ကြားရတယ်”ဟု မျက်မြင် တစ်ဦးက ဆိုသည်။ ရုရှားလုပ် အဆိုပါ လေယာဉ်ငယ်သည် ကာဂျစ်စတန်မြို့တော် ဘစ်ရှ်ကက်မှ ပျံသန်းလာခြင်းဖြစ်သည်။ အဆိုပါ အင်ဂျင်နှစ်လုံးတပ် လေယာဉ်လေးများကို အာရှအလယ်ပိုင်း နိုင်ငံအများစုတွင် အသုံးများနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း နှစ်စဉ် လူတစ်သန်းကျော်တိုးနေ

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း နှစ်စဉ် လူတစ်သန်းကျော်တိုးနေ

လူဦးရေသန်း ၆၀ ၀န်းကျင်ရှိသော မြန်မာနိုင်ငံတွင် လူတစ်သန်းကျော် နှစ်စဉ်အလုပ်လက်မဲ့ တိုးပွားနေကြောင်း အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမြင့်သိန်းကပြောသည်။ “နှစ်စဉ်လူဦးရေ ၁ ဒသမ ၁ ရာခိုင်နှုန်းတိုးနေတယ်။ တိုးတိုင်းတိုးတိုင်း နှစ်စဉ်အလုပ်လက်မဲ့ တစ်သန်းကျော်တိုးနေတယ်”ဟု ဒုတိယဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉-၂၀၁၀ စာရင်းများအရ လူဦးရေ သန်း ၆၀နီးပါးရှိပြီး ထိုလူဦးရေ၏ ၆၁ ရာခိုင်နှုန်းသည် အလုပ်လုပ်နိုင်သော လူဦးရေဖြစ်ကာ အမှန်တကယ် အလုပ်လုပ်နေသူမှာ သန်း ၃၀ ကျော်သာရှိကြောင်း သက်ဆိုင်ရာက ထုတ်ပြန်သော စာရင်းများအရ သိရသည်။ ထိုအလုပ် လုပ်နိုင်သူများထဲတွင် သုံးသန်းကျော်မှာ ရွှေ့ပြောင်းလုပ်သားအဖြစ် နိုင်ငံခြားတွင် သွားရောက်လုပ်ကိုင်နေကြပြီး ထိုအထဲ၌ ခုနစ်သိန်းခန့်သာ တရားဝင်သွားရောက်လုပ်ကိုင်နေကြကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အလုပ်သမားရုံး ၇၇ ရုံးတွင် အလုပ်အကိုင်အခွင့်အလမ်း ကြော်ငြာများ ကပ်ထားပေးသွားမည်ဖြစ်ပြီး ထိုရုံးများတွင် အလုပ်အကိုင် လျှောက်ထားနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်ကပြောသည်။

ခင်ပွန်း ကို သတ်ပြီး ချက် စား သူ ဇိနတ်ဘီဘီ

FNG၊ ၊ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ တွင် ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် ပြီး ၊ အမဲသား ငါးများ လို တုံးတစ် ၍ ချက် ပြုတ်ရန် စီစဉ် နေ သည့် အမျိုး သမီး တစ်ဦး အား ဒေသခံ ရဲတပ် ဖွဲ့ ကဗုဒ္ဓဟူးနေန့ ကဖမ်းဆီး လိုက်ပြီး နှစ်ရက် အကြာတွင် သတင်း ထုတ် ပြန် သည် ဟု CNN ရုပ်သံသတင်းတွင်ထုတ် လွှင့် သွား သည်။

အသက် ၃၂ နှစ် ( အချို့  သတင်း များ တွင် ၄၂ နှစ်) အရွယ် ရှိ ဇိနတ် ဘီဘီ သည် အသက် ၁၇နှစ် အရွယ် ရှိ သူမ ၏ သမီး ဖြစ်သူ အား လိင်ပိုင်း ဆိုင်ရာ စော်ကား မှု ပြု ရန် ကြံစီ သောကြောင့်သတ် ဖြတ် ရ ခြင်း ဖြစ်သည် ဟု ဆိုသည်။



သူမ နေ ထိုင် ရာ ကရာ ချီ တောင် ဘက် က ဆင်း ရဲ သား ရွာ ကလေး

သန် မာ လှ သော သူ့  ခင်ပွန်း ကို လက်ဖက် ရည် ထဲ တွင် အိပ်ဆေး များ ခတ် ကာ အိပ်ပျော်နေချိန် ရောက် မှာ ကြိုး နှင့် တုပ်ပြီး သတ် ဖြတ် ရခြင်း ဖြစ် သည် ဟု ဇိနတ် ဘီဘီ က ကရာ ချိ ရဲများ ကို အစစ်ခံသည်။

သတ်ဖြတ် မှု တွင် ကြံရာ ပါ နှင့် ကူညီ ခဲ့ သည့် ဇိနတ် ဘီဘီ ၏ တူ ကို လည်း ရဲတပ် ဖွဲ့  က ဖမ်းဆီးထား သည် ဟု သိရသည်။

သူမ ၏ ခင်ပွန်း ကို သတ်ဖြတ် ပြီး နောက် ဆင်းရဲ သည် က တစ်ကြောင်း ၊ အလောင်းဖျောက်ရန်အခက် အခဲ ရှိ သည် က တစ်ကြောင်း တို့  ကြောင့် တုံး တစ်ပြီး ချက် ပြုတ် စား ရန် စီစဉ် ခြင်းဖြစ်သည် ဟု CNN တိုက်ရိုက် ရုပ်သံ တွင် သူမ က ပြောကြား ခဲ့ သည်။

ခင်ပွန်း ကို သတ် ဖြတ် ပြီး နောက် ချက် ပြုတ် ရန် အတွက် စီစဉ် နေခိုက် အနံ အသက် ဆိုးများထွက်လာ ချိန် တွင် အိမ်နီးနားချင်း များ က သိရှိ ပြီး ရဲစခန်း သို့  အကြောင်းကြား ရာ မှ အသားတုံးများ ဦးခေါင်းများ နှင့် အတူ ဖမ်းဆီး ရမိခြင်း ဖြစ်သည်။

ဖမ်းဆီး ရ မိ ချိန် တွင် ပေါင် သား အချို့  ကို မဆလာ နိုင် နိုင် နှင့် ချက်နေ ပြီ ဖြစ်သည်။

Source by :http://freedomnewsgroup.com/

Posted in: ကမ္ဘာ့သတင်း

ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး

ရန်ကုန်။ ။ မနေ့က တိုက်ခတ်သော ဂီရိ ဆိုင်ကလုန်း လမ်းကြောင်းတွင် အပျက်အစီး အများဆုံးမှာ မြေပုံ၊ ကျောက်ဖြူနှင့် မင်းပြားတို့ဖြစ်ပြီး စစ်တွေ၊ အမ်း၊ ပေါက်တော၊ မာန်အောင်တို့တွင်လည်း လေပြင်းတိုက်ခဲ့ကြောင်း သိရသည်။

“မြေပုံကတော့ အများဆုံး ပျက်စီးတယ်လို့ သတင်းရထားပါတယ်၊ ဒီက အသင်းတွေကိုလဲ ကယ်ဆယ်ရေးမှာ ပါကြဖို့ နှိုးဆော်နေပါတယ်၊ အသင်းကလူတွေ ရခိုင်ကို ဆင်းကြမှာပါ၊ အခုတော့ ကားလမ်းတွေ ပိတ်ထားတယ်၊ သီတင်းကျွတ်နဲ့လဲ တိုက်နေလို့ ကားတွေ မထွက်တာ၊ ကားထွက်ရင် ချက်ချင်းသွားမယ်၊ သွားမယ့် ဒေသတွေကို ခွဲတမ်းချနေတယ်” ဟု ရန်ကုန်ရှိ ရခိုင်သဟာယအသင်း အတွင်းရေးမှူး ဦးထွန်းနိုင်က ပြောသည်။

“ကျောက်ဖြူမှာ ရေတက်တာ လူအရပ်မြုပ်တယ်၊ အပင်တွေ အားလုံးကျိုးတယ်၊ ဓာတ်တိုင်တွေလဲ မရှိတော့ဘူး၊ မီးကတော့ တစ်လ လောက်ကြာမယ်၊ အခုတော့ ကြက်ခြေနီတွေ လမ်းပေါ်မှာ သွားနေကြတာတွေ့တယ်၊ ဘာမှတော့ လုပ်တာ မတွေ့ဘူး” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူတွင် ရပ်ကွက် ၁ဝ ခု ရှိပြီး အိမ်ခြေ ၃,ဝဝဝ ကျော်ရှိရာ အားလုံးနီးပါး ပျက်စီးသွားကြောင်းလည်း သူက ဆိုသည်။

“အသေအပျောက်တော့ ကျွန်တော် မကြားသေးဘူး၊ မြို့ကို ကာထားတဲ့ ဆည်ကတော့ အားလုံး ကျိုးပြီး ပျောက်သွားတယ်၊ ဘာမှ မကျန်တော့ဘူး၊ ပျက်တာကတော့ မပြောတတ်အောင်ပဲ၊ အဲဒီလောက် ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” ဟု ကျောက်ဖြူစေတီ တောင်ရပ်ကွက်သား တဦးက ပြောသည်။

ကျောက်ဖြူရှိ အုန်းခြံ၊ ကွမ်းသီးခြံများ၊ ဆားကွင်းများ အားလုံး ပျက်စီးသွားကြောင်းလည်း သိရသည်။ အခြားမြို့များ ပျက်စီးမှုကို မသိရသေး။

လေဘေးသင့် မြို့ရွာပြည်သူများအတွက် ရန်ကုန် တာမွေ သမိန်ဗရမ်းလမ်း သဟာယ အသင်းတွင် လေဘေး ကယ်ဆယ်ရေးစခန်း ယနေ့ ဖွင့်လှစ်ထားပြီး လေဘေးရန်ပုံငွေ ကျပ်သိန်း ၁ဝဝ ခန့်ရနေသည်။

မနက်ဖြန် အောက်တိုဘာ ၂၄ တွင် ရွှေတိဂုံဘုရားအရှေ့မုခ် ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ရန်ကုန်ရှိ ရခိုင်လူမှုရေး အသင်းအဖွဲ့များကို ဖိတ်ကာ လေဘေး ကယ်ဆယ်ရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တွင် ရခိုင်လူမှုရေး အသင်းအဖွဲ့ပေါင်း ၇ဝ ကျော် ရှိသည်။

ရန်ကုန် မြို့နယ်အလိုက် ရယက ၊ မယကတို့ မနေ့မနက်ကပင် ရခိုင် လေဘေးအတွက် အသံချဲ့စက်များဖြင့် အလှူခံနေကြောင်း မြို့ခံများက ပြောသည်။

မယကမှ မြို့နယ်အလိုက် ကုမ္ပဏီများထံ ရခိုင်လေဘေးအတွက်ဟု အလှူကြို ကောက်ထားကြောင်း၊ ပစ္စည်းများကို လေယာဉ်ဖြင့် ပို့ပေးမည်ဟု ကျောက်တံတား မယကရုံး တာဝန်ရှိသူက ပြောသည်။

ဆိုင်ကလုန်းသည် ကျောက်ဖြူမြို့အနီး ဝင်ရောက်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်တွင် ရေပြင်မြေပြင်လေသည် တနာရီလျှင် မိုင် ၁ဝဝ မှ ၁၂ဝ အတွင်း တိုက်ခဲ့ကြောင်း မြန်မာပြည် မိုးဇလထုတ်ပြန်ချက်တွင် ပါရှိသည်။

လိုအပ်ပါက အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အမေရိကန်အသင့်ရှိ

အမေရိကန်စစ်တပ်သည် လိုအပ်ပါက အီရန်နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အဆင်သင့်ရှိသည်ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒန့်ဆေးက ပြောကြားခဲ့သည်။ အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ အခြားရွေးချယ်စရာ မရှိတော့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ထုတ်ဖော်ပြောကြားပြီး နောက်ပိုင်းတွင် ဒန့်ဆေး၏ သတိပေးစကား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ ဖြေရှင်းရာတွင် အမှားအယွင်းဖြစ်မည်ကို အလွန်စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ၄င်းအမှားအယွင်းသည် ကမ္ဘာကြီးနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းသို့ အဖြစ်ဆိုးများကျရောက်မည်ကို အလွန်ပူပန်မိကြောင်း ဒန့်ဆေးက ပြောကြားခဲ့သည်။ (အင်တာနက်)

“သိမ်း” Thane ဆိုင်ကလုန်းအမည် မြန်မာပေးခဲ့


(မဇ္ဈိမ) ။ ။သောကြာနေ့က အိန္ဒိယအရှေ့ပိုင်းကမ်းခြေကို တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်တိုင်း အမည် “သိမ်း” (Thane) အား မြန်မာနိုင်ငံက ပေးခဲ့ခြင်းဖြစ်ကြောင်း India Today တွင် ရေးသားထားသည်။

tropical-cyclone-thane

အိန္ဒိယမိုးလေဝသ နှင့် ဇလဗေဒဌာန၏ ပြောကြားချက်အရ၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာကို အခြေပြုတိုက်ခတ်သော ဆိုင်ကလုံးမုန်တိုင်းနာမည်များအား အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန် နှင့် ထိုင်းနိုင်ငံများက အလှည့်ကျ နာမည်ပေးသည်ဟု သိရသည်။

၂၀၀၄ ခုနှစ်မှ စတင်အသက်ဝင်ခဲ့သည့် ကမ္ဘာ့မိုးလေဝသ နှင့် ဇလဗေဒအဖွဲ့နှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မရှင်တို့မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ ယခုကဲသို့ နာမည်သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံ ရှစ်နိုင်ငံသည် အမည် ၆၄ ခုအား ပြင်ဆင်ထားပြီး အလှည့်ကျ ကြေညာသည်။ ယခု ဘင်္ဂလား ပင်လယ်အော်သို့ ရွေ့လျားနေသော ဆိုင်ကလုံးနာမည် သိမ်း (Thane) အား မြန်မာနိုင်ငံမှ ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်များက ပေးခဲ့သော နိုင်ငံနှင့် ဆိုင်ကလုံး နာမည်များမှာ။

  • လိုင်လာ (ပါကစ္စတန်)၊ နစ်ရှား (ဘင်္ဂလားဒေ့ရှ်) ၂၀၁၀
  • ဖျန်း (မြန်မာ) ၂၀၀၉
  • အိုင်လာ (မော်လဒိုက်) ၂၀၀၉
  • ဘီဂျလီး (အိန္ဒိယ) ၂၀၀၉
  • ရက်ရှ်မီး (သီရိလင်္ကာ) ၂၀၀၈
  • နာဂစ် (ပါကစ္စတန်) ၂၀၀၈

သောကြာနေ့က တိုက်ခတ်ခဲ့သည့် “သိမ်း”မုန်တိုင်းဒဏ်ကြောင့် အိန္ဒိယတောင်ပိုင်း ပွန်ဒီချယ်ရီကမ်းခြေနှင့် တမီလ်နာဒူးပြည်နယ်ကမ်းခြေမှ လူ ၃၅ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း စနေနေ့ထုတ် Times of India သတင်းစာတွင် ဖော်ပြပါရှိသည်။

ဤမုန်တိုင်းအရှိကြောင့် မြန်မာနိုင်ငံတွင်လည်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကြားမိုးရွာနိုင်ပြီး ကမ်းရိုးတမ်းနှင့်ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း မြန်မာ့မိုးလေ၀သနှင့်ဗလဗေဒမှ ထုတ်ပြန်သတိပေးထားသည်။

အကျဉ်းကျခံအမျိုးသမီးများအား အပျိုရည်စစ်ဆေးမှု အီဂျစ်တရားရုံးပိတ်ပင် မတ်လအတွင်းက ကိုင်ရိုမြို့တော်ရှိ တီဟီရာရင်ပြင်တွင် ဆန္ဒပြစဉ် အဖမ်းခံရသော အမျိုးသမီး

နိုင်ငံအတွင်းရှိ အကျဉ်းကျခံရသူ အမျိုးသမီးများကို အပျိုရည် စစ်ဆေးမှု ပြုလုပ်ခြင်းအား အီဂျစ်တရားရုံး တစ်ခုက တားဆီးပိတ်ပင်လိုက်သည်။ မတ်လအတွင်းက ကိုင်ရိုမြို့တော်ရှိ တီဟီရာရင်ပြင်တွင် ဆန္ဒပြစဉ် အဖမ်းခံရသော အမျိုးသမီး အချို့ကို အီဂျစ်ရဲတပ်ဖွဲ့က အဆိုပါ မလျော်မကန် နည်းလမ်းဖြင့် စစ်ဆေးမှုများကို ခံခဲ့ရကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။ နောက်ပိုင်းတွင်လည်း အလားတူ စွပ်စွဲမှုများ ထပ်မံ ထွက်ပေါ်လာပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။

အသက်(၂၅)နှစ်ရှိ အရောင်းမြှင့်တင်ရေး မန်နေဂျာ တစ်ဦးဖြစ်သော ဆာမီရာ အီဘရာဟင်က သူမသည် အဆိုပါ စစ်ဆေးမှုမျိုး ခံယူရသူများအနက် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ရုံးတော်တွင် ထွက်ဆို တိုင်ကြားခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းတွင် တရားရုံးက ယင်းစစ်ဆေးမှုများကို ပိတ်ပင်တားဆီးကြောင်း အတည်ပြုလိုက်ပြီးနောက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေသည့် ဆာမီရာက “နောက်ဆုံးတော့ တရားမျှတမှုကို ကျွန်မတို့ ရယူနိုင်ခဲ့ပြီ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

မတ်လအတွင်းက အီဂျစ် တပ်သားများသည် ထိတ်လန့် ကြောက်ရွံ့နေသော အမျိုးသမီး အကျဉ်းသားများကို ရိုက်နှက်ကာ တစ်ကိုယ်လုံး အ၀တ်အစားများ ချွတ်စေပြီး အပျိုရည် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက အရေးဆိုခဲ့ကြသည်။ ကိုင်ရိုတွင် ယင်းဖြစ်စဉ်အတွက် တိုင်ကြားမှုများ ထွက်ပေါ်လာပြီးနောက် အီဂျစ် လူ့အဖွဲ့အစည်းတွင် တုန်လှုပ်စရာ ရိုက်ခတ်မှုများ ပေါ်ပေါက်လာခဲ့သည်။

အစောပိုင်းက အီဂျစ်စစ်တပ်သည် အဆိုပါ ကိစ္စကို ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အမည်ဖော်မပြသည့် ဗိုလ်ချုပ်တစ်ဦးက စွပ်စွဲမှုနှင့် ပတ်သက်ပြီး မှန်ကန်ကြောင်း ၀န်ခံခဲ့သည်။ “ပြောရရင်တော့ အဖမ်းခံထားရတဲ့ မိန်းကလေးတွေဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ သမီးတွေလိုတော့ ဆက်ဆံခံခဲ့ရတာ မဟုတ်ပါဘူး”ဟု ယင်းဗိုလ်ချုပ်က ဆိုသည်။

ဆာလ်ဝါ ဟိုဆီနီအမည်ရှိ အမျိုးသမီး တစ်ဦးက သူမသည် အခြားသော မိန်းကလေး အကျဉ်းသူများနှင့်အတူ ဖမ်းဆီးခံထားရစဉ် တစ်ကိုယ်လုံးချွတ်ပြီး စစ်ရဲမေ တစ်ဦးက ကိုင်တွယ်စမ်းသပ်မှုများ ပြုလုပ်သည်ကို ခံခဲ့ရပြီး ထိုအချိန်တွင် စစ်သားများက ၀ိုင်းအုံကြည့်ရှုနေကြောင်း စွပ်စွဲခဲ့သည်။ “စစ်သားတွေက ကျွန်မတို့ကို အရှက်ခွဲခဲ့တယ်။ ယောက်ျားတွေကို ၀ိုင်းကြည့်ခွင့် ပေးခဲ့သလို ဓာတ်ပုံပါ ရိုက်ခွင့်ပေးထားတယ်”ဟု သူမက ဆိုသည်။ ထို့အပြင် စစ်သားများက သူမတို့သာ အပျိုမစစ်ဟု ဖော်ထုတ်တွေ့ရှိပါက ပြည့်တန်ဆာမှုဖြင့် တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်းလည်း အမျိုးသမီးက သတင်းထောက်များအား ပြောကြားသွားသည်။

လစာတိုးပေးရန် အိန္ဒိယဆရာဝန် ၁၀ဝ၀ဝ ခန့် ဆန္ဒပြ

အိန္ဒိယနိုင်ငံ၊ အနောက်ပိုင်းရှိ ဂျိုင်ပူရ်မြို့၊ ဇီနာနာဆေးရုံတွင် နာစရူးန်ဘာနိုသည် မီးဖွားပြီးနောက်သေ ဆုံးသွားခဲ့သည်။ သေဆုံးရခြင်းမှာ ဆရာဝန်များမရှိခြင်းကြောင့် ဖြစ်ကြောင်း ၎င်း၏မိသားစုက ပြစ်တင်ခဲ့သည်။

ရာဂျက်စသန်၏ အခြားသော အစိုးရဆေးရုံများကဲ့သို့ ဇီနာနာဆေးရုံသည်လည်း ဒီဇင်ဘာလ၂၄ ရက်က ဆရာဝန်အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ဆရာဝန် ၁၀၀၀၀ ခန့်မှာ လေးရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေသောကြောင့် ဖြစ်သည်။

ဆင်းရဲသားများကို အဓိကကု သပေးနေရသည့် အစိုးရဆေးရုံများတွင် လုပ်နေသော ဆရာဝန်များက လစာတိုးပေးရန် တောင်းဆိုနေပြီး ရာထူးတိုးနိုင်မည့်အခွင့်အလမ်းများ လည်းပေးရန် တောင်းဆိုနေသည်။ သို့သော် ယခုအထိ ပြည်နယ်အစိုးရ က ဘတ်ဂျက်ချမပေးရသေးပေ။သို့သော် ကြားဖြတ်အစီအစဉ်အရ စစ်ဘက်ဆရာဝန် ၃၇၃ ဦးခေါ် ဆောင်လာကြောင်း ဂျိုင်ပူရ်ရှိ SdSMS Medical College မှ ဒေါက်တာလို ကင်ဒရာရှာမာကပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၂၄ ရက်တွင် ရဲတပ်ဖွဲ့ဝင်များက ဆရာဝန် ၃၉၄ဦး ကို မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းများ စီမံခန့်ခွဲရေး အက်ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ဆရာဝန်များအဖွဲ့ အကြီးအကဲ ဒူရ်ကာရှန်ကာပါဝင်သည်ဟု သိရသည်။

Ref:CNN

ဝတ်ပြီးသားအတွင်းခံများကို အွန်လိုင်းပေါ်မှ ရောင်းချနေသော စင်္ကာပူကျောင်းသူ

စင်္ကာပူနိုင်ငံရှိ ကောလိပ် ကျောင်းသူ တစ်ဦးသည် သူမ အသုံးပြုပြီးသား အတွင်းခံများကို စင်္ကာပူ ၄၅ ဒေါ်လာ (၁၀၄ ရင်းဂစ်) ဖြင့် ရောင်းချနေကြောင်း စင်ချုးနေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြပါရှိသည်။
အတွင်းခံဘောင်းဘီ (၂) ထည် ၀ယ်ယူသူအတွက် အပိုဆု အဖြစ် အသက် ၁၉ နှစ်အရွယ် မိန်းကလေးမှ အတွင်းခံ ဘောင်းဘီအား ချွတ်ပြသည့် ဗီဒီယိုဖိုင်အား အခမဲ့ကြည့်ရမည်ဖြစ်ပြီး သူမ၏ မျက်နှာကို မူ ပြသထားခြင်း မရှိပေ။
Felicia ဆိုသူ ကျောင်းသူသည် သူမ၏ ဘလော့(ဂ်)မှတဆင့် ယခုကဲ့သို့ လိင်စိတ်နိုးကြွစေသည့် အတွင်းခံရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ တစ်လခန့် ကြာခဲ့ပြီဖြစ်သည်။
ပထမပိုင်းတွင် ဘောင်းဘီတစ်ထည်လျှင် စင်္ကာပူဒေါ်လာ ၃၀ ဖြင့် ရောင်းခဲ့ပြီး ယခုလမှ စတင်ကာ ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့ကာ စုစုပေါင်း အတွင်း ခံ (၁၆) ထည် ရောင်းထားပြီး ဖြစ်ကြောင်း သိရ သည်။
သူမနှင့် အင်တာဗျူးလုပ်ရန် ကမ်းလှမ်းမှုများကိုလည်း ငြင်း ဆိုခဲ့ပြီး အခမဲ့ ကြည့်ရှုခွင့်ပေးသည့် ဗီဒီယိုဖိုင်ကိုလည်း ပိတ်သိမ်းခဲ့သည်။
သူမသည် ဘောင်းဘီများကို မရောင်းချခင် ၁၂ နာရီကြာ ၀တ်ဆင်ခဲ့ သည်ဟု သိရပြီး ယခုကဲ့သို့ စွန့်စားလုပ်ကိုင်ရခြင်းမှာ ကျောင်းလခ ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။
သူမက "ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး" ဟုလည်း ပြောဆို ထားခဲ့သည်။

ကလောင်လှ
Ref: The Star

လူ.မစင် နဲ.လုပ်ထားတဲ.အသားတု

ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ့မစင်ကနေ ပရိုတိန်းဓါတ်ပါတဲ့ အသားတုတစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကို အရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင် မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာဌာနအနေ နဲ့ အဆိုပါအခက်အခဲကို အကျိုးရှိစွာ ဖြေရှင်း နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။ လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။
ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။
ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။
ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။
သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။
ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။
(သတင်းကွန်ယက်)

ကင်ဂျုံအီလ်၏ နှစ်ရက်ကြာ နိုင်ငံတော်ဈာပန အခမ်းအနား မြောက်ကိုရီးယားတွင် စတင်ကျင်းပ

b39_19

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုံးယမ်းတွင် စတင်ပြုလုပ်ခဲ့သည်။ ကင်ဂျုံအီလ်၏ အလောင်းကိုထားရှိသည့် ကွန်ဆူဆန် အထိမ်းအမှတ်နန်းတော်မှ ထွက်ခွာလာသည့် အသုဘယာဉ်တန်းတွင် မျက်ရည်များဖြင့် သားဖြစ်သူ ကင်ဂျုံအီလ် လိုက်ပါလာခဲ့ပုံအား နိုင်ငံတော်ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့သည်။

နှင်းများပြည့်နေသည့် ပြုံးယမ်းလမ်းမများပေါ်တွင် ကင်ဂျုံအီလ်၏ ရုပ်အလောင်းသယ်ယူခဲ့သည့် အခမ်းအနားကို ပြသခဲ့ရာအခြေအနေအားလုံးသည် စီစဉ်ထားသည့်အတိုင်းဖြစ်နေခဲ့ကြောင်း အသုဘအခမ်းအနားက ဖော်ပြနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။ အသုဘအခမ်းအနားတွင် ကင်ဂျုံအီလ်၏နောက်၌ ဦးလေးတော်သူ ဂျန်ဆောင်သက်က လိုက်ပါခဲ့ပုံကို ရုပ်သံက ပြသခဲ့သည်။

အသုဘအခမ်းအနားကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အသေးစိတ်အစီအစဉ်အများစုကိုမူ လျို့ဝှက်ထားသည်။ ရုပ်သံမှပြကွက်များတွင် စစ်သားများက ကင်ဂျုံအီလ်၏ ဧရာမဓာတ်ပုံကြီး သယ်ဆောင်လာသည့် လမ်းတစ်လျောက် ဦးညွတ်အလေးပြုနေကြသည်။ အသု ဘအခမ်းအနားတွင် နှင်းများကျနေခဲ့မှုက ကွယ်လွန်သူခေါင်းဆောင်ကြီးကင် ဂျုံအီလ်ကို ချီးကျူးထောပနာပြုရန် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့သည်။ ''ခေါင်းဆောင်ကြီးကို ပေကတူတောင် လျို့ဝှက်စခန်းမှာ မွေးဖွားခဲ့တဲ့နေ့ကလည်း နှင်းတွေကျနေခဲ့တာကို ကိုရီးယားပြည်သူတွေကို အမှတ်ရစေပါတယ်'' ဟု ကိုရီးယားသတင်း အေဂျင်စီက ပြောကြားခဲ့သည်။

ကင်ဂျုံအီလ်ကို သေနတ် ၂၁ ချက်ပစ် ဖောက်ဂုဏ်ပြုခဲ့ပြီး ၁၉၉၄ ခုနှစ်က ကင်ဂျုံအီလ်၏ဖခင် ကင်အီဆွန်း အသုဘအခမ်းအနားတွင် သေနတ် ၂၄ ချက်ပစ် ဖောက်ခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံ

ရန်ကုန် (မဇ္ဈိမ) ။ ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ Marty Netalegawa သည် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့ကြ သည်။

၄၅ မိနစ်အကြာ တွေ့ဆုံဆွေးနွေးအပြီး ဆီဒိုးနားဟိုတယ်တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ဆွေးနွေး
သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောပြကြသည်။

“အာဆီယံရဲ့လတ်လော ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အရှိန်မြှင့်နိုင်ရန် ဘယ်လို ကူညီနိုင်မယ်ဆိုတာ ကျနော်က ပြောပြပြီး အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်တွေကို ရှင်းပြပါတယ်” ဟု မစ္စတာ နာတာလီဂါဝါ က ပြောသည်။

dsanin
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး သတင်းစာရှင်းလင်းပွဲ :: အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ (H.E Dr. R.M Marty M. Natalegawa) ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒီဇင်ဘာလ ၂၈ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ) အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး သတင်းစာရှင်းလင်းပွဲ :: အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ (H.E Dr. R.M Marty M. Natalegawa) ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒီဇင်ဘာလ ၂၈ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ) အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး သတင်းစာရှင်းလင်းပွဲ :: အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ (H.E Dr. R.M Marty M. Natalegawa) ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒီဇင်ဘာလ ၂၈ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ) အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး သတင်းစာရှင်းလင်းပွဲ :: အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ (H.E Dr. R.M Marty M. Natalegawa) ကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒီဇင်ဘာလ ၂၈ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)

ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းကလည်း တခါ လာရောက် တွေ့ဆုံခဲ့ဖူးသည်။

ထို့ပြင် မြန်မာ့အိမ်နီးချင်း မိတ်ဆွေကောင်းတဦး အဖြစ် မြန်မာပြည်အရေးအား အကောင်းဘက်သို့ မျှော်လင့် ထားကြောင်းကိုလည်း “အင်ဒိုနီးရှားဟာ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး အရှိန်အဟုန်၊ တိုင်းရင်းသား အသီးသီးနဲ့ ငြိမ်းချမ်းရေး ပြောဆို ဆွေးနွေးမှုများလည်း နည်းလမ်းမှန်စွာ ဆက်သွားဖို့နဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေး ကိစ္စကိုလည်း ဆက်လက် ကိုင်စွဲသွားမှာဖြစ်ပြီး လွတ်လပ်တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံး ပါဝင်
နိုင်ဖို့ မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှားဝန်ကြီးက သတင်းထောက်များအား ပြောဆိုသွားသည်။

ဒုတိယအကြိမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မရှင်သို့ တက်ရောက်ရန် တတိယအကြိမ် အဖြစ်
မြန်မာနိုင်ငံကို တရက်ကြာခရီး ရောက်ရှိနေသည့် မစ္စတာနာတာလီဂါဝါသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အတူ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ၌ ကောင်းမွန်သော အစိုးရ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စ ရပ်များ အတွက်လည်း ပါရှိပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဗုဒ္ဓဟူးနေ့
က ထုတ်ပြန်သည့် ကော်မရှင် ကြေညာချက်တွင် ပါရှိသည်။