မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

95.1 Street FM မှ စိတ်အညောင်းပြေ သီချင်းလေးတွေ

စိတ်အညောင်းပြေ သီချင်းလေးတွေ
လူတိုင်းဟာ စိတ်အရမ်း ရှုပ်လာပြီ စိတ်အညောင်း မိလာပြီဆိုရင် လန်းဆန်း သွားအောင် အနည်း ဆုံးတော့ သီချင်း ဖွင့်ပြီး နားထောင် တတ်ကြ တာပါပဲ။ အဲဒီ သီချင်းတွေကို ကိုယ်တိုင် စိတ်ကြိုက် အခွေရှိလို့ ဖွင့်ပြီး နားထောင် တာပဲဖြစ် ဖြစ်၊ FM ကနေလွှင့်တဲ့ သီချင်းတွေကိုပဲ နားထောင်တာ ဖြစ်ဖြစ် နားထောင်တတ် ကြပါတယ်။ ခုညွှန်ပေးမှာက အခွေထ ရှာစရာမလို၊ ဘယ် သီချင်း နားထောင် ရင်ကောင်း မလဲလို့ စဉ်းစားဖို့ မလိုအောင် ဖြေရှင်း ပေးမယ့် Website ပါ။ အင်တာနက် သုံးနေရင်းနဲ့ ပျင်းလာပြီဆိုရင် သီချင်း တွေကို နားထောင် လို့ရပါလိမ့် မယ်။ အဲဒီ Radio ဆိုက်နာမည် ကတော့ 95.1 Street FM ပဲဖြစ်ပါ တယ်။
ဒီဆိုက် လေးက HipHop, R&B, Rap အစရှိတဲ့ မြန်မာနဲ့ အင်္ဂလိပ် သီချင်း တွေကိုသာ လွှင့်ပေး တာပါ။ တာဝန်ယူထားတဲ့ DJ တွေက လည်း ၂၄နာရီ အချိန်ပြည့် လွှင့်ပေး နေပြီး တော့ မေးလ်ကနေတစ်ဆင့် ဘယ်သူ ကနေ ဘယ်သူ့အတွက် ဘာ့ကြောင့် ဆိုပြီး တော့ သီချင်းတောင်းလို့ရပါတယ်။ တကယ်လို့ Live သီချင်း တောင်းချင် တယ်ဆိုရင် တောင် 95.1streetfm@gmail.com ကို ကိုယ့်ရဲ့ Gtalk မှာ ထည့်သွင်းပြီး သီချင်းတောင်းလို့ရ ပါတယ်။ သွားရောက် နားထောင်ကြည့် ချင်တယ် ဆိုရင်တော့ http://www.951streetfm.com ပါလို့ ညွှန်ပြပေးချင် ပါတယ်။

No comments:

Post a Comment