မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

အိပ်မက်သစ်များနှင့် Air KBZ


ခရီးသွားလုပ်ငန်း အဆင်ပြေချောမွေ့ဖို့အတွက် လေကြောင်းလိုင်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီး ပါတယ်။ မြန်မာနိုင်ငံအတွင်း အသစ်တည်ထောင် လုပ်ကိုင်လာကြတဲ့ လေကြောင်းလိုင်းတွေထဲက Air KBZ အကြောင်း မိတ်ဆက်တင်ပြပေးလိုပါတယ်။ Air KBZ ရဲ့ လက်ထောက် အထွေထွေမန်နေဂျာ(Commercial) ဦးမြတ်သူ နဲ့ တွေ့ဆုံမေးမြန်းထားတာပါ။

Air KBZ စလုပ်ဖြစ်တဲ့အကြောင်းပြောပြပေးပါဦး။
မနှစ်ကစလုပ်တာပါ။ နှစ်လည်လောက်ကစပြီး set ကစလုပ်တယ်။ ဝန်ထမ်းတွေစခန့်တယ်။ ပျံသန်းခွင့်ရတာက တော့ ၂ဝ၁ဝခုနှစ်၊ မတ်လ၊ ၃ဝရက်နေ့မှာပါ။ တကယ်တမ်းစပြီး ပျံသန်းပြေးဆွဲတာကတော့ ဒီဇင်ဘာ ၂ ရက်နေ့ ဖြစ်ပါတယ်။ ရန်ကုန်ကနေ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုးပေါ့။ အဲဒီတုန်းက တော့ လေယာဉ်တစ်စင်းတည်းပဲရှိသေးတယ်။ အခုတော့လေ ယာဉ်သုံးစင်းနဲ့ ပြေးဆွဲနေပါတယ်။ ၂ဝ၁၁ ခုနှစ်၊ ဧပြီလ မှာ စတာပါ။ ပထမသုံးလအတွင်းကတော့ မြောက်ဦး၊ မန္တလေး၊ တာချီလိတ်၊ မြိတ်၊ ထားဝယ်စတဲ့မြို့တွေကို ပျံသန်းပြေးဆွဲပေး ပါတယ်။ အခုတော့ ရန်ကုန်ကနေ ကလေး၊ လားရှိုး၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေစတဲ့ခရီးစဉ် တွေတိုးချဲ့ ပြေးဆွဲနေပါပြီ။

အခုပျံသန်းပြေးဆွဲနေတာ လေယာဉ်သုံးစင်းနဲ့ပေါ့နော်။
ဟုတ်ကဲ့ပါ။ နှစ်ကုန်ပိုင်းလောက်ဆိုရင်တော့ လေယာဉ်လေးစင်းနဲ့ ပြေးဆွဲဖို့လျာထားပါတယ်။ ATR 72 - 500 တစ်စင်း ထပ်တိုးဖို့ရှိပါတယ်။

အခုပျံသန်းပြေးဆွဲနေတဲ့လေယာဉ်အမျိုးအစားတွေကရော။
ATR 72 - 500 တွေပါပဲ။

လေယာဉ်မှူးတွေအကြောင်းပြောပြပေးပါဦး။
လေယာဉ်မှူးတွေကတော့ ပြည်တွင်းကပါပဲ။ တပ်မတော်က လာတာရှိတယ်။ တခြား လေကြောင်းလိုင်း တွေကနေ ပြောင်းလာတာရှိတယ်။ နိုင်ငံရပ်ခြားမှာ လေယာဉ်မောင်းနေ ကြရာက မြန်မာနိုင်ငံကိုပြန်ရောက်လာကြတဲ့ လေယာဉ်မှူး တွေလည်း ရှိပါတယ်။ မလေးရှား၊ အိန္ဒိယစတဲ့နိုင်ငံတွေမှာ လေယာဉ် မောင်းလာကြတဲ့ လေယာဉ်မှူးတွေပါ။

ခုလောလောဆယ်လေယာဉ်မှူးဘယ်နှယောက်ရှိပါသလဲ။
လေယာဉ်မှူးက (ခုနစ်ယောက်)၊ တွဲဖက်လေယာဉ်မှူးက( ဆယ့်နှစ်ယောက် )ရှိပါတယ်။

လေယာဉ်မောင်တွေ၊ လေယာဉ်မယ်တွေ အကြောင်းပြောပြပေး ပါဦး။
လေယာဉ်မောင်တွေ၊ လေယာဉ်မယ်တွေကိုပြည် တွင်းမှာပဲ လေ့ကျင့်သင်ကြားပေးပါတယ်။ ဒါပေမဲ့ နိုင်ငံရပ်ခြား အတွေ့အကြုံရှိပြီးဖြစ်တဲ့ လေယာဉ်မယ်တွေလည်းကျွန်တော် တို့ လေကြောင်းလိုင်းမှာရှိပါတယ်။ တခြားလေကြောင်းလိုင်း တွေက ပြောင်းလာကြတဲ့ လေယာဉ်မယ်တွေ လည်းရှိပါတယ်။ အသစ်လေ့ကျင့်သင်ကြားပေးထားတဲ့ လေယာဉ်မယ်တွေ လည်း ရှိပါတယ်။

အခုလောလောဆယ်ပြည်တွင်းမှာပဲပျံသန်းပြေးဆွဲနေတာပေါ့နော်။
ဟုတ်ကဲ့ပါ။ နောက်ပိုင်းကျရင်တော့ နိုင်ငံတကာကိုပျံသန်းပြေးဆွဲသွားမှာပါ။ နိုင်ငံတကာဆိုပေမယ့် ဒေသတွင်း လောက်ပဲဖြစ်ဦးမယ်။ တကယ့် နိုင်ငံတကာလေကြောင်းလိုင်း စစ်စစ်ကြီးဖြစ်အောင်တော့ကြိုးစားရဦးမှာပါ။

Air KBZ ကိုပဲအမြဲစီးနင်းလိုက်ပါသူတွေအတွက်ဘယ်လိုဝန်ဆောင်မှုတွေစီစဉ်ပေးထားပါသလဲ။
စီစဉ်ပေးထားတာရှိပါတယ်။ Frequent Flyer Programme ဖြစ်ပါတယ်။ KNK programme လို့နာမည်ပေးထားပါတယ်။ ကိန္နရီ၊ ကိန္နရာအစီအစဉ်ပေါ့။ စီးနင်းလိုက်ပါသူတွေအတွက်ဖြစ်ပါတယ်။ မိုင်သုံးထောင်ကျော် စီးပြီးရင် Jade ပေါ့။နောက်ထပ် မိုင်သုံးထောင်ဆိုရင် Sapphire ပေါ့။နောက်ထပ်မိုင် ခြောက်ထောင်ပြည့်သွားရင် Ruby Status ရပါမယ်။ အဲဒီလိုရရင်ကီလိုပိုရမယ်။ Priority check-in ရမယ်။ ဒီအစီအစဉ်ကတော့ တခြားလေကြောင်း လိုင်းတွေလိုပါပဲ။ နောက်တစ်ခုကတော့ Inflight Duty Free ပေါ့။ ဒီအစီအစဉ်ကတော့မြန်မာနိုင်ငံအတွင်း ကျွန်တော် တို့ လေကြောင်းလိုင်းကစလုပ်တာပါ။

လေယာဉ်လက်မှတ်တွေကို Ticketing Centre တွေမှာ ဝယ် လို့ရနေပြီပေါ့။
ဝယ်လို့ရနေပါပြီ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Ticketing Centre တွေမှာ ဝယ်လို့ရနေပါပြီ။

Air KBZ အနေနဲ့ပြောချင်တာများရှိရင်။
အဓိကကတော့ကျွန်တော်တို့အနေနဲ့ Safty ကိုဦးစားပေးပါ တယ်။ နောက်တစ်ခုက Reliability ကို ဦးစားပေးပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့အနေနဲ့ ပျံသန်းချိန်မပြောင်းပါဘူး။ ကျွန်တော်တို့ စတင်ပျံသန်းပြီဆိုကတည်းက စီးမယ့်သူရှိရှိ၊ မရှိရှိပျံသန်းဖြစ်အောင်ပျံသန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ မြိတ်ကို နေ့လယ်တစ်နာရီအရောက်ဆိုရင် နေ့လယ်တစ်နာရီ အရောက်ပျံပါ တယ်။ ညောင်ဦးကိုမနက်ခြောက်နာရီထွက်မယ်ဆိုရင်ထွက် ဖြစ်အောင်ထွက်ပါတယ်။ စီးမယ့်သူ တစ်ယောက်ပဲ ရှိရင် လည်းပျံပါတယ်။ အဲဒီလို ကျွန်တော်တို့ဝန်ဆောင်မှုကိုကြိုးစားထားပါတယ်။ Catering အပိုင်းတွေကောပေါ့။ ဝန်ဆောင်မှု အသစ်တွေလုပ်သွားမှာပါ။

Catering ပိုင်းမှာ ကောခရီးစဉ်အလိုက်ကွဲပြားမှုတွေရှိ သလား။
ရှိပါတယ်။ ပျံသန်းချိန်အလိုက်ပေါ့။ Catering ကို ကျွန် တော် တို့ MAI ကယူတယ်။ ပိုးသတ်ထားပြီးသား၊ Hygienic ဖြစ် ပြီးသား Insurance ရှိပြီးသား။ နောက်ဆုံးရေခဲက အစပေါ့ ဗျာ။ အပြင် မှာလည်း ဝယ်လို့ရတာပါပဲ။ ဘယ်လောက်မှ မပေးရပါဘူး။ အခုဆိုကျွန်တော်တို့ဒေါ်လာနဲ့ရှင်းရတယ်။ အများကြီးပိုပေးရတယ်။ ဒါပေမဲ့ ကျွန်တော်တို့အကုန်အကျခံတယ်။ ဘာဖြစ်လို့လဲဆို တော့ Hygienic ဖြစ်ဖို့၊ စီးနင်းလိုက်ပါတဲ့ ခရီးသည်တွေ Food Poison မဖြစ်ဖို့။ အဲဒီလိုမျိုးလေးတွေစဉ်းစားပြီး ဝန်ဆောင်မှု ပေးနေပါတယ်။ အစားအသောက်ခြင်းတူရင်တောင်အပြင်ကအစားအသောက်နဲ့ မတူပါဘူး။

လေယာဉ်လက်မှတ်ဝယ်ရင် Insurance ပါပြီးသားပေါ့။
ပါပြီးသားပါ။ တကယ်တော့လေယာဉ်လက်မှတ်ဆိုတာ Contract ပါပဲ။ မြန်မာနိုင်ငံသားဆိုရင်တော့ထည့်ကောက်ပြီး သား ပေါ့။ လေယာဉ်လက်မှတ်ဖိုးမှာအကုန်ပါပြီးသား။ နိုင်ငံခြားသား ဆိုရင်တော့သီးသန့်ကောက်တယ်။ Air Line Fare က ဘယ်လောက်၊ Insurance ကဘယ်လောက်၊ Air Port Tax က ဘယ်လောက်၊ အဲဒီလိုကောက်တာပေါ့။ မြန်မာနိုင်ငံသားကျ တော့လုံးပေါင်းကောက်လိုက်တာပေါ့။
copy by http://www.shumanyee.com

No comments:

Post a Comment