မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

၂၀၂၀ ပြည့်နှစ်တွင် အာရှရှိ အမျိုးသားများ မိန်းမတစ်ဦး ရရန် ခက်ခဲလာတော့မည်

အမျိုးသားများသည် အမျိုးသမီးထက် သာလွန်မှု ရှိသည် ဆိုသည့် သိမြင်နားလည်မှု မှားယွင်းခြင်းကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း အမျိုးသမီး သန္ဓေသားလောင်း ခန့်မှန်းခြေ သန်း ၁၆၀ ခန့် ဖျက်ချခံခဲ့ရကြောင်း China Press က ဖော်ပြခဲ့သည်။အမျိုးသမီး သန္ဓေသားလောင်းများကို ဖျက်ချခြင်းသည် ကျား၊မ အချိုး အလွန်အမင်း မညီမျှမှု ဖြစ်နေသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့တွင် အလွန်အကျွံ ဖြစ်ပွားခဲ့ကြောင်း China Press သတင်းစာတွင် ဖော်ပြခဲ့သည်။''၂၀၂၀ ခုနှစ်မှာ အာရှမှာရှိတဲ့ အမျိုးသား ထောင်ပေါင်းများစွာ အတွက် မိန်းမတစ်ယောက်ရဖို့ အရမ်းကို ခက်ခဲလာနိုင်တယ်''ဟု China Press က အကြမ်းဖျင်း ခန့်မှန်း ဖော်ပြခဲ့သည်။ အာရှရှိ မိဘများသည် ၎င်းတို့ ယုံကြည်မှုနှင့် တရုတ်နိုင်ငံ၏ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ (One Child Policy) ကြောင့် သားယောက်ျားကလေးများကိုသာ ယူလိုချင်ခဲ့ကြောင်း အမေရိကန် စာရေးဆရာ Mara Hvistendahl က ၎င်း၏စာအုပ်သစ် ဖြစ်သည့် Unnatural Selection တွင် ရေးသားခဲ့သည်။အိန္ဒိယရှိ မိဘများတွင်လည်း အလားတူ ယုံကြည်ချက်မျိုး ရှိနိုင်ကြောင်း စာရေးဆရာ Hvistendahl က ဆိုသည်။သဘာဝဗီဇအတိုင်း ကလေး မွေးဖွားခြင်းကို ခွင့်ပြုမည် ဆိုပါက ကျား၊ မ အချိုးသည် အမျိုးသား ၁၀၅ တွင် အမျိုးသမီး ၁၀၀ ရှိရမည် ဖြစ်ကြောင်း China Press က ထုတ်ပြန်ခဲ့သည်။
Source : www.news-eleven.com

No comments:

Post a Comment