မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Tuesday, December 13, 2011

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ကမ်းခြေတစ်လျှောက် မြေစမ်းသပ်တိုင်းတာခြင်းများ ပြုလုပ်

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ကမ်းခြေတစ်လျောက် အောက်ခံမြေသားနှင့် ပတ်သက်ပြီး မြေစမ်းသပ်တိုင်းတာခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဘူမိအင်ဂျင်နီယာများထံမှ သိရှိရသည်။
''ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကမ်းခြေတစ်လျောက် ဆိပ်ကမ်းတည်ဆောက်မယ့် မြေနေရာတွေမှာ မြေသားတိုင်းတာခြင်းလုပ်ငန်းတွေကို ပြည်တွင်းကုမ္ပဏီတစ်ခုက ဆောင်ရွက်နေပါတယ်။ ဆိပ်ကမ်းအတွက် အောက်ခံမြေသားက ကျောက်အမျိုးအစားကို တိုင်းကြတယ်။ အောက်ခံကျောက်က မာလား၊ အက်ကွဲကြောင်း ရှိ မရှိ၊  နောက်ပြီးရေစိမ့်တာနှုန်းက ဘယ်လောက်လဲစသဖြင့် တိုင်းတာရေးလုပ်ငန်းတွေကို ပြုလုပ်နေ ကြတာဖြစ်ပါတယ်''ဟု ထားဝယ်ရေ နက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
အလားတူ စီမံကိန်းကိန်း ဧရိယာအတွင်း လမ်းကြမ်းများ ဖောက်လုပ်ခြင်းလုပ်ငန်းများကို ယခုအခါဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။
ထို့ပြင် လုပ်ငန်းခွင်အတွင်းနှင့် ဆိပ်ကမ်းစီမံကိန်းအတွက် reservior construction(ရေချိုသိုလှောင်ကန်) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ''ဒီလုပ်ငန်းငန်းခွင်အတွင်းနဲ့ ဆိပ်ကမ်း စီမံကိန်းအတွက်ရော၊ စီမံကိန်းပြီးသွားလို့ ဆိပ်ကမ်းကိုကပ်လာမယ့် သင်္ဘောတွေအတွက်ပါ ရေချိုတွေ ပေးဖို့အတွက် reservior construction(ရေချို သိုလှောင်ကန်)ကို တလိုင်းရကျေးရွာ တလိုင်းရချောင်းမှာ တည်ဆောက်နေပါတယ်''ဟု လည်း ဘူမိအင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment