မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသား/သူများအတွက် စီးပွားရေးဆိုင်ရာ ဘာသာရပ်လေးခု အခမဲ့ ပို့ချသင်ကြားပေးမည်

တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသား/သူများအတွက် Business English, Management, Marketing နှင့် Human Resource Management ဟူသော ဘာသာရပ် လေးခုကို ပညာဒါနအဖြစ် သင်ကြားပေးသွားမည် ဖြစ်၍ မည်သူမဆို စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ လူငယ်များအတွက် ပညာဒါန အစီအစဉ်ကို မြန်မာလူငယ် စီးပွားရေးစွမ်းဆောင်ရှင်များ အသင်း (MYES) နှင့် Myanmar Network တို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး သင်တန်းကာလ ၆ ရက်ကြာမည် ဖြစ်ကြောင်း၊ တစ်ဦးချင်း လေ့ကျင့်ခန်းများ၊ အုပ်စုလိုက် လေ့ကျင့်ခန်းများ၊ ပါဝင်သရုပ်ပြ သင်ယူခြင်း (Roleplay) စသည့် ခေတ်မီနည်းစနစ်များဖြင့် ကိုမျိုးမင်း (PS Business School) မှ သင်ကြားပေးမည် ဖြစ်ကြောင်း၊ မေလ ၉ ရက်နေ့ နောက်ဆုံးထား၍ www.myanmar-network.net ၀က်ဘ်ဆိုက်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ မည်သူမဆို စာရင်းပေးသွင်း၍ တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment