မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

ဂျက်စတင်ဘီဘာက ငယ်သူငယ်ချင်းကို ကားတစ်စင်းလက်ဆောင်ပေး ငယ်စဉ်က ချို့တဲ့ခဲ့သော်လည်း

Saturday, 31 December 2011 09:25
ဂျက်စတင်ဘီဘာသည် သူငယ်ချင်းများပေါ်တွင် ရက်ရောသူ တစ်ဦးဖြစ်သည်။ ကနေဒါ ဆယ်ကျော်သက် ဂီတ ကြယ်ပွင့်လေးသည် အခင်မင်ဆုံး သူငယ်ချင်း တစ်ဦးအတွက် ခရစ္စမတ် လက်ဆောင်အဖြစ် ကားတစ်စင်း ဝယ်ပေးခဲ့ကြောင်း သိရသည်။ ငယ်စဉ်က ချို့တဲ့ခဲ့သော်လည်း ဂီတနယ်ပယ်တွင် ကမ္ဘာကျော်လာသလို သန်းကြွယ်သူဌေးလေး ဖြစ်လာသည့် ဘီဘာသည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော သူငယ်ချင်း ရိုင်ယန် ဘတ္တလာကို ကားတစ်စင်း ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ကို ပေးတဲ့ ဂျက်စတင့် လက်ဆောင်ကတော့ တကယ့် အပျံစားပဲ”ဟု ဘတ္တလာက Twitterတွင် ဝမ်းသာအားရ ရေးသားပြီး မတ်စတန်း ကားသစ် တစ်စင်း၏ ဓာတ်ပုံကို ပြသခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဘီဘာ ကိုယ်တိုင်ကမူ မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။ ဘီဘာသည် ခရစ္စမတ်ကို ကနေဒါသို့ မပြန်ဘဲ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင်ပင် မိသားစုနှင့်အတူ ဖြတ်သန်း ကုန်လွန်စေခဲ့သည်။

ဘီဘာက အနုပညာ အလုပ်များဖြင့် မအားမလပ် ဖြစ်နေခဲ့ခြင်းမှ ရုန်းထွက်ပြီး မိသားစုနှင့်အတူ နေရခြင်းကို ကျေနပ်မိကြောင်း ဆိုသည်။ “တကယ်ပါပဲ။ မိသားစုနဲ့တူတူ အချိန်ဖြုန်းရတဲ့ ခံစားချက်က ခုချိန်မှာ ကျွန်တော့်အတွက် လုံးဝ အပျံစားဖြစ်နေတယ်”ဟု ဘီဘာက ပြောကြားသွားသည်။

No comments:

Post a Comment