မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ဆီလနာ၏ မိခင်ဖြစ်သူထံ ဂျက်စတင်ဘီဘာ လူနာသတင်းမေးသွားရောက်

ဆီလနာ၏ မိခင်ဖြစ်သူထံ ဂျက်စတင်ဘီဘာ လူနာသတင်းမေးသွားရောက်
ချစ်သူ ဆလီနာဂိုမက်ဇ်၏ မိခင်ဖြစ်သူထံ ဆေးရုံသတင်းမေးရန် ဂျက်စတင်ဘီဘာ သွားရောက်ခဲ့ကြောင်း သိရသည်။ Popစတား အဆိုတော်မလေး ဆယ်လီနာ၏ မိခင်သည် ကိုယ်ဝန်ပျက်ကျမှုကြောင့် လော့စ်အန်ဂျလိစ်တွင် ဆေးရုံတက် ကုသမှု ခံယူနေရသည်။ အသက်(၁၇)နှစ်ရှိ ကနေဒါ ဆယ်ကျော်သက် ဂီတကြယ်ပွင့်လေး ဘီဘာသည် ယခုသီတင်းပတ်အတွင်း ၎င်း၏ ဒေါ်လာ တစ်သိန်းခြောက်သောင်းတန် ရိန့်ဂ်ျရိုဗာ ကားကြီးဖြင့် ရောက်လာခဲ့သည်။



(ဆလီနာဂိုမက်ဇ်သားအမိ)

၎င်းသည် ဆယ်လီနာ၏ မိခင်ဖြစ်သူ တစ်ဖီအား လူနာလာမေးခဲ့ခြင်းဖြစ်သည်။ အသက်(၃၅)နှစ်ရှိ တစ်ဖီသည် ပြီးခဲ့သည့် သီတင်းပတ်က သူမ၏ ကိုယ်ဝန်ကို ဆုံးရှုံးခဲ့ရပြီး ထိုသတင်းကို ကြားသိသည့် ဆယ်လီနာသည် ဖျော်ဖြေပွဲ (၂)ခုကိုပါ ပယ်ဖျက်ခဲ့သည်။ သူမသည် ချီကာဂိုနှင့် ဆီယက်တဲလ်တို့ရှိ ဖျော်ဖြေပွဲများကို ဖျက်သိမ်းပြီးနောက် မိခင်ရှိရာသို့ ချက်ချင်းပြန်လည် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဘီဘာသည် ယခင်ကတည်းက တစ်ဖီနှင့် ရင်းနှီးမှုရှိထားသူ ဖြစ်ပြီး ယခုကဲ့သို့ လူနာမေးရန် သီးသန့်လာရောက်ခဲ့ခြင်းဖြစ်သည်။ မိသားစု သတင်းနှင့် ပတ်သက်ပြီး ဆယ်လီနာ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

No comments:

Post a Comment