မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

၃ ပေခွဲကျော်ရှိ တောက်တဲ့ကို ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် ဝယ်ယူ

အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ တရုတ်ကုန်သည်များက ဝယ်ယူခြင်းဖြစ်ပြီး တောက်တဲ့၏ ၃ ရက်တစ်ကြိမ် အန်ထုတ်သော အန်ဖတ်အား ဆေးဖော်ရာတွင် အသုံးပြုကြောင်း သိရ
Posted on Nov 08 11 - 06:04 PM | Hits : 5608
၃ ပေခွဲကျော်ရှိ တောက်တဲ့ကို ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် ဝယ်ယူ
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်ဆည်ကျေးရွာတွင် တောက် တဲ့ တစ်ကောင်ကို ကျပ်သိန်းပေါင်း တစ်သောင်းခုနစ်ထောင်ဖြင့် အောက်တိုဘာ ၃၀ ရက်က အရောင်းအဝယ်ဖြစ်သွားကြောင်း သတင်းရရှိသည်။ “ကျောက်ဆည်ရွာက တောက်တဲ့တော့ မဟုတ်ဘူး။ အဲဒီရွာကိုယူပြီး အရောင်းအဝယ်ဖြစ်တာ တောက်တဲ့အရှည်က ၃ ပေခွဲရှိတယ်။ အလေးချိန်က တစ်ပိဿာလေးဆယ်ကျပ်သားရှိတယ်”ဟု မျက်မြင်သက်သေတစ်ဦးကဆိုသည်။

gecko

အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ ကုန်သည်တစ်ဦးက ကျပ်သိန်းပေါင်းတစ်သောင်းဖြင့် ဝယ်ယူရန် ကနဦးကမ်းလှမ်းခဲ့သည်ဟု မန္တလေးဒေသခံ တောက်တဲ့ကုန်သည်တစ်ဦးက ဆိုသည်။ “ကျပ်သိန်းပေါင်း တစ်သောင်းပေးတာ မရောင်းလို့ သိန်းငါးသောင်းပေးမယ် သွားကမ်းလှမ်းတော့ ရောင်းပြီးကြောင်း သိလိုက်ရတယ်”ဟု အဆိုပါ ဒေသခံ ကုန်သည်ကဆိုသည်။

အဆိုပါ တောက်တဲ့အား မန္တလေးဒေသခံ တရုတ်ကုန်သည်များက ဝယ်ယူခြင်းဖြစ်ပြီး တောက်တဲ့၏ ၃ ရက်တစ်ကြိမ် အန်ထုတ်သော အန်ဖတ်အား ဆေးဖော်ရာတွင် အသုံးပြုကြောင်း သိရသည်။ ဈေးကွက်တွင် ၂၅ ကျပ်သားအထက် အလေးချိန်ရှိသော တောက်တဲ့များကို မန္တလေးမြို့၌ အခြေစိုက်၍ လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိသည်။

Credit: 7Day News Journal

No comments:

Post a Comment