မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်လည်ပတ်မှု ခရစ်စမတ်မတိုင်မီ ကာလတွင် လျော့ကျခဲ့

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အစုအပြုံလိုက် ၀င်ထွက်သွားလာနေရာမှ ခရစ်စမတ်ကာလရောက်ခါနည်း အချိန်၊ဒီဇင်ဘာ ဒုတိယပတ်ခန့်မှစတင်၍ ခရီးသွားများ လာရောက် လည်ပတ်မှု သိသာစွာ လျော့ကျသွားကြောင်း သတင်းရရှိပါသည်။
''ခုချိန်က ပုံမှန်အတိုင်းလျော့ တတ်ပါတယ်။ ထိုင်းနိုင်ငံတို့လိုနေရာမျိုးမှာ သွားပျော်တတ်ကြတယ်။ခရစ် စမတ်လွန်တဲ့အခါ ပြန်ပြီးလာကြ တယ်''ဟု ဧည့်လမ်းညွှန်တစ်ဦး ပြော ပါသည်။
ဒီဇင်ဘာလအတွင်း နိုင်ငံခြား ခရီးသွားဝင်ရောက်မှုသည် ၂၀၀၇/ ၂၀၀၈ ခုနှစ်များတွင် ၄၀၀၀ ကျော် ၅၀၀၀မျသာ ၀င်ရောက်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ၉၁၅၉ ဦး၊ ၂၀၁၀ခုနှစ် ဒီဇင်ဘာလတွင် ၁၀၇၂၁ ဦး ပုဂံသို့ ၀င်ရောက်လည်ပတ်ခဲ့ ကြောင်း သိရသည်။
ခရစ်စမတ်လွန် တစ်ရက်နေ့တွင်မူ လေကြောင်းလိုင်းတစ်ခုသည် ၎င်း၏လေကြောင်း တစ်ခုတည်းပင် ခရီးစဉ်ကိုးခုရှိကြောင်း သိရသည်။ထို့နောက်ပိုင်းတွင် မတ်လခန့်အထိ နိုင်ငံခြားသားခရီးသွား အများအပြား ပြန်လည်ဝင်ရောက်လာလေ့ရှိကြောင်း သိရသည်။
copy by first-11.com

No comments:

Post a Comment