မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

ကိုယ်ပိုင်ကျောင်း ဥပဒေအရ နိုင်ငံသား များသာ ကျောင်းထောင် ခွင့်ရ

ပြည်ပနိုင်ငံ အကူအညီဖြင့် တည်ထောင် ဖွင့်လှစ်ခြင်း၊ နိုင်ငံခြား အဖွဲ့အစည်းမှ ဦးစီး တည်ထောင်သော (သို့မဟုတ်) ထိုအဖွဲ့အစည်း၏ အကူအညီဖြင့် တည်ထောင် ဖွင့်လှစ်ခြင်းကို ကန့်သတ် ထားသော ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေအား ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်သည်။
ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည် တစ်ဦးတည်း တည်ထောင် ဖွင့်လှစ်လိုခြင်းဖြစ်ပါက မြန်မာနိုင်ငံ သားဖြစ်ခြင်း၊ အဖွဲ့အစည်းက တည်ထောင် ဖွင့်လှစ်လိုခြင်းဖြစ် ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှု အဖွဲ့ဝင် အားလုံးသည် မြန်မာ နိုင်ငံသား ဖြစ်ခြင်းဆိုသည့် အချက်များနှင့်ကိုက်ညီရမည်ဖြစ် သည်။
စီးပွားရေးလုပ်ငန်းတွေမှာ လုပ်သလိုမျိုး နားလှည့်ပါး ရိုက်နဲ့ နိုင်ငံခြားသားက အမည်ခံခိုင်းပြီးလုပ်မှာစိုးလို့ အမြော် အမြင်နဲ့လုပ်ထားတာပါ။ ပညာရေးကို စီးပွားရေးလုပ်ငန်းလို မျိုး နိုင်ငံခြားသားက ခြယ်လှယ်သွားမှာ စိုးရိမ် ပါတယ။် အခုက တော့ အားလုံးကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးလိုက်တာပါ။ဒါပေမဲ့ လက်ရှိဖွင့်ထားတဲ့ တစ်ဘာသာသင်၊နှစ်ဘာသာသင်နဲ့ ဘာသာစုံသင်နေတဲ့ကျုရှင်တွေ ဒီဥပဒေမှာ ဘယ်လိုအကျုံးဝင်မလဲ ပေါ။့ ဘာပဲပြောပြောကျူရှင်စရိတ်ကိုတော့ အများကြီး သက်ရောက်မှု ရှိလာမှာပါ ဟု ပညာရေးတက္ကသိုလ်မှအငြိမ်းစား ဒုတိယပါမောက္ခ ချုပ်တစ်ဦးက သုံးသပ်သည်။
ကိုယ်ပိုင်ကျောင်းများတွင် ထပ်ဆောင်းသင်ခန်းစာများသင် ကြားခွင့်ရရှိမည်ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းနှင့် စပ်လျဉ်း၍ မမှန်မကန် ကြော်ငြာခြင်း မပြုရဟု ဥပဒေ၌ ပြဌာန်းထားသည်။ ကိုယ်ပိုင်ကျောင်းများ တည်ထောင် ဖွင့်လှစ်ရာတွင် အခြေခံ ပညာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း (သို့မဟုတ်) အထက် တန်းကျောင်းအနေဖြင့် ခွဲခြား ဖွင့်လှစ် ခွင့်ပြုမည် ဖြစ်ပြီး ကျောင်းအ ဆောက်အအုံသည် ကျောင်းအဖြစ် အသုံးပြုနိုင်သည့် အခြေအနေရှိ ရှိရန် သတ်မှတ် ထားသော်လည်း ကျောင်း မြေနေရာ အကျယ်အဝန်းနဲ့ ပတ်သက်၍ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။
ပြည်တွင်းရှိ ပုဂ္ဂလိကပညာရေးကဏ္ဍတွင် ကိုယ်ပိုင်ကျောင်း ဥပဒေထွက်ရှိလာခြင်းကြောင့် လာမည့်ပညာသင်နှစ်၌ ရန်ကုန်နှင့် မန္တလေးမြို့များ သာမက နယ်ြမို့များတွင်လည်း ကိုယ်ပိုင်ကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment