မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

ပုဂံ-ညောင်ဦး၌ ဝိုင်ဖိုင် အခမဲ့ ပေးပြီ

ပုဂံ-ညောင်ဦးဒေသတွင် ဝိုင်ဖိုင်အခမဲ့ သုံးစွဲခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း ဝန်ဆောင်မှု ပေးသည့် Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နိုဝင်ဘာလ နောက်ဆုံး အပတ်ကနေစပြီး သုံးစွဲခွင့်ပေးလိုက် တာပါ။ သုံးစွဲတဲ့အခါမှာလည်း အခမဲ့ သုံးစွဲခွင့်ရအောင် ဆောင်ရွက်ပေး ထားပါတယ်။
ပုဂံဒေသကို ခြေချ လိုက်တာနဲ့ အင်တာနက်ကို စတင် သုံးစွဲလို့ ရပြီဆိုတဲ့ အသိတစ်ခု ရသွားစေချင်တာပါ။ အဓိကကတော့ ဘုရားဖူးလာတဲ့သူတွေ အင်တာ နက်ကို လွယ်လွယ်ကူကူ သုံးစေ ချင်တဲ့ရည်ရွယ်ချက်ပါဟု အထက် ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိတွင် ပုဂံေ ဒသ၌ ဝိုင်ဖိုင် အင်တာနက် သုံးစွဲခွင့် ပေးထားသည့် နေရာများမှာ ပုဂံ-ညောင်ဦးလေ ဆိပ်၊ ဗူး ဘုရား၊ ရွှေဆံတော်ဘုရား၊ အာနန္ဒာဘုရား တြို့ဖစ်ကြောင်း ၄င်း ကုမ္ပဏီမှ သိရသည်။
လက်ရှိ ဝိုင်ဖိုင်သုံးစွဲခွင့် ၄ နေရာပေးထားပေမယ့် နောက်ထပ် နေရာတော်တော်များများ ပေးသွား ဖို့ရှိပါတယ်။ အခု နောက်ထပ်ပေး မယ့်နေရာနှစ်ခု ရှိပါတယ်။ ရွှေစည်း ခုံဘုရားနဲ့ သဗ္ဗညုဘုရားတို့ကို ပေး သွားဖို့ရှိပါတယ်။ ဒီဆောင်ရွက် ချက်တွေကိုလည်း မြန်မာ့ဆက် သွယ်ရေးနဲ့ပူးပေါင်းပြီး ဆောင်ရွက် သွားမှာပါဟု အထက်ပါပုဂ္ဂိုလ် က ဆက်လက်ပြောသည်။
ယင်းသို့ ဝိုင်ဖိုင်ထုတ်လွှင့်ပေး ရာတွင် အင်တာနက်မြန်နှုန်း 2 MB အထိ အသုံးပြုခွင့်ပေးထားကြောင်း၊ ၄င်းအပြင် ဝိုင်မက်စ်အင်တာနက် စနစ်ကို512 kb အထိဝန်ဆောင်မှု ပေးထားကြောင်း အထက်ပါကုမ္ပဏီ က ပြောသည်။ ယခင်က ပုဂံဒေသ၌ အင်တာ နက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ အများစုမှာ ဝိုင်ဖိုင်ဇုန်ထားရှိ ပေးခြင်း မရှိဘဲ ယခုအချိန်မှသာလျှင် ပထမ ဆုံးဝိုင်ဖိုင်ဇုန်တစ်ခု ပေါ်ပေါက်လာ ခြင်းဖြစ်သည်။
ပုဂံမှာ ဝိုင်ဖိုင်နဲ့ အင်တာ နက်သုံးလို့ရပြီ ဆိုတော့ အရင်ထက် ပိုပြီး အဆင်ပြေမှာပါ။ ခရီးသွား တော်တော်များများက အင်တာနက် အသုံးပြုချင်ရင် ကိုယ်တည်းတဲ့ ဟိုတယ်မှာပဲ သုံးရတာ များတယ်။ အခု ဘုရားတွေမှာ အင်တာနက် အသုံးပြုလို့ရပြီဆိုတော့ အရင်ထက် ပုဂံကို ခရီးသွားလာမှု ရှိလာနိုင်ပါ တယ်ဟု ပုဂံသို့သွားရောက်မည့် ခရီးသွားပုဂ္ဂိုလ်တစ်ဦးကပြောသည်။ လက်ရှိကာလတွင် ဝိုင်ဖိုင်ဇုန် ထားရှိမှု၊ အင်တာနက် သုံးစွဲမှုများ မှာ ရန်ကုန်၊ မန္တလေးမြို့ကြီးများ တွင်သာ တွင်ကျယ်ပြီး အခြား နယ် မြို့များတွင်မူ အနည်းငယ်သာ ရှိ ကြောင်း သိရသည်။

No comments:

Post a Comment