မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများကြောင့် လူ ၄၅,၀၀၀ ရွှေ့ပြောင်းခဲ့ရ

ဗုံးများသည် (၆၅)နှစ်မျှ ကြာမြင့်နေပြီဖြစ်သော်လည်း ပေါက်ကွဲနိုင်ဆဲ အခြေအနေတွင် ရှိနေဆဲ
Posted on Dec 07 11 - 02:13 PM | Hits : 527
ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများကြောင့် လူ ၄၅,၀၀၀ ရွှေ့ပြောင်းခဲ့ရ
ဂျာမနီနိုင်ငံ၊ ကော့ဘ်လန့်ဇ်မြို့တွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးများကြောင့် လူပေါင်း (၄၅၀၀၀)မျှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။ အဆိုပါ ပမာဏသည် နိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသည့် မြို့နေလူဦးရေ စုစုပေါင်း၏ ထက်ဝက်နှင့် ညီမျှသည်။ အန္တရာယ်ရှိနေဆဲဖြစ်သော စစ်လက်ကျန်ဗုံးများကို ရှာဖွေတွေ့ရှိပြီးနောက် ယခုလို ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်သည်။ “ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက ဂျာမနီရဲ့ အကြီးမားဆုံး ရွှေ့ပြောင်းမှုပဲ”ဟု မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရော်နယ်လ် အက်ပီလ်ရှိမ်းက ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က တွေ့ရှိခဲ့သော ဗုံးများသည် (၆၅)နှစ်မျှ ကြာမြင့်နေပြီဖြစ်သော်လည်း ပေါက်ကွဲနိုင်ဆဲ အခြေအနေတွင် ရှိနေဆဲဟု သိရသည်။



အဆိုပါ ဗုံးများကို ဗြိတိန်နှင့် အမေရိကန် မဟာမိတ် လေယာဉ်များက ကြဲချခဲ့ခြင်း ဖြစ်နိုင်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရိုင်းမြစ်၏ ရေမျက်နှာပြင်မှာ စံချိန်တင်လောက်အောင် နိမ့်ကျလာပြီးနောက် အဆိုပါ သေမင်းတမန် လက်နက်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အကြီးဆုံး ဖောက်ခွဲရေး ပစ္စည်းသည် ဗြိတိသျှ လေတပ်မှ ကြဲချခဲ့သည့် (၁.၈)တန်လေးသော ဗုံးကြီးဖြစ်သည်။ အဆိုပါဗုံးသည် ကော့ဘ်လန့်ဇ် မြို့တော်ခန်းမ တစ်ခုလုံးကို စိစိညက်ညက်ချေလိုက်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ လက်ရှိတွင် ဗုံးရှင်းလင်းရေး အဖွဲ့များသည် အဆိုပါ ဗုံးများကို စနက်တံဖြုတ်ရန် စီစဉ်လုပ်ကိုင်နေပြီဖြစ်သည်။ သို့သော်လည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေသူများသည် ဗုံးရှင်းလင်းမှု လုပ်ငန်းများ မပြီးမချင်း နေရပ်သို့ ပြန်ခွင့်ရဦးမည် မဟုတ်ကြောင်း သိရှိရသည်။

No comments:

Post a Comment