မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

အချစ်သစ်တွေ့သွားသည့် လီယိုနာဒို ဒီကာပရီယို

Posted on Dec 23 11 - 06:06 PM | Hits : 1562
အချစ်သစ်တွေ့သွားသည့် လီယိုနာဒို ဒီကာပရီယို
ဟောလီးဝုဒ် နာမည်ကျော်မင်းသား လီယိုနာဒို ဒီကာပရီယိုတစ်ယောက် အချစ်သစ် ရနေပြီဖြစ်သည်။ Victoria’s Secret၏ မော်ဒယ်လ် တစ်ဦးဖြစ်သူ အီရင် ဟီသာတန်နှင့် ဇာတ်လမ်းဖြစ်နေကြောင်း သိရသည်။ အသက်(၃၇)နှစ်ရှိ လီယိုနာဒိုသည် ဆစ်ဒနီမြို့တွင် The Great Gatsby ဇာတ်ကားကို ရိုက်ကူးရန် ရောက်ရှိနေခဲ့စဉ်က Victoria’s Secret မော်ဒယ်လ် အတော်များများနှင့် ဆုံမိခဲ့သေးသော်လည်း အီရင်နှင့်မှ အခြေတကျ ဖြစ်သွားခြင်းဟု ဆိုသည်။ ၎င်းတို့ နှစ်ဦးကို ဒီဇင်ဘာ (၉)ရက်နေ့တွင် အတူတွဲလျက်သား ပထမဆုံး တွေ့ဆုံခဲ့သည်။

Leonardo

(လီယိုနာဒိုနှင့် အီရင် ဟီသာတန်)

ယခုအခါ အီရင်သည် နယူးယော့ခ်မှတစ်ဆင့် ဩစတြေးလျထိ လိုက်လာကာ လီယိုနာဒိနှင့် အတူနေထိုင်လျက်ရှိသည်။ သို့သော်လည်း အီရင်သည် အမေရိကန်သို့ နှစ်မကုန်မီ ပြန်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။ မျက်မြင်တစ်ဦးက “သူတို့နှစ်ယောက် စိတ်ချင်းရော၊ လူချင်းပါ သိပ်နီးကပ်လွန်းတာ သေချာပေါက် ပြောနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ဟောလီးဝုဒ် နာမည်ကျော် မင်းသားများ အနေနှင့် Victoria’s Secretမှ မော်ဒယ်လ်များနှင့် ရေစက်ဆုံခြင်းမှာ ယခုနောက်ပိုင်းတွင် ပေါ်ပြူလာဖြစ်သော ပရိသတ် စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းများ ဖြစ်လာသည်။ Lord of the Rings စတား အော်လန်ဒို ဘလွမ်းသည် Victoria’s၏ ပထမဆုံး ဩစတြေးလျ မော်ဒယ်လ် မီရန်ဒါကားရ်နှင့် တွေ့ဆုံခဲ့သလို Transporterစတား ဂျေဆန် စတက်ဟမ်းသည်လည်း Victoria’s Secret မော်ဒယ်လ် တစ်ဦးဖြစ်သည့် Transformers မင်းသမီး ရိုစီ ဟက်တင်ဂမ် ၀ှစ်ဘလေနှင့် ချစ်သူများ ဖြစ်လာခဲ့သည်။

No comments:

Post a Comment