မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

မျိုးရိုးဗီဇအရ ပိန်ခြင်း၊ ဝခြင်း ဖြစ်နိုင်ကြောင်း တွေ့ရှိရ လေ့လာမှုများအရ ပိန်သော မိဘနှစ်ပါးမှ ပေါက်ဖွားလာသော ကလေးများသည် အဝလွန်နေသည့် မိဘများက မွေးဖွားလာသည့် ကလေးများထက် ပိန်သွယ်သူများဖြစ်ရန် ဖြစ်နိုင်ခြေ (၃)ဆ မြင့်မားကြောင်း ဖော်ထုတ်တွေ့ရှိ

ပိန်ခြင်းသည် မျိုးရိုးဗီဇအလိုက် ဆင်းသက် လက်ဆင့်ကမ်းနိုင်ကြောင်း သိရှိရသည်။လေ့လာမှုများအရပိန်သော မိဘနှစ်ပါးမှ ပေါက်ဖွားလာသော ကလေးများသည် အဝလွန်နေသည့် မိဘများက မွေးဖွားလာသည့် ကလေးများထက် ပိန်သွယ်သူများဖြစ်ရန် ဖြစ်နိုင်ခြေ (၃)ဆ မြင့်မားကြောင်း ဖော်ထုတ်တွေ့ရှိလာခဲ့သည်။ သိပ္ပံပညာရှင်များသည် မိသားစုဝင် တစ်ဦး၏ အဝလွန်မှုသည် အခြားမိသားစုများနှင့် ဆက်စပ်ခြင်း ရှိမရှိကို ကာလရှည်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး (၅)နှစ်အတွင်း ဗြိတိန်မှ မိသားစု (၇၀၀၀)ကို မှတ်တမ်းပြုစုခဲ့သည်။ ခန္ဓာကိုယ် သိပ်သည်းမှု ညွှန်ကိန်း (BM)တွက်ချက်နည်းအရ ရလဒ် (၁၈.၅)မှ (၂၄.၉)ကို ကျန်းမာသော အနေအထားဟု သတ်မှတ်ပြီး (၂၅)မှ (၂၉.၉)ကို ကိုယ်အလေးချိန်များကြောင်းနှင့် (၃၀)အထက်ကို အဝလွန်ကြောင်း သတ်မှတ်ထားသည်။

လေ့လာမှုများအရ BMIတွက်နည်းရလဒ် (၁၈.၅)အောက်ရှိသော ကလေးအများစု၏ မိဘများသည် ပိန်ပိန်သွယ်သွယ်များ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ ကက်ထရီနာ ဝှစ်တိတ်ကာက “ကလေးတွေရဲ့ ကိုယ်အလေးချိန် အခြေအနေဟာ မိဘတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ကျွန်မတို့ လက်တွေ့ သိလာရပါတယ်။ အရင်ကလည်း ဒီလိုပုံစံ လေ့လာမှုမျိုး လုပ်ခဲ့ဖူးပေမယ့် အဲဒီတုန်းက အဝလွန်တဲ့ အခြေအနေကို အဓိက စူးစိုက်လေ့လာခဲ့တာပါ။ ခုတော့ မျိုးဗီဇ ဖွဲ့စည်းပုံတွေက လူတစ်ယောက်ရဲ့ ပိန်ခြင်း၊ ဝခြင်းကို တိုက်ရိုက်ဆက်စပ်ပြီး ပုံဖော်နိုင်တယ်ဆိုတာကိုပါ ဖော်ထုတ်နိုင်ခဲ့ပါပြီ”ဟု ရှင်းလင်းပြောကြားသွားခဲ့သည်။
Source ; www.planet.com.mm

No comments:

Post a Comment