မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

မုံရွာ အလတ်စား သင်္ဘောကျင်း လုံခြုံရေး ယခုထက် ပိုမို တင်းကျပ်ရန်လို

vn_3_21_8
လွန်ခဲ့သည့် လေးနှစ်နီးပါးက တည်ဆောက်ခဲ့သော မုံရွာမြို့၊ ချင်းတွင်း ဆိပ်ကမ်း ကွေ့ကြီးရပ်ရှိ ပုဂ္ဂလိက အလတ်စား သင်္ဘောကျင်း လုပ်ကွက်သည် စည်ကား ကျယ်ပြန့်လာသည် နှင့်အမျှ နေ့စဉ်ပစ္စည်း ပျောက်ရှမှုများလည်း ပိုမိုဖြစ်ပွား လာရာ လုပ်ငန်းရှင်များနှင့် ဒေသ အာဏာပိုင်များပူးပေါင်း၍ သင်္ဘော ကျင်းလုံခြုံရေးကို ယခုထက် ပိုမို လုပ်ဆောင်ရန် လိုအပ်လျက်ရှိ ကြောင်း သင်္ဘောကျင်းတာဝန်ရှိ သူတစ်ဦးက ပြောသည်။
သင်္ဘောကျင်းတွင်တရားဝင် ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ ရှစ်ဦးရှိ သော်လည်း လုပ်ကွက်ထဲတွင်လုပ် ကိုင်သူလုပ်ငန်းရှင်မှာ ၁၂ ဦးအထိ ရှိကြောင်း၊ လုပ်ငန်းအကြီးအသေး ပေါ်မူတည်၍ လုပ်သားအင်အား ၄၀ ဦးမှ ၆၅ ဦးအထိထားရှိကာ ရေယာဉ်တစ်စီး၏ အစိတ်အပိုင်း အသီးသီးကို ကျွမ်းကျင်လုပ်သား များ၏ စုပေါင်းအားဖြင့် တည် ဆောက်လျက်ရှိကြောင်း၊ ရေယာဉ် အကြီးအသေးပေါ်မူတည်၍ တစ် စင်းလျှင် ၂ လခွဲမှ ၃ လခန့်အထိ ကြာမြင့်တတ်ကြောင်း၊ လုပ်အားခ မှာ ရိုးရိုးရေယာဉ်တစ်စီး ၂ ပေလျှင် ၁၀ သိန်းနှုန်းဖြင့် ပေအလိုက် တွက် ယူသော်လည်းဆီနှင့် သစ်တင်သည့် အထူးရေယာဉ်များ တည်ဆောက် ရာ တွင် ၂ ပေလျှင် ၁၂ သိန်း ယူ လျက်ရှိသည်။

No comments:

Post a Comment