မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

ရာသီပြောင်းချိန်.........

ဆောင်းဦးရာသီကာလ အခုအချိန်ဟာ မြင်မြင်သမျှ လှပတဲ့ရာသီလေးပေါ့... သစ်ရွက်လေးတွေက နဂိုအစိမ်းရောင်ကို ချွတ်ပြီး ရောင်စုံအရောင်တွေ ကိုယ်စီဝတ်လိုက်ကြတော့ ပတ်ဝန်းကျင်တစ်ခုလုံးက အရောင်စုံပြီး လှပနေပါတယ်။ ဒီလို ရောင်စုံသစ်ရွက်ကြွေလေးတွေကို ကျွန်မအရမ်း သဘောကျတယ်။ တွေ့မိသမျှ ရောင်စုံသစ်ရွက်တွေကို ပါလေရာဖုန်းနဲ့ အမှတ်တရရိုက်ယူခဲ့ပါတယ်။ နောက်လဆိုရင် သစ်ပင်တွေအားလုံး ဂတုံးဖြစ်ပြီး သစ်ခြောက်ပင်အဖြစ်နဲ့ နှင်းဒဏ်ကိုခံကြရတော့မှာပါ။ နွေရာသီမဟုတ်ဘဲ သစ်ရွက်ကြွေရသလားလို့ ပြောခဲ့ရင် ကျွန်မလည်းမသိပါဘူး.. တကယ်ပါ ဒီမှာက ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အကုန်ကြွေပါတယ်။ ထင်းရူးပင်တွေက လွဲလို့ပေါ့..........



နိုင်းနိုင်းစနေ

No comments:

Post a Comment