မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ငယ်ပေးမယ့် စွမ်းတဲ့ ကင်မရာ

Panasonicm ၂ဝဝ၈ ခုနစ်မှာ ကြေးမုံမပါဘဲ မှန်ဘီလူးတွေ ပြောင်းလဲတပ်လို့ရတဲ့ ကင်မရာ Lumix G1 အောင်မြင်ပြီး နောက် ပိုမိုသေးငယ်ပြီး မှန်ဘီလူးတွေ ပြောင်းလဲတပ်ဆင်လို့ ရတဲ့ GF စီးရီး ကင်မရာတွေကို ထုတ် လုပ်ခဲ့ပြန်ပါတယ်။Micro Four third ပုံရိပ်ဖမ်းလွှာအကြီးတွေကို တပ်ဆင် ထားတာဆိုတော့GF စီးရီး ကင်မရာ တွေ ကလည်း အောင်မြင်ခဲ့ တာပါပဲ။
Samsung က Panasonic ထက် ပိုကြီးတဲ့APS-C အရွယ် ပုံရိပ်ဖမ်းလွှာကို အသုံးပြုထားတဲ့NX စီးရီး ကင်မ ရာတွေကို ထုတ်ပြီး ယှဉ်ပြိုင်လာပါတယ်။ Sony ကတော့NEX3, NEX5 ကင်မရာလေးတွေထုတ်ပြီး ဓာတ်ပုံ လောက ကို ကိုင်လှုပ်လာခဲ့ပါတယ်။DSLR ကြီးတွေမှာ သုံးတဲ့ ပုံရိပ်ဖမ်း လွှာကြီးတွေကို သုံးထားပြီး ကင်မရာ အရွယ် ကတော့ သေးငယ် ပေါ့ပါးလွန်းလှပါတယ်။ ဒီကင်မရာတွေဟာ ဓာတ်ပုံပညာရှင် တွေ ကြားမှာ တောင် ပြောဆိုစရာ၊ ရွေး ချယ် စရာတစ်ခု ဖြစ်လာ ခဲ့ပါတယ်။
2011 June တတိယပတ်မှာတော့Panasonic က Sony NEX-C3 ကို ယှဉ်ပြိုင်ဖို့အတွက်Lumix GF3 ကို ထုတ်ပြန်ကြော်ငြာလိုက်ပါတယ်။ သူ့ရဲ့မှန်ဘီလူးLine-up ထဲကိုလည်းLeica Summilux DG 24mm f1.4 မှန်ဘီ လူးတစ်လုံးကို ထပ်ပြီး ဖြည့်လိုက်ပြန်ပါသေးတယ်။ ဒီလို f11.4 ဖွင့်လို့ရတဲ့ စံမှန်ဘီလူးမျိုးဆိုတာကလည်း ဓာတ်ပုံ ပညာချစ်သူ တွေ အတွက်ကတော့ လိုချင်စရာဆိုတာ အသေအချာပါပဲ။
Panasonic ရဲ့ Lumix GF3 ကင်မရာက အရွယ် အစားနဲ့တည်ဆောက်ပုံမှာSony Nex-C3ကို ယှဉ်နိုင်ပေမဲ့ ပုံရိပ်ဖမ်းလွှာ12 megapixel ဆိုတာကတော့ အားလျော့စရာ ပါပဲ။ ဓာတ်ပုံအရည်အသွေးကောင်းဖို့ဆိုတာက ပုံရိပ် ဖမ်းလွှာ အရွယ်အစားကြီးဖို့အပြင် megapixel များများ ပါဖို့လဲ လိုအပ် ပြန်တယ်လေ။ နောက်ထပ် တစ်ချက် က တော့ ကင်မရာကို ကိုင် တွယ်အသုံးပြုသူတွေအတွက် ရင်းနှီးကျွမ်းဝင်စွာနဲ့ ကိုင်တွယ် နိုင်ဖို့ လိုအပ် ပါတယ်။
ရောင်ပြန်မှန်ချပ်မပါတဲ့၊မှန်ဘီလူးတွေ ပြောင်းလဲ တပ်ဆင်လို့ရတဲ့ ကင်မရာတွေကို သူ့ထက်ငါ ပိုပြီး သေး ငယ်အောင်ပြိုင်ဆိုင်ထုတ်လုပ်နေကြပါတယ်။GF2 ကို အဆင့်မြင့် တင်ထားတဲ့ ဒွီGF3ကင်မရာဟာလည်း GF2 ကင်မ ရာထက်တည်ဆောက်ပုံပိုပြီးတော့သေးငယ်ပါတယ်။ဒီလိုသေးငယ်သွားတဲ့အတွက်မြင်ကွင်းကြည့်ပေါက်၊ လျှပ် တစ် ပြက်မီးနဲ့ သီးခြားလျှပ်တစ်ပြက်မီး တပ်ဆင်ဖို့Flash hot-shoe မပါဝင် လာတော့ ပါဘူး။ LCD ကို ထိတွေ့ သုံးစွဲ လို့ ရ တဲ့Touch screen အမျိုးအစားသုံးထားပေမယ့် လှည့်လို့၊ လှန်လို့တော့ မရပါဘူး။
ISO 160~6400
3.8 fPS

တစ်စက္ကန့်ကို ၃.၈ပုံနှုန်းနဲ့ ဓာတ်ပုံတွေကို ဆက် တိုက်ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။RAW ဖိုင်အမျိုးအစားနဲ့ ရိုက် ယူမယ်ဆိုရင်တော့ ၇ပုံအထိ ဆက်တိုက်ရိုက်နိုင်မှာဖြစ်ပြီးတော့JPEG ဖိုင် အမျိုးအစားနဲ့ဆိုရင်တော့ ပုံ အရေ အတွက် အကန့် အသတ်မရှိ ဆက်တိုက်ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။
Shutter Speed bulb ~ 1/4000 sec
ရှပ်တာအမြန်နှုန်းကို အမြန်ဆုံး 1/4000 စက္ကန့်အထိ အသုံးပြုနိုင်ပြီး စိတ်ကြိုက်အမြန်နှုန်း bulb မှာလည်း ၄မိနစ်အထိ ရိုက်နိုင်ပါတယ်။ ဒီအချက်ကတော့ Panasonic Lumix G3 ထက် သာလွန်ပါတယ်။
PinPoint AF Mode
အလိုအလျောက် ဆုံချက်ရှာပေးတဲ့ အမှတ်လေးကိုPinPoint အရွယ်ပြောင်းလဲ လိုက်ရင်တော့ မြင်ကွင်း ဧရိယာ ရဲ့ ဘယ်နေရာကိုမဆို ဆုံချက်ရှာပေးမှာ ဖြစ်ပါတယ်။
AE Bracketing 3 or 5 Frames
မှန်ကန်တဲ့ စိတ်ကြိုက်Exposure အလင်းပေးပုံကောင်းတစ်ပုံကို ရဖို့အတွက်Exposure တွေကို အတိုး အလျော့လုပ်ပြီး ၃ပုံကနေ ၅ပုံအထိ ရိုက် ပေးနိုင်ပါတယ်။ ဒီစနစ်ကတော့ ဓာတ်ပုံတွေကိုHDR လုပ်မယ့် သူတွေ အတွက် လည်း အမှန်တကယ် အသုံးဝင်တဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ။
Panasonicရဲ့ရွေးချယ်စရာတွေနဲ့ ပြည့်စုံတဲ့ မှန်ဘီလူး line-up ကတော့ သူ့ရဲ့ မှန်ဘီလူးတွေ ပြောင်းလဲတပ် ဆင်လို့ရတဲ့ ကင်မရာတွေကို ရွေးချယ်ဖို့အတွက် အဓိက အထောက် အပံ့ပါပဲ။ ဒီနေ့ခေတ်မှာတော့ ဓာတ်ပုံ ဝါသနာ ရှင်တွေ အတွက် မှန်ဘီလူးလိုအပ်ချက်တွေကလည်း များလာခဲ့ပြီလေ။ ဓာတ်ပုံပညာကို လူအများ စုက လက်လှမ်း မီလာကြတော့ မှန်ဘီ လူး line-up ပြည့်စုံမှုကလည်း ရေရှည်အောင်မြင်ဖို့ အတွက် လို အပ် ချက် တစ်ခုပါပဲ။

ကျော်ကျော်ဝင်း(MPS)

No comments:

Post a Comment