မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေများ ကျဆင်းရန်ရှိနေ

ကမ္ဘာတ၀ှမ်း စီးပွားရေး ကမောက်ကမဖြစ်နေမှု၏ အကျိုးဆက်များအရ လက်ရှိ ဘဏ္ဍာရေးနှစ်၌ မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ငန်းမှ ရရှိငွေကို များစွာ ထိခိုက်နိုင်ဖွယ် ရှိနိုင်သည် ဟု ကျွမ်းကျင်သူတဦးက ပြောကြားသည်။

"နိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းဟာ ကျဆင်းနေတဲ့ ရေနံဈေးနှုန်းနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုအပေါ်မှာ အများဆုံး မှီတည်နေတဲ့အတွက် လာမည့်နှစ်မှာ ဆိုးကျိုးတွေ ရှိလာနိုင်တယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတွင် အမှုထမ်းခဲ့ဖူးသော ငွေကြေးမူဝါဒ ကျွမ်းကျင်သူတဦးက ပြောကြားသည်။

လက်ရှိ ဘဏ္ဍာရေးနှစ် ၂၀၀၈- ၂၀၀၉ ခုနှစ်သည် မတ်လ ၃၁ ရက်၊ ၂၀၀၉ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။ ကျွမ်းကျင်သူအဆိုအရ သဘာဝဓာတ်ငွေ့ ဈေးနှုန်းသည် ရေနံဈေးနှုန်းနှင့်အမြဲတမ်း ဆက်နွယ်မှုရှိနေသောကြောင့် ရေနံဈေးနှုန်း ကျဆင်းချိန်တွင် သဘာဝဓာတ်ငွေ့ ဈေးလည်း ကျဆင်းလာနိုင်သည်ဟု ပြောကြားသည်။

ရေနံဈေးနှုန်းသည် ဇူလိုင်လအတွင်း၌ တစည်လျှင် ၁၄၇ ဒေါ်လာဖြင့် စံချိန်တင် မြင့်တက်သွားခဲ့သည်။ သို့သော်လည်း ထို့နောက်တွင် ပြန်လည် ကျဆင်းလာခဲ့ရာ ယခုအချိန်တွင် တစည်လျှင် ၆၇ ဒေါ်လာ ပတ်ဝန်းကျင်ဈေး ဖြစ်နေသည်။

စာရင်းအင်းဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းများအရ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနိုင်ခြင်းကြောင့် ၂၀၀၂-၂၀၀၃ခုနှစ်မှ စ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေးပိုငွေ ပြခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူသည့် နိုင်ငံဖြစ်ပြီး ထိုသို့ရောင်းချရခြင်းမှ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ထိ ရရှိခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများနှင့် ကမ္ဘာ့စီးပွါးရေး ဆုတ်ယုတ်မှုကဲ့သို့သော မကောင်းသည့် လက္ခဏာများက ထိုင်းနိုင်ငံ၏ စီးပွါးရေးကို လာမည့်နှစ် စောစောပိုင်းအထိ ထိခိုက်နိုင်သည်ဟု ထိုင်းနိုင်ငံဘဏ်က ပြောသည်။

အခြားမြန်မာစီးပွါးရေး ကျွမ်းကျင်သူတဦးက ခရီးသွားလုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများကဲ့သို့သော အရေးကြီးသည့် လုပ်ငန်းများအား အဓိက ရည်ညွန်း၍ မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွါးရေး ကျဆင်းမှုကို စတင်ခံစားနေရပြီဟု ပြောကြားသည်။

"အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တေ၊ွ ဝန်ဆောင်မှုတွေကို ကမ္ဘာရဲ့ ဝယ်လိုအားဟာ အကျဘက်ကို ပြနေပါတယ်" ဟု သူက ပြောသည်။

အမေရိကန်၏ ချေးငွေ အကြပ်အတည်းက စခဲ့သည့် ငွေကြေးပြဿနာ၏ ရိုက်ခတ်မှုကို အဓိက ခံရသည့် ဥရောပသမဂ္ဂ နှင့် ဂျပန်တို့သည် မြန်မာနိုင်ငံ၏ အထည်လုပ်ငန်းမျိုးစုံမှ ထုတ်ကုန်များကို အဓိက တင်ပို့သည့် နိုင်ငံများ ဖြစ်သည်။

No comments:

Post a Comment