မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

အမျိုးသမီးများ တစ်နေ့လျင် ကော်ဖီ ၄ ခွက် သောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်

တစ်နေ့လျင် ကော်ဖီ(၄)ခွက်မျှ ပုံမှန်သောက်ခြင်းသည် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ကောင်း ဖြစ်စေကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကော်ဖီများများ နေ့စဉ်သောက်ခြင်းသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျသွားစေကြောင်း သုတေသီများက ဆိုသည်။ နှစ်ပေါင်းများစွာကြာအောင် နေ့စဉ် ကော်ဖီ(၄)ခွက်ထက် ပိုသောက်ခဲ့သော အမျိုးသမီးများသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် (၂၅) ရာခိုင်နှုန်းမျှ လျော့နည်းနေကြောင်း Epidemiologyဆေးပညာ ဂျာနယ်က ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဟားဗက် ပြည်သူ့ကျန်းမာရေး ဆေးကျောင်းက ပြုလုပ်သော ယခုစစ်တမ်း ရလဒ်သည် ကဖိန်းဓာတ်နှင့် သားအိမ်ကင်ဆာကြား ဆက်စပ်မှုကို ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ (၂၆)နှစ်ကြာ သုတေသနပြုမှုအတွင်း အဆိုပါ ကင်ဆာနှင့် ဆက်စပ်နေသော အမျိုးသမီး (၆၇၂)ဦး၏ နေထိုင်မှု ဓလေ့သဘာဝများနှင့် အခြားသော ရောဂါကင်းစင်သူ အမျိုးသမီးများကို နှိုင်းယှဉ် လေ့လာခဲ့သည်။

ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ အက်ဒွပ်ဂျီအိုဗန်နုဆီက “ကော်ဖီဟာ ဆီးချိုရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်တဲ့ သဘာဝမျိုး ရှိတဲ့အကြောင်း ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပြီးပါပြီ။ ဒါဟာ သူ့ရဲ့ အင်ဆူလင်ဓာတ်အပေါ် သက်ရောက်နိုင်မှုကြောင့်ပါ။ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ကော်ဖီမှာပါတဲ့ Antioxidantပမာဏဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ရှိနေတာထက်တောင် ပိုပါသေးတယ်”ဟု ပြောကြားသွားခဲ့သည်။
Source ; www.planet.com.mm

No comments:

Post a Comment