မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ဝိုင်မက်အင်တာနက်လိုင်းကို အရစ်ကျစနစ်ဖြင့်ရောင်းမည်

ဝိုင်မက်အင်တာနက်လိုင်းကို အရစ်ကျစနစ်ဖြင့်ရောင်းမည်
ကြိုးမဲ့အင်တာနက်စနစ်တစ်ခုဖြစ်သည့် ဝိုင်င်မက်အင်တာနက်လိုင်းများကို AGD ဘဏ်နှင့်ပူးပေါင်း၍ အရစ်ကျစနစ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာက ပြောသည်။ ရန်ကုန်မြို့အတွက်သာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မန္တလေးမြို့အတွက် ရောင်းချခြင်းကိုမူ ထပ်မံဆောင်ရွက်သွားမည်ဟု သိရသည်။ မူလဈေးနှုန်း ၈ သိန်း ၁ သောင်းကျပ်ဖြင့် ရောင်းချလျက်ရှိသည့် ဝိုင်မက်အင်တာနက်လိုင်းကို တစ်နှစ်တာကာလအတွင်း အရစ်ကျစနစ်ရောင်းချပေးခြင်း ဖြစ်သည်။ ဘဏ်အကောင့်ဖွင့်လှစ်၍ အရစ်ကျစနစ်ဖြင့်ရောင်းချမည့် ဝိုင်မက်အင်တာနက်လိုင်းအတွက် ကနဦးပေးသွင်းငွေကို မူလတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသတ်မှတ်ထားပြီး အတိုးနှုန်းများ၊ ဝန်ဆောင်ခများနှင့်တွက်ချက်ပါက ၂၈ရာခိုင်နှုန်းပေးသွင်း ရန်လိုအပ်ကြောင်း သိရသည်။

ကျန်ရှိသော ၈၀ ရာခိုင်နှုန်းအား တစ်နှစ်တာ အရစ်ကျစနစ်ဖြင့်ပေးသွင်းရမည်ဖြစ်ပြီး တစ်လလျှင် ငါးသောင်းလေးထောင်ကျပ်ခန့်ကျသင့်နိုင်ကြောင်း သိရသည်။ အရစ်ကျစနစ်၏ ကျန်ရှိငွေများကို ၆ လအတွင်းပေးချေပါက ငှားရမ်းခ၏ ၂၅ ရာခိုင်နှုန်းကို ပြန်လည်ထုတ်ပေးသွားမည် ဖြစ်သည်။ အရစ်ကျစနစ်ဖြင့် ဝယ်ယူအသုံးပြုခြင်းကို ဒီဇင်ဘာလ မကုန်ခင်၌အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါအင်တာနက်လိုင်းကို ရန်ကုန်မြို့၌ အသုံးပြုသူဦးရေ ၂၄၀၀ ခန့်ရှိပြီး မန္တလေးမြို့၌ အသုံးပြုသူအရေအတွက် ၄၀၀ ခန့်ရှိကြောင်း သိရသည်။ အမြန်နှုန်းအားဖြင့် 128 Kbps မှ 512 Kbps အထိ အသုံးပြုနိုင်သော အင်တာနက်လိုင်းများဖြစ်ပြီး နှစ်စဉ်ကြေး USD 60 နှင့် လစဉ်ကြေးများကို ထပ်မံပေးဆောင်ရကြောင်း သိရသည်။

Credit: မြင့်ကျော်လှိုင် (Internet Journal)

No comments:

Post a Comment