မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

ဗူးခွံပုလင်းခွံတွေနဲ့ ဆောက်တဲ့အိမ်

လူတွေဟာမိမိတို့ရဲ့ အိမ်ကို စိတ်ကူးရှိသလို ဒီဇိုင်းအမျိုးမျိုးထွင်ပြီး ဆောက်လုပ်ကြရမှာ အချို့က ကျောက် တုံးတွေ နဲ့ ဆောက်တယ်။ အချို့ကတော့ အမှိုက်ကရတဲ့ စွန့်ပစ် ပစ္စည်းတွေနဲ့လည်း ဆောက်တတ် ကြပါတယ်။ အခု ဖော်ပြမဲ့ အိမ်ကတော့ စုဆောင်းထားတဲ့ ပုလင်းတွေ၊ ဗူးခွံတွေနဲ့ ဆောက်တဲ့ အိမ်ဖြစ်ပါတယ်. ပုလင်းတွေနဲ့ ဆောက်တယ် ဆိုပြီး မချောကိုယ်တိုင် ဆာက်တာလား ဆိုတော့ မဟုတ်ပါဘူး။ အင်တာနက်ပေါ်က တွေ့မိတာလေးကို ပြန်လည် မျှဝေတာပါ. ဒီအိမ်မျိုး ဆောက်ဖို့ အစီအစဉ် ရှိပါတယ်. လောလောဆယ်တော့ ဖျော်ရည်ဘူးတွေ စုထားတုန်းပါ။ များလာရင်တော့ အောက်ကအိမ်လိုမျိုး တစ်လုံးလောက် ဆောက်ဖို့ ရှိပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က ချစ်သော မိတ်ဆွေများ ဖျော်ရည်ဗူးခွံ၊ ပုလင်းခွံများကို စုထားပေးကြပါလို့။ (အိမ် မဆောက်ဖြစ်တောင် ဘော်တယ် ကုလားကို ပြန်ရောင်းစားရင် ပိုက်ဆံမနည်းဘူးရမှာ။ မဟုတ်လဲ ငယ်တုန်းကလို ပဲလှော်နဲ့ လဲစားလို့ရတာပေါ့နော်။) 

ပုလင်းခွံ ဗူးခွံတွေနဲ့ ဘိုလီးဗီးယားနိုင်ငံက အိမ်တစ်အိမ်မှာ မိသားစုဝင်တွေ ကိုယ်တိုင်ဆောက်တဲ့ ဗူးခွံပုလင်း အိမ်အကြောင်းကို အောက်က ပုံတွေမှာ ကြည့်နိုင်ပါတယ်နော်။ 



Remarkable Job by Old Bottles
စုထားတဲ့ ပုလင်းတွေနဲ့အတူ စပြီး ဆောက်နေစဉ်

ကြည့်ရတာ ပုလင်းထဲကို သဲတွေ အပြည့် ထည့်ထားပုံရပါတယ်။ ဒါမှလည်း ပေါ့ရွှတ်မနေဘဲ အလေးချိန်ရှိတဲ့အတွက် အဆောက်အဦးရေရှည်ခံမှာ ဖြစ်ပါတယ်။ 

 မိန်းမသားရယ်လို့ အားနွဲ့မနေဘဲ ကိုယ်တိုင်ဆောက်လုပ်သူ 
ဒီနေရာမှာတော့ ဖန်ပုလင်းတွေကို တွေ့ရပါတယ်။






Remarkable Job by Old Bottles

Remarkable Job by Old Bottles
အိမ်ရဲ့ တိုင်အဖြစ်တော့ ကွန်ကရိများကို သုံးပါတယ်။
 

Remarkable Job by Old Bottles
မီးကြိုးသွယ်

Remarkable Job by Old Bottles

Remarkable Job by Old Bottles
ရေပိုက်ဆင်

Remarkable Job by Old Bottles

Remarkable Job by Old Bottles


Remarkable Job by Old Bottles

Remarkable Job by Old Bottles
အဝိုင်းပုံဒီဇိုင်း

No comments:

Post a Comment