မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ဖိနပ်ခရေဇီ ချယ်လ်ရီကိုးလ်

ဖိနပ်တွေက သိပ်လှတယ်။ ဒီဖိနပ်လေးတွေ စီးရတဲ့အခါ ကျွန်မစိတ်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တစ်ခု ဖြစ်လာမိတယ်။ ဒါဟာ အိပ်မက်ဆန်လွန်းတယ်
Posted on Dec 08 11 - 12:07 PM | Hits : 1021
ဖိနပ်ခရေဇီ ချယ်လ်ရီကိုးလ်
ချယ်ရီကိုးလ်တစ်ယောက် သူမစိတ်ကြိုက် ဖိနပ်ဖက်ရှင် ဒီဇိုင်းများအတွက် ဆွဲဆောင်မှုကောင်းသော ကြော်ငြာဓာတ်ပုံများ အရိုက်ခံခဲ့သည်။ ချယ်ရီသည် Stylistpick ၀က်ဘ်ဆိုက်တွင် သူမ၏ စိတ်ကြိုက် Collectionအတွက် ဓာတ်ပုံများ ရိုက်ကူးပေးခဲ့ခြင်းဖြစ်သည်။

cheryl​ cole

သူမစိတ်ကြိုက် ရွေးပေးထားသည့် ဖိနပ်များတွင် ပေါင်စတာလင် (၇၉.၉၉)မှ (၁၁၉.၈၅)ကြား တန်ဖိုးရှိသည့် ဖိနပ်များ ပါဝင်နေသည်။ ချယ်ရီသည် ဖိနပ်တစ်ရန်ချင်းစီ ရွေးချယ်ကာ ဓာတ်ပုံအရိုက်ခံခဲ့ခြင်းဖြစ်သည်။ သူမ ၀တ်ဆင်ခဲ့သည့် Byker Grovesဖိနပ်သည် ပရိသတ်များကြား ရေပန်းစားနေသလို သားမွေးဖြင့် ဖန်တီးချုပ်လုပ်ထားသော Your Royal Hotnessဖိနပ်သည်လည်း လူကြိုက်များလျက် ရှိသည်။

cheryl​ cole

ဖက်ရှင်ကဏ္ဍတွင်ပါ အောင်မြင်သူ တစ်ဦးအဖြစ် ရပ်တည်နေသော Girls’ Aloudစတား အဆိုတော်မလေးက သူမသည် ယခုCollectionမှ ဖိနပ်များကို အလွန်နှစ်သက်ကြောင်းလည်း ဆိုသည်။ “ဖိနပ်တွေက သိပ်လှတယ်။ ဒီဖိနပ်လေးတွေ စီးရတဲ့အခါ ကျွန်မစိတ်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တစ်ခု ဖြစ်လာမိတယ်။ ဒါဟာ အိပ်မက်ဆန်လွန်းတယ်”ဟု ချယ်ရီကဆိုသည်။ ချယ်ရီကိုယ်တိုင်သည်လည်း ဖိနပ်Crazyတစ်ဦးဖြစ်ပြီး သူမ၏ လန်ဒန်ရှိ နေအိမ်တွင် ဖိနပ်အရန်ပေါင်း (၂၀၀၀)ကျော် စုဆောင်းထားရှိကြောင်း သိရှိရသည်။

No comments:

Post a Comment