မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာရပ်များ ဆိုင်ရာ CD များ မည်သူမဆို အခမဲ့ ရယူနိုင်

A 1 Learning Technologies Group မှ ပြည်တွင်း ပြည်ပ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အချက်အလက်များ၊ စီမံခန့်ခွဲမှု (Management) နှင့် ပတ်သက်သော အချက်အလက်များ ပါဝင်သည့် မြန်မာ့ပထမဆုံး Digital Learning Kit CD များကို အခမဲ့ ဖြန့်ဝေနေပြီဟု သတင်းရရှိသည်။ 

အဆိုပါ CD များတွင် စီးပွားရေး ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သတင်းအချက်အလက်များ၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဆရာခင်မောင်ညို (ဘောဂဗေဒ) စသူတို့၏ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ပညာရပ် ဆောင်းပါးများ၊ နာမည်ကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပတ္တိများ၊ အလုပ်အကိုင် အခွင့်အလမ်းများ စုစည်းပါဝင်မည် ဖြစ်ပြီး နှစ်ပတ်တစ်ကြိမ် update လုပ်ကာ အခမဲ့ ဖြန့်ချိသွားမည် ဖြစ်ကြောင်း၊

လုပ်ငန်းရှင်များ၊ စီးပွားရေးပညာကို လေ့လာလိုက်စားလိုသူ လူငယ်များအတွက် အသိပညာ ဖြန့်ဝေပေးလိုသော ရည်ရွယ်ချက်ဖြင့် အခမဲ့ နှစ်ပတ်တစ်ကြိမ် ဖြန့်ဝေရခြင်း ဖြစ်ကြောင်း A 1 Learning Technologies Group က ဆိုသည်။

အဆိုပါ Digital Learning Kit များကို မည်သူမဆို အခမဲ့ ရယူနိုင်သော နေရာများမှာ အင်းဝစာအုပ်တိုက်၊ စာပေလောက၊ အရုဏ်သစ်၊ ပညာရွှေတောင်၊ သီဟရတနာ၊ ပြည့်ဝ၊ ရာပြည့်၊ မန္တလေးမြို့တွင် ထွန်းဦး၊ နဂါး၊ ရာပြည့် စသော စာအုပ်ဆိုင်များ ဖြစ်ကြကြောင်း၊ ကုန်သွား၍ မရရှိလိုက်လျှင် ဖုန်း ၀၁-၃၈၆ ၆၉၃ သို့ ဆက်သွယ် ရယူနိုင်ကြောင်း၊ အခွေများကို ကူးပွားယူရန်လည်း ခွင့်ပြုပါကြောင်း သိရသည်။

No comments:

Post a Comment