မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

Twilithg မင်းသား အချစ်သစ်တွေ့နေပြီဟုဆို

wilight ဇာတ်လမ်းတွဲများတွင် အတူသရုပ်ဆောင်သည့် မင်းသမီး ခရစ္စတန် စတီးဝပ်နှင့် နာမည်ထွက်ခဲ့သော မင်းသားသည် ယခုအခါ ခပ်ချောချော မိန်းကလေးတစ်ဦးနှင့် တွဲနေပြီဖြစ်
Posted on Dec 08 11 - 04:28 PM | Hits : 1072
Twilithg မင်းသား အချစ်သစ်တွေ့နေပြီဟုဆို
ရောဘတ်ပက်တင်ဆန်တစ်ယောက် အချစ်သစ် တွေ့နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ Twilight ဇာတ်လမ်းတွဲများတွင် အတူသရုပ်ဆောင်သည့် မင်းသမီး ခရစ္စတန် စတီးဝပ်နှင့် နာမည်ထွက်ခဲ့သော မင်းသားသည် ယခုအခါ ခပ်ချောချော မိန်းကလေးတစ်ဦးနှင့် တွဲနေပြီဖြစ်သည်။ ရောဘတ်၏ ချစ်သူသစ်မှာ ဆာရာရိုမာဟုလည်း သိရသည်။ အချို့ကလည်း ရောဘတ်၏ အဓိက ရည်ရွယ်ထားသော ချစ်သူမှာ ခရစ္စတန်သာ ဖြစ်သည်ဟု ဆိုသည်။



(ရောဘတ်ပက်တင်ဆန်နှင့် ခရစ္စတန် စတီးဝပ်)

ကယ်လီဖိုးနီးယားတွင် ရိုမာနှင့် တွဲလျက်သား တွေ့ရှိရသည့် ရောဘတ်၏ ရင်းနှီးသူများက ယင်းတို့နှစ်ဦးသည် စီးပွားရေး ဆွေးနွေးပွဲ တစ်ခုတွင် ဆုံမိခဲ့ခြင်းဟု ပြောကြားခဲ့သည်။ မျက်မြင်တွေ့ရှိသူများက ရောဘတ်သည် La Poubelle စားသောက်ဆိုင်တွင် ရိုမာနှင့်အတူ ကြည်ကြည်နူးနူး ရှိနေကြောင်း ဖွင့်ဟ ပြောဆိုခဲ့ကြသည်။ သို့သော်လည်း ယင်းကိစ္စကို ရောဘတ်ရော၊ ခရစ္စတန်ဘက်မှပါ မည်သည့် မှတ်ချက်မျှ မပေးသေးချေ။ ရောဘတ်နှင့် ရိုမာတို့ကို အတူတွဲလျက် တွေ့ရှိသူများက ရောဘတ်၏ ပုံစံသည် အလွန်သိမ်မွေ့ပြီး လူကြီးလူကောင်းဟန်ပန်ဖြင့် ဆက်ဆံပြောဆိုနေကြောင်းလည်း အတင်းအဖျင်း သတင်းဌာနများထံ ပြန်လည် ဖောက်သည်ချသွားသည်။

No comments:

Post a Comment