ရွှေမြန်မာလေကြောင်းလိုင်းက ပထမဆုံးဝယ်ယူမည့် လေယာဉ်မှာ ၂၀၁၃ ခုနှစ်
ဇန်န၀ါရီ ၉ ရက်နေ့ ညနေတွင် မလေးရှားကတစ်ဆင့် ရောက်ရှိလာမည်ဖြစ်သည်။
“ရွှေမြန်မာလေကြောင်းအတွက်
ပြည်ပက နှစ်စီးတင်သွင်းဖို့ စီစဉ်နေတာပါ။ ပထမဆုံးတင်သွင်းမှာက Air Bus
အမျိုးအစား A-320 ကို ပြည်သစ်နိုင်ငံက ၀ယ်ယူပြီး၊ မလေးရှားကတစ်ဆင့်
သယ်လာဖို့ ရှိပါတယ်။ ခရီးသည် ၁၈၀ တင်ဆောင်နိုင်မှာပါ။ အဲဒီ လေယာဉ်နဲ့
ရန်ကုန်၊ မန္တလေး ခရီးစဉ်ကို ဇန်န၀ါရီ ၁၇ ရက်မှာ စတင်ပြေးဆွဲနိုင်အောင်
စီစဉ်နေပါတယ်။” ဟု ရွှေမြန်မာအများပိုင်ကုမ္ပဏီမှ ရှယ်ယာရှင် တစ်ဦးကပြောသည်။
ရန်ကုန်-မန္တလေး
ခရီးစဉ်အတွက် နံနက် ၈ နာရီတွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်ပြီး နံနက် ၈ နာရီ
၄၅ မိနစ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်သည်။
အလားတူ မန္တလေးမှ နံနက် ၉နာရီခွဲတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွါမည်
ဖြစ်သည်။
အဆိုပါ ရွှေမြန်မာလေကြောင်းလိုင်းမှာ မြန်မာ့လေကြောင်း၊
အဲပုဂံ၊ အဲမန္တလေး၊ အဲအေးရှား၊ Asian Wings၊ Yangon Airline:
တို့ပြီးလျှင် ၇ ခုမြောက် ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်ပြီး၊
မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။