မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, January 6, 2013

ရွှေမြန်မာလေကြောင်း လိုင်းက၀ယ်ယူမည့် လေယာဉ် ဇန်န၀ါရီ ၉ ရက်တွင် ရောက်ရှိမည်

ရွှေမြန်မာလေကြောင်းလိုင်းက ပထမဆုံးဝယ်ယူမည့် လေယာဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့ ညနေတွင် မလေးရှားကတစ်ဆင့် ရောက်ရှိလာမည်ဖြစ်သည်။

“ရွှေမြန်မာလေကြောင်းအတွက် ပြည်ပက နှစ်စီးတင်သွင်းဖို့ စီစဉ်နေတာပါ။ ပထမဆုံးတင်သွင်းမှာက Air Bus အမျိုးအစား A-320 ကို ပြည်သစ်နိုင်ငံက ၀ယ်ယူပြီး၊ မလေးရှားကတစ်ဆင့် သယ်လာဖို့ ရှိပါတယ်။ ခရီးသည် ၁၈၀ တင်ဆောင်နိုင်မှာပါ။ အဲဒီ လေယာဉ်နဲ့ ရန်ကုန်၊ မန္တလေး ခရီးစဉ်ကို ဇန်န၀ါရီ ၁၇ ရက်မှာ စတင်ပြေးဆွဲနိုင်အောင် စီစဉ်နေပါတယ်။” ဟု ရွှေမြန်မာအများပိုင်ကုမ္ပဏီမှ ရှယ်ယာရှင် တစ်ဦးကပြောသည်။

ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် နံနက် ၈ နာရီတွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်ပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်သည်။ အလားတူ မန္တလေးမှ  နံနက် ၉နာရီခွဲတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွါမည် ဖြစ်သည်။

အဆိုပါ ရွှေမြန်မာလေကြောင်းလိုင်းမှာ မြန်မာ့လေကြောင်း၊ အဲပုဂံ၊  အဲမန္တလေး၊ အဲအေးရှား၊ Asian Wings၊ Yangon Airline:  တို့ပြီးလျှင် ၇ ခုမြောက် ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။