မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

ရေခဲကမ္ဘာပြခန်းကန်တော်ကြီးတွင် မကြာမီဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီးဝင်းအတွင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Jiang Xi Leng Dai Culture Limited Company နှင့် မြန်မာနိုင်ငံမှ Asia Myanmar Consortium Development Co.,Ltd. တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ပထမဆုံးရေခဲကမ္ဘာပြခန်းကို မကြာမီဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြခန်းအတွင်း ထားရှိမည့် ရေခဲရုပ်တုများကို တရုတ်နိုင်ငံမှ ပညာရှင်များ လာရောက်တည်ဆောက်မည်ဖြစ်ပြီး မြန်မာဘက်မှ ထုဆစ်ထားသည့် ရုပ်တုများကို သက်ဆိုင်ရာ ကုမ္ပဏီမှ ရွေးချယ်လျက်ရှိကြောင်း သိရသည်။ ၎င်းပြခန်းအတွင်း ဝင်နိုင်ရန် အအေးဒဏ်ခံနိုင်သည့် ဝတ်စုံများထားရှိပေးမည်ဖြစ်ပြီး အကျယ်အဝန်းမှာ အလျား ၁၉၃ ပေ၊ အနံ ၁၃၅ ပေနှင့် အမြင့် ၁၈ ပေခွဲရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment