မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေပွဲတော် ခွင့်ပြုမိန့်ရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးဆောင်ရွက်သော ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်အား ဒီဇင်ဘာလ ၃၀ ရက်တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရန် ပွဲခွင့်ပြုမိန့် ရရှိပြီဖြစ်ကြောင်းသိရသည်။ ၄င်းဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်အား ယခုလ ၁၅ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ (သုဝဏ္ဏ) ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ပွဲခွင့်ပြုမိန့်နှင့် ပြပွဲရုံနေရာ အခက်အခဲကြောင့် ရက်ရွေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

nld concert

ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်အား နံနက်  ၉နာရီတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ဂီတပွဲတော်အား ညနေ ၃ နာရီမှ ည ၁၁ နာရီခွဲခန့်ထိ နာမည်ကြီးအဆိုတော်များက ဖြေဖျော်သွားမည် ဖြစ်သည်။ ဂီတပွဲတော်အတွက် ၀င်ကြေးလက်မှတ်များ ရောင်းချသွားမည်ဖြစ်ပြီး ကျပ် သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း၊ ငါးထောင် သတ်မှတ်ထားကြောင်း ယနေ့ပြုလုပ်သော ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေ ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Credit: 7Day News Journal

No comments:

Post a Comment