မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 31, 2011

ပုဂ္ဂလိကကုမ္ပဏီငါးခု အနောက်တိုင်းဆေးဝါး စတင်ထုတ်လုပ်ခွင့်ရတော့မည်

ပုဂ္ဂလိကကုမ္ပဏီငါးခု အနောက်တိုင်းဆေးဝါး စတင်ထုတ်လုပ်ခွင့်ရတော့မည်

ပြည်တွင်းတွင် အနောက်တိုင်းဆေးဝါးများ ထုတ်လုပ်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကကုမ္ပဏီ ငါးခုကို မကြာမီ ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆေးဝါးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့စက်ရုံတည်ဖို့ သင့်တော်တဲ့နေရာ၊ ငွေကြေးပမာဏတွေ၊ ဘယ်ဆေးဝါးကို ထုတ်လုပ်မယ်ဆိုတဲ့အချက်တွေနဲ့ တခြားလိုအပ်တဲ့ အချက်အလက်တွေကို လေ့လာနေတယ်။ မကြာခင်ခွင့်ပြုပေးမှာပါ”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက 7Day News သို့ ပြောကြားသည်။

လက်ရှိတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အား စောင့်စားရင်း ကုမ္ပဏီတစ်ခုကလည်း ခုခံအားကျဆင်းမှု ရောဂါဝေဒနာခံစားနေရသူများအတွက် မရှိမဖြစ် လိုအပ်သည့် ARV ဆေးဝါးများထုတ်လုပ်ရန် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးနှင့် သုတေသနဌာနဝင်းအတွင်းရှိ အဆောက်အအုံအချို့အား ငှားရမ်းပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း The Voice Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ပုဂ္ဂလိကကုမ္ပဏီငါးခုမှ မည်သည့်ဆေးဝါးများ ထုတ်လုပ်မည်ကိုမူ ယခုချိန်အထိ မသိရှိရသေးကြောင်း အဆိုပါကော်မရှင်ကပြောသည်။ ပြည်တွင်းတွင် ဆေးဝါးများ ထုတ်လုပ်နိုင်ပါက ဆေးဝါးကုန်ကျမှုတန်ဖိုး ၃၀ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာမြင့်မြင့်ခင်က မြန်မာနိုင်ငံဆရာဝန်အသင်းတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် ပြည်ပမှ နှစ်စဉ် ဆေးဝါးများတင်သွင်းနေရပြီး တရားမဝင် ဝင်ရောက်လာသည့် ဆေးဝါးအတုပြဿနာများ၊ အကြောင်းအမျိုးမျိုးများကြောင့် ဈေးနှုန်းမြင့်မားသည့် ပြဿနာများမှာ သုံးစွဲသူများအား နစ်နာစေသည့် အကြောင်းရင်းများ ဖြစ်သည်။ လက်ရှိတွင် စက်မှု(၁) ဝန်ကြီးဌာနရှိ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးနှင့် တပ်မတော် ဆေးဝါးထုတ်လုပ်ရေးတို့က ဆေးဝါးများ ထုတ်လုပ်ပေးနေသည်။

No comments:

Post a Comment