မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Monday, December 26, 2011

ဖိုက်ဘာအင်တာနက်စနစ် ၂၀၁၂ ပထမ နှစ်ဝက်အတွင်း သုံးနိုင်ရန် ဆောင်ရွက်နေဟုဆို

ဖိုက်ဘာအင်တာနက်စနစ် ၂၀၁၂ ပထမ နှစ်ဝက်အတွင်း သုံးနိုင်ရန် ဆောင်ရွက်နေဟုဆို
အိမ်အရောက် အင်တာနက် ဝန်ဆောင်မှုစနစ်ဖြစ်သည့် မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက်စနစ်ကို ရန်ကုန်မြို့တွင် ၂၀၁၂ ပထမနှစ်ဝက်အတွင်း ဝန်ဆောင်မှု စတင်ပေးနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ လတ်တလောတွင်မူ FttH (Fiber to the Home)ဟု ခေါ်သည့် အဆိုပါ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင်းရှိ အချို့သော အစိုးရဌာနကြီးများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင်သာ အနည်းငယ် စတင်သုံးစွဲနေသည်။

ရန်ကုန်တစ်မြို့လုံးအတိုင်းအတာဖြင့် ဖြန့်ကျက် သုံးစွဲနိုင်ရန်အတွက်မူ လာမည့်နှစ် နှစ်ဆန်းပိုင်းမှစတင်၍ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း ယင်းအင်တာနက်စနစ်ကို ရောင်းချပေးနေသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တစ်မြို့လုံးတွင် FttH စနစ်ကို သုံးစွဲနိုင်မည်ဆိုပါက လက်ရှိကြုံတွေ့နေကြရသည့် အင်တာနက်မြန်နှုန်း နှေးကွေးခြင်းပြဿနာကို လျော့နည်းသွားစေမည်ဖြစ်ကြောင်း သိရသည်။

ftth

ယင်းကဲ့သို့ မြန်နှုန်းမြင့် ဖိုက်ဘာအင်တာနက်လိုင်းကို အဓိကမြို့ကြီးများတွင် တစ်ဆင့်ချင်း ချထားပေးရခြင်းမှာ ပြည်တွင်းအင်တာနက်အသုံးပြုသူပမာဏ ပိုမိုတိုးတက်လာစေရန်နှင့် ပြည်တွင်း၏ အင်တာနက် ဆက်သွယ်မှုစနစ်များ ကောင်းမွန်လာစေရန်အတွက် အဓိကရည်ရွယ်ကြောင်း သိရသည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် လုပ်ငန်းသုံးအဖြစ် အများဆုံး အသုံးပြုနေကြသည့် အင်တာနက်လိုင်းများမှာ ADSL, Broadband နှင့် WiFi စနစ်တို့ ဖြစ်ကြသည်။

သို့သော် အဆိုပါ အင်တာနက်လိုင်းများ၏ ဝန်ဆောင်မှုများသည် စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာ အထောက်အပံ့ပေးနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ FttH စနစ်ကို ရန်ကုန်မြို့တွင် ယခုနှစ်ဆန်းပိုင်းကတည်းက တပ်ဆင်အသုံးပြုရန် ဆောင်ရွက်ခဲ့သော်လည်း ရန်ကုန်မြို့၏ မြေအောက်လမ်းကြောင်း အခက်အခဲအချို့ကြောင့် နှောင့်နှေးနေရခြင်းဖြစ်ကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ သိရသည်။

အဆိုပါဝန်ဆောင်မှုကို လတ်တလောတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့တို့၌ အသုံးပြုနေကြပြီး လက်ရှိအချိန်အထိ ဖိုက်ဘာဆက်ကြောင်း ကီလိုမီတာ တစ်သောင်းငါးထောင်နီးပါး တပ်ဆင်ပြီးဖြစ်သည်။ FttH အင်တာနက်ဝန်ဆောင်မှုကို ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီ၊ E-Lite Tech Manufacutring Co., Ltd, Red Link Communication တို့က နယ်မြေဒေသများကို အပိုင်းလိုက်ခွဲကာ ရောင်းချပေးနေကြသည်။
Credit: ယုဇနကိုကို (7Day News Journal)

No comments:

Post a Comment