မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

သမဝါယမကောလိပ်များ ပညာသင်စရိတ် အခမဲ့ စနစ် စတင်ကျင့်သုံးတော့မည်

သမဝါယမ ဝန်ကြီးဌာန လက်အောက်ရှိ ကောလိပ်များ အားလုံး၏ သင်ကြားရေး စနစ်များကိုအခမဲ အစီအစဉ်ဖြင့် စတင် ကျင့်သုံးသွားမည်ဟု သမဝါယမ ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိကြီးတစ်ဦးက  ပြောသည်။ အခုဒီဇင်ဘာလ ပထမ အပတ်အတွင်းမှာ ဖွင့်လှစ်မယ့် ပညာသင်နှစ်ကစပြီး ဒီစနစ်ကို လုပ် ဆောင်သွားမှာပါ။ အဓိက ကတော့ သမဝါယမပညာရှင်တွေ ပေါ်ထွန်းလာစေဖို့ပါပဲဟု ၄င်းက ပြောသည်။
သင်တန်းသားတစ်ဦး အနေ ဖြင့် တစ်နှစ်တာပေးဆောင်ရမည့် ကျောင်းဝင်ကြေး၊ မှတ်ပုံတင် ကြေး၊ စာမေးပွဲကြေး၊ လက်တွေ့ သင်တန်းကြေးနှင့် ကျောင်းလခ ကြေးများအပါအဝင် အားကစား ကြေး အစရှိသည်တို့ သက်သာ ခွင့်ရရှိမည်ဟု ၄င်းထံမှသိရသည်။ တစ်နှစ်တစ်နှစ်ကို ကျောင်း သားတစ်ဦးအနေနဲ့ ကျပ် ၁၆၅၀ဝ လောက် အရင်က ပေးခဲ့ရတယ်။ အခု ဒီစနစ်ကြောင့် အဲဒီငွေကို ပေးစ ရာမလိုတော့တဲ့ သဘောရောက်သွားမှာ ဖြစ်ပါတယ်ဟု အထက်ပါ အကြီး တန်းအရာရှိကထပ်လောင်းဆိုသည်။
လက်ရှိ၌ သမဝါယမဝန်ကြီးဌာ နလက်အောက်တွင် ၁၉၉၄ ခုနှစ် ဇွန်လ တတိယအပတ်မှ စတင်ကာ ဖွင့်လှစ်ခဲ့သည့် ရန်ကုန် သမဝါယမ ဒီဂရီကောလိပ်(သန်လျင်)နှင့် ဖောင် ကြီး၊ မန္တလေး၊ စစ်ကိုင်းမြို့တို့ အပါ အဝင် ပုဂံမြို့ရှိ ယွန်းပညာကောလိပ် ဟူ၍ စုစုပေါင်းကောလိပ် ၅ ခုရှိ သည်။ ပုံမှန်အနေဖြင့် ရန်ကုန်၌ သင်တန်းသား ၅၀ဝကိုသာ လက်ခံ လေ့ရှိပြီး ဖောင်ကြီး၊ မန္တလေးနှင့် စစ်ကိုင်းတို့ရှိ ကောလိပ်များတွင်လူဦး ရေ ၃၀ဝစီသာလက်ခံကြောင်းနှင့်ပုဂံ ၌မူသင်တန်းသားဦးရေ၁၀ဝဟုသတ် မှတ်လက်ခံခဲ့မှုများရှိခဲ့ကြောင်း တက္က သိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၁-၂၀၁၂ ပညာနှစ်တွင် ဖွင့်လှစ်မည့်သမဝါယမကောလိပ်များ အတွက် တစ်နိုင်ငံလုံးမှ ၂၃၉၁ ဦး လျှောက်ထားခဲ့ရာတက်ရောက်ခွင့် ရရှိခဲ့သူ ၁၈၇၁ ဦးရှိခဲ့ပြီး ၄င်းတို့ကို ဝင်ခွင့်စာမေးပွဲဖြင့်စစ်ဆေးရွေးချယ် ခဲ့မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေး ချယ်ရေးအဖွဲ့သို့ လျှောက်ထားမှု မပြု ရဘဲ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပညာရေး နှင့် လေ့ကျင့်ရေးဌာနခွဲသို့ တိုက် ရိုက်လျှောက်ထားရသည့်အဆိုပါ သမဝါယမကောလိပ်တို့မှာဒီပလို မာဘွဲ့များကို သာချီးမြှင့်နိုင်သေး ပြီး ရန်ကုန်သမဝါယမ ဒီဂရီ ကောလိပ်တစ်ခုတည်းသာ B.A (Business Science) ဘွဲ့ကို အပ်နှင်းကြောင်း သိရှိရသည်။

No comments:

Post a Comment