မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Wednesday, December 21, 2011

ငါ အလေးချိန်က ကျန်းမာရေးနဲ့ သင့်တော်ရဲ့လား..။

စားချင်တာစား ၊ နေချင်သလို နေနေတဲ့ အခါမှာ အားလုံးက ဝသထက် ဝလာတတ်ကြတယ်လေ..။
ဒီလို ဝလာကြတော့မှ လူတွေက စာအုပ်လေးတွေ ဖတ်ပြီး...ဟာ ဝတာက ပြဿနာ ရှိတာပဲ..။
ကျန်းမာရေးနဲ့ အညီညွှတ်ဘူးလို့ ပြောတတ်ကြတယ်လေ..။
ငါ ဘယ်လောက်ဝ နေပြီလဲ...ဆိုတာကို သေချာမသိကြပါဘူး..။
ဒါကြောင့်မို့ ငါ ဘယ်လောက်ဝနေပြီလဲဆိုတာ ကို စစ်ကြည့်ဖို့ အတွက် အချက် ၂ ချက်လိုပါတယ်..။
၁။ ကိုယ့်ရဲ့ အရပ်
၂။ ကိုယ့်ရဲ့ အလေးချိန်

လူတိုင်းဟာ ပေါင် ၁၅၀ ရှိနေ့လို့ လူတိုင်းကို အရမ်းဝပြီး ကျန်းမာရေး မကောင်းဘူးလို့ ပြောလို့မရပါ..။
ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ အရပ်ကိုလည်း ထည့်တွက်ရပါတယ်..။
အခု ကျွန်တော် ပေးထားတဲ့ ဆော့ဝဲလ်လေးကို ဒေါင်းပြီးတော့  လိုတာလေးတွေ ဖြည့်ပြီး...
စမ်းကြည့်လိုက်ပါ...။ စမ်းသပ်နည်းကတော့ လွယ်လွန်းလို့ ကျွန်တော် မရေးတော့ပါဘူး..။

ဒါဆိုရင်တော့ သိသွားမှာပါ..။
ငါဟာ အရမ်းဝနေပြီ်လား..။ ကျန်းမာရေးထိခိုက်အောင် အဝလွန်နေပြီလား ဆိုတာ...
ဒီဆော့ဝဲလ်လေးက အနီ ၊ အဝါ ၊ အစီမ်း အရောင်လေးတွေနဲ့ ပြပေးပါလိမ့်မယ်..။
ဒါဆိုရင်တော့ .....
ပိန်နေရင် ဟီး....မော်ဒယ် ပေါ့လေ..။
အနေတော်ဆိုရင်........မကြိုက်ရင် ထပ်စားဗျာ..။
အဲ...ဝနေတယ်လို့ ပြလို့ကတော့.......မနက်ထပြေးဖို့သာလုပ်ထားလိုက်ပါတော့...ဟီး...။

No comments:

Post a Comment