မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

မုံရွာ ဈေးကွက်တွင် ခရမ်းချဉ်ဈေး စံချိန်တင် မြင့်တက်

7_10_38_9
ခရမ်း ချဉ်သီး သည် ယခုနှစ် နိုဝင်ဘာလ ကုန် ရက်ပိုင်း တွင် နှစ်ပေါင်း (၂၀) ကျော် ကာလ အတွင်း စံချိန်တင် ဈေးနှုန်းသို့ မြင့်တက် သွားကြောင်း မုံရွာမြို့ ဒေသခံ ခရမ်းချဉ် ပွဲစားများပြောပြချက်အရ သိရှိ ရသည်။ ပုံမှန် နိုဝင်ဘာလ ဆိုရင် မုံရွာ ဒေသထွက် ခရမ်း ချဉ်သီးတွေ ဈေးကွက် စဝင်တဲ့ အချိန်ပါ။ ဒီနှစ်မိုးနှောင်းမှာ သည်းထန်စွာ ရွာတဲ့မိုးကြောင့် ခရမ်းချဉ် စိုက်ခင်းတွေ အပျက်အစီးများသလို စိုက်ချိန်လည်း နောက်ကျသွားတဲ့ အတွက် ဈေးကွက်မှာ ထိုးတက်သွားတာ ဖြစ်ပါတယ်။
နှစ်ပေါင်း(၂၀)ကျော် ကာလအတွင်း နိုဝင်ဘာလ တစ်လတည်း အမြင့်ဆုံးဈေး ကျပ် ၁,ဝ၀ဝ ဝန်းကျင်ပဲရှိခဲ့ရာ ကဒီနှစ် ၁,၅၀ဝ အထိ ကုန်စိမ်းပွဲရုံတွေက ရောင်းတယ် ဟု မုံရွာ မြို့ဒေသ ခံကုန်စိမ်းပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ယခုနှစ် အောက်တိုဘာလ အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မုံရွာ မြို့နယ်အတွင်း မီးဖိုဆောင်သုံး ဟင်းသီးဟင်းရွက်စိုက်ခင်းအချို့ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေခဲ့ရသဖြင့် မီးဖိုဆောင်သီးနှံဈေးနှုန်းများ နှစ်ဆမှ လေးဆခန့်အထိ မြင့် တက်သွားကြောင်း သိရှိရသည်။

No comments:

Post a Comment