မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ဇီဝလက်နက်အန္တရာယ် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိဟု ဟီလာရီကလင်တန်ပြောကြား

ဇီဝလက်နက်အန္တရာယ်သည် အမျိုးသားလုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း ဒီဇင်ဘာ ၇ ရက်က ဂျီနီဗာမြို့တွင် ပြုလုပ်သော ဇီဝလက်နက်များဆိုင်ရာ ညီလာခံတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။ ဇီဝလက်နက်အန္တရာယ်သည် အမျိုးသားလုံခြုံရေးကိုသာမကဘဲ နိုင်ငံခြားရေးရာ မူဝါဒကိစ္စရပ်များအပေါ် ပြင်းထန်စွာ ခြိမ်းခြောက်နေပြီဖြစ်သောကြောင့် အဆိုပါ ဇီဝလက်နက်များအား အသုံးပြု၍ တိုက်ခိုက်မည့်အန္တရာယ်ကို နိုင်ငံတကာ အသိုက်အ၀န်း၏ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ကာကွယ်နိုင်ကြောင်း ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်လာနိုင်သည့် ဇီဝလက်နက်အန္တရာယ်များကို နည်းနိုင်သမျှ နည်းစေရန် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနပြုခြင်းများမှ ရရှိလာသည့် နည်းလမ်းကောင်းများကို အကောင်းဆုံးအသုံးချရန်နှင့် ၄င်းနည်းလမ်းများကို တိုးမြှင့်အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာ ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုအပ်ကြောင်း သူမက ပြောကြားခဲ့သည်။ (အင်တာနက်)

No comments:

Post a Comment