မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

တရုတ် သန်းကြွယ်သူဌေး လူပျိုများက အပျိုချောများကို စိတ်ကြိုက် ရွေးချယ်နိုင်သော ပြိုင်ပွဲ ကျင်းပ

တရုတ် သန်းကြွယ်သူဌေး လူပျိုများက ချောမောလှပသော အပျိုများကို စိတ်ကြိုက် ရွေးချယ်နိုင်သော ပြိုင်ပွဲတစ်ခုကို ၀ူဟန်မြို့တွင် ဇူလိုင် ၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Meet the Rich Hero ဟု ခေါ်သော အောင်သွယ်ပေးသည့် ပြိုင်ပွဲသို့ တရုတ်နိုင်ငံ တစ်ဝန်းမှ အမျိုးသမီး ရာပေါင်းများစွာက ပြိုင်ပွဲဝင်ကြေး အခမဲ့ဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအဆင့်ဆင့် ကျင်းပခဲ့ပြီးနောက် ပြိုင်ပွဲဝင် ၆၀ ဦးကို ဆန်ကာတင် ရွေးချယ်ခဲ့သည်။
ယင်းပြိုင်ပွဲကို တက်ရောက်ပြီး ရွေးချယ်သော တရုတ်သန်းကြွယ်သူဌေး လူပျိုများမှာ ၀င်ကြေးလက်မှတ် တစ်စောင်လျှင် ယွမ် ၉၉၉၉၉ ပေးခဲ့ရကြောင်း သိရသည်။
ယင်းသူဌေး တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှုမှာ အနည်းဆုံး ယွမ်သန်း ၃၀ ခန့် ကြွယ်ဝပြီး နှစ်စဉ် ၀င်ငွေမှာ ယွမ်တစ်သန်းခန့် ရှိကြောင်းလည်း သိရသည်။ ယခု ပြိုင်ပွဲတွင် ရွေးချယ်ခံရသော မိန်းမပျိုများ အနေဖြင့် သန်းကြွယ်သူဌေး ဖြစ်လာရန် အခွင့်အလမ်း ရှိကြောင်း သိရသည်။

No comments:

Post a Comment