မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ဂျပန်တွင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး စာရင်းဝင် ယဉ်တိုက်မှု

ဇိမ်ခံပြိုင်ကားများကို တန်းစီ မောင်းလာရင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဆိုးဆိုးရွားရွား ဒဏ်ရာ မရခဲ့သော်လည်း ယန်းငွေ သန်း(၃၀၀)ဖိုး [ဒေါ်လာ (၄)သန်း နီးပါးမျှ] ပျက်စီးမှုများ ဖြစ်ခဲ့
Posted on Dec 07 11 - 02:44 PM | Hits : 2802
ဂျပန်တွင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး စာရင်းဝင် ယဉ်တိုက်မှု
ဂျပန် ရဲတပ်ဖွဲ့က နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု တစ်ခုသည် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး စာရင်းဝင် ယာဉ်တိုက်မှု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။ Ferrarriကား (၈)စင်း၊ Mercedes-Benzကား (၃)စင်း၊ Lamborghini (၁)စင်းနှင့် အခြားသော ယာဉ်(၂)စင်းတို့သည် နိုင်ငံတောင်ပိုင်းရှိ ယာမာဂူချီတွင် တိုက်မိခဲ့ကြသည်။



ဇိမ်ခံပြိုင်ကားများကို တန်းစီ မောင်းလာရင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဆိုးဆိုးရွားရွား ဒဏ်ရာ မရခဲ့သော်လည်း ယန်းငွေ သန်း(၃၀၀)ဖိုး [ဒေါ်လာ (၄)သန်း နီးပါးမျှ] ပျက်စီးမှုများ ဖြစ်ခဲ့သည်။ မော်တော်ကား ၀ါသနာအိုးများ စုစည်းထားသည့် အဖွဲ့တစ်ခုသည် အဆိုပါ တန်ဖိုးကြီးကားများကို တန်းစီမောင်းလာရင်း ယာဉ်တိုက်မှု ဖြစ်ခဲ့ခြင်းဟု သိရသည်။



ရဲများက Ferrariကားမောင်းသူ တစ်ဦးသည် ယာဉ်ကြောပြောင်းရန် ကြိုးစားရာမှ လမ်းလယ် အတားအဆီးကို တိုက်မိပြီး ရှည်လျားသော မတော်တဆ ယာဉ်တိုက်မှုများ ဖြစ်လာခြင်းဟု ပြောကြားခဲ့သည်။ “သူတို့ မောင်းလာတာက တစ်နာရီကို ကီလိုမီတာ (၁၄၀)ကနေ (၁၆၀)ကြားလောက် နှုန်းမျိုးနဲ့ပါ”ဟု အမည်ဖော်မပြသည့် မျက်မြင်တစ်ဦးက TBSသတင်းဌာနသို့ ပြောကြားသွားသည်။



“ကျွန်တော့်တစ်သက်မှာတော့ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”ဟု ယာဉ်ထိန်းရဲ အီချီရို ကာမာတာနီက AFPသို့ဆိုသည်။ “Ferrariကားတွေ ဒီလောက်များများ စုပြီးမောင်းတာ ကျွန်တော် မကြံဖူးခဲ့ဘူး”ဟု ၎င်းက ဆက်လက်ပြောဆိုသွားသည်။

No comments:

Post a Comment