မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ကမ္ဘာ့ရွှေအရောင်းအဝယ်ဈေးကွက်တွင် တရုတ်ဦးဆောင်

ရှန်ဟိုင်းရွှေအိတ်ချိန်းသည် ပြီးခဲ့သည့် နှစ်အတွင်း ရွှေပမာဏ (၆၀၄.၆၁) မက်ထရစ်တန် အရောင်းအဝယ် လက်ခံပြုလုပ်ခဲ့သ
Posted on Jun 13 11 - 05:07 PM | Hits : 2928
ကမ္ဘာ့ရွှေအရောင်းအဝယ်ဈေးကွက်တွင် တရုတ်ဦးဆောင်
ကမ္ဘာ့ရွှေအရောင်းအဝယ်ဈေးကွက်တွင် တရုတ်က ဦးဆောင်လျက်ရှိသည်။ ရှန်ဟိုင်းရွှေအိတ်ချိန်းသည် ပြီးခဲ့သည့် နှစ်အတွင်း ရွှေပမာဏ (၆၀၄.၆၁) မက်ထရစ်တန် အရောင်းအဝယ် လက်ခံပြုလုပ်ခဲ့သည်။ ထို့ကြောင့် တရုတ်သည် ကမ္ဘာပေါ်တွင် ရွှေကုန်သွယ်ရောင်းဝယ်မှု စံညွှန်းများအရ အများဆုံးအဖြစ် ပထမနေရာကို ပိုင်ဆိုင်ခဲ့ကြောင်း တရုတ်ရွှေရောင်းဝယ်ရေး အဖွဲ့ချုပ်က ကြေညာခဲ့သည်။ တရုတ်သည် (၂၀၁၀)ပြည့်နှစ်အတွင်း ရွှေထုတ်လုပ်မှု (၃၄၀.၈၇၆) မက်ထရစ်တန် ရှိခဲ့ရာ ကမ္ဘာ့ရွှေထုတ်လုပ်မှုတွင်လည်း ပမာဏ အကြီးမားဆုံးအဖြစ်  ဆက်လက်ရပ်တည်လျက်ရှိသည်။ ကမ္ဘာ့ရွှေ ၀ယ်ယူမှုသည် (၂၀၁၀)ပြည့်နှစ်အတွင်း စုစုပေါင်း (၂၇၇၈.၆) မက်ထရစ်တန် ရှိခဲ့ကြောင်း သိရသည်။ ယင်းဝယ်လိုအား ပမာဏအနက် အများဆုံးမှာ အိန္ဒိယဖြစ်ပြီး (၇၈၃.၄) မက်ထရစ်တန် ၀ယ်ယူခဲ့သည်။ အိန္ဒိယနောက်တွင် ရွှေဝယ်ယူမှု ဒုတိယအများဆုံးအဖြစ် တရုတ်က (၅၇၁.၅၁) မက်ထရစ်တန်ဖြင့် ရပ်တည်နေပြီး တတိယနေရာတွင် (၁၈၀.၉) မက်ထရစ်တန်ဖြင့် အမေရိကန် ပြည်ထောင်စု ရှိနေကြောင်းလည်း စာရင်းများက ဖော်ပြထားသည်။

No comments:

Post a Comment