မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Saturday, December 10, 2011

ဟားဗတ်တက္ကသိုလ် ကျောင်းသူတစ်ဦးရဲ့ ဖက်ရှင်

ဟားဗတ်တက္ကသိုလ် ကျောင်းသူတစ်ဦးရဲ့ ဖက်ရှင်ဆိုလို့တကယ့် ဟားဗတ်ကျောင်းသူရဲ့ဖက်ရှင် အကြောင်းရေးမလို့မဟုတ်ပါဘူး... Love story in Harvard ဒရာမာကားနဲ့ ပြည်သူ့အချစ်တော် နံမည်ကျော်မင်းသမီးလေးဖြစ်လာတဲ့ကမ်င်တေဟီး ရဲ့အကြောင်းနဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးများကို တင်ပေးချင်လို့ပါ..ဆောင်းဟေဂိုလေးလိုဘဲ အာရှနဲ့ ကိုးရီးယားပရိတ်သတ်ရဲ့ ချစ်ခင်နှစ်သက်ခြင်းတွေကို သိမ်းပိုက်ခံထားရတဲ့ မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်..သူမတို့ ၂ယောက်အနက် ဘယ်သူကပိုပြီးချစ်စရာကောင်းတယ်ဆိုတာ ပရိတ်သတ်တွေက အင်တာနက်ဖိုရမ်တွေက နေပြိုင်ပွဲတွေလုပ်ပြီး မဲတွေပေးကြတဲ့အထိ ဆွဲဆောင်အားကောင်းလွန်းတဲ့ သူများဖြစ်ကြပါတယ်... ဘယ်သူက မဲပိုရရှိတယ်ဆိုတာ ကတော့အငြင်းပွားဖွယ်ရာဖြစ်နေဆဲပါ... တစ်ဦးနဲ့တစ်ဦးအကြိုက်ချင်းမတူညီနိုင်တဲ့အတွက် Athena တို့မြန်မာပရိတ်သတ်အနေနဲ့ ဘယ်သူက ပိုချစ်စရာကောင်းတယ်ဆိုတာ အခုတင်ပေးထားတဲ့ပုံတွေကို ကြည့်ပြီး စိတ်ကြိုက်လေ့လာသုံးသပ်လို့ရပါတယ်... ကင်မ်တေဟီးကတော့ သူမနိုင်ငံမှာ ကြော်ငြာဘုရင်မလေးရယ်လို့ နံမည်ကျော်ရလောက်အောင် စီးပွားရေးကြော်ငြာကို အများဆုံးလက်ခံရိုက်ကူးခြင်းခံရတဲ့ သူလေးတစ်ဦးပါ... သူမရဲ့ပရိတ်သတ်ကတော့ ကင်မ်ဟာလှပချစ်စရာ ကောင်းရုံတင်မဟုတ်ဘဲ ကျက်သရေရှိခြင်းနဲ့လည်းပြည့်စုံတယ်လို့
ဝေဖန်ကြပါသေးတယ်... ကင်မ်တေဟီးကို ကိုးရီးယားနိုင်ငံ အူလ်ဆန်မြို့မှာ ၁၉၈၀ခုမတ်လ၂၉ရက်နေ့မှာ မွေးဖွားခဲ့ပြီးငယ်နံမည် Angel လို့ခေါ်ပါတယ်..... ငယ်စဉ်အချိန်တွေကို အူလ်ဆန်မြို့ရဲ့ မိန်းခလေးအထက်တန်းကျောင်းမှာကုန်ဆုံးခဲ့ပြီးတဲ့နောက်.... ကိုးရီးယားနိုင်ငံရဲ့ နံမည်ကျော် ဆိုလ်းအမျိုးသားတက္ကသိုလ်ကနေ ဖက်ရှင်ဒီဇိုင်းဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်...ဒါကြောင့်လည်း ကိုးရီးယားနိုင်ငံသူနိုင်ငံသားတွေက ကိုးရီးယားနိုင်ငံရဲ့မင်းသမီးတွေထဲမှာမှ ကင်မ်တေဟီးဟာ ဥာဏ်ရည်မြှင့်မားသူဖြစ်တယ်ရယ်လို့ ဂုဏ်ယူကြပါတယ်...ဘာကြောင့်ဂုဏ်ယူစရာဖြစ်ရပါသလဲလို့မေးတဲ့အခါမှာတော့ ဆိုလ်းအမျိုးသားတက္ကသိုလ်ဆိုတာ တော်တန်ရုံတက်ရောက်ခွင့်ရဖို့မလွယ်ကူဘဲ အမှတ်အလွန်မြှင့်သူများသာ တက်ရောက်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့.....ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့သူမဟာ
အရပ်အမြင့် ၅ပေ၄လက်မနဲ့အိုသွေးအမျိုးအစားပိုင်ရှင်ဖြစ်ပြီကိုယ်အလေးချိန် ၉၉ပေါင်သာရှိတဲ့ သေးသေးသွယ်သွယ်နဲ့ချစ်စရာကောင်းသူလေးဖြစ်ပါတယ်...အစ်မတစ်ယောက် နဲ့မောင်တစ်ယောက်ရှိပြီး သူမရဲ့မောင်လေး Lee wan ဟာလည်း သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်..ကမ်င်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းကတော့ ၂၀၀၆ခုနှစ်ရဲ့ Miss Korea နဲ့ ၂၀၀၇ခုနှစ်အတွက် Miss Universe 3rd Runner Up ဆုကိုရရှိခဲ့ တဲ့Honey Lee ဖြစ်ပါတယ်... ကင်မ်ရဲ့အနုပညာလမ်းကြောင်းဟာ ၁၉၉၀နှောင်းပိုင်းကာလတွေမှာ မော်ဒယ်တစ်ဦးအဖြစ်ကနေ လျှောက်လှမ်းလာခဲ့ခြင်းဖြစ်ပါတယ်...၂၀၀၃ခုနှစ်မှာ တော့ Stairway to Heaven ဒရာမာကားနဲ့ရုပ်ရှင်လောကတွင်း သို့ရုတ်တရက်ထိုးဖောက်ဝင်ရောက်လာပြီး ပရိသတ်အများအပြားရရှိကာသူမကို လူသိများလာစေပါတယ်... သူမရဲ့ဒုတိယ ဒရာမာကားက Forbidden Love ဖြစ်ပါတယ်...ထို့နောက်မှာတော့ သူမရဲ့အအောင်မြင်ဆုံးဖြစ်တဲ့ Love Story in Harvard (တစ်ခါတုန်းက တက္ကသိုလ် )ဇာတ်ကားမှာ မင်းသား ကင်ရေ၀န်နဲ့အတူတွဲဖက် သရုပ်ဆောင်ရင်းအောင်မြင်ကျော်ကြားလူကြိုက်များတဲ့ မင်းသမီးအဖြစ်ကိုရောက်ရှိစေခဲ့ပါတယ်...
ကိုးရီးယားနိုင်ငံတွင်းမှာသာမက အာရှနိုင်ငံအတော်များများမှာပါအောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်..၂၀၀၆ခုနှစ်မှာရိုက်ကူးတဲ့ ကင်မ်တေဟီးရဲ့ ဇာတ်ကားအမည်က The Restless ဖြစ်ပြီး သူမရဲ့နောက်ဆုံးရိုက်ကူးထားတဲ့ဇာတ်ကားက Quarrel ဖြစ်ပါတယ်...ကင်မ်ရရှိခဲ့တဲ့ထူးချွန်ဆုများကတော့

2007 Daejong Film Awards: Overseas Popularity Award-Female (The Restless)
2007 Paeksang Arts Awards: Movie section Popularity Award-Actress (The Restless)
2005 Paeksang Arts Awards: TV section Popularity Award (Love Story in Harvard)
2004 SBS: Highest Popularity Award for actress (Love Story in Harvard)
2004 SBS: 10 Stars Award
2004 KBS: New Actress Award (Forbidden Love)
2003 SBS: New Star Award (Screen & Stairway to Heaven) စသည်တို့ဖြစ်ပါတယ်....
လှပချစ်စရာကောင်းရုံတင်မက ဥာဏ်ရည်ထက်မြက်တဲ့ မိန်းခလေးတစ်ဦးရဲ့ဖက်ရှင်များကို Planet User များအတွက် အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်.... 

ပျော်ရွှင်ချမ်းမြေ့ကြပါစေ.

No comments:

Post a Comment