မုံရွာစီးပွားရေးတက္ကသိုလ် ကချင်ပြည်နယ်မိသားစု

Sunday, December 11, 2011

ဒေါက်တာဘွဲ့ရ ၁၆ နှစ်သား တရုတ်လူငယ်တစ်ဦး

p_3_48_4
ကျန်ရှီယန်းမှာ အသက် ၁၀နှစ်နှင့် တက္ကသိုလ် တက်ခွင့်ရသူမို့ တရုတ်မှာရော ပြည်ပမှာပါ ပညာပါရမီ ပါသူအဖြစ် ထင်ရှားသည်။ အသက် ၁၃ နှစ်မှာ ပေကျင်း နည်းပညာ တက္ကသိုလ်မှာ မာစတာ ဘွဲ့အတွက် စတင်လေ့လာခဲ့သည်။ အခု အသက် ၁၆ နှစ်မှာ ပေကျင်း တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ ဏီ့ ဘွဲ့ ရရှိခဲ့သူမို့ ပိုမိုကျော်ကြား လာသည်။ ကျန်ရှီယန်းရဲ့ ထူးခြားမှုကြောင့် နောက်ဆက်တွဲအဖြစ် တရုတ်ပညာ ရေးစနစ်ကိုပါ ဒီဘိတ်လုပ်စရာတွေ ဖြစ်လာသည်။
ငယ်ရွယ်သူကလေး တွေကို အတန်းတွေ ခုန်ပျံတက် အောင်လုပ်တဲ့ တရုတ်ပညာရေး စနစ်ကမှန်ကန်ရဲ့လား၊ အဲဒီစာတော် တဲ့ကလေးတွေကကော တကယ် အသိပညာရင့်ကျက်ပြည့်စုံမှုရှိရဲ့လား။ မကြာခင်က ကျန်ရှီယန်းကို တရုတ်အစိုးရ ရုပ်သံ CCTV က အင်တာဗျူးလုပ်တော့ သူ့ရဲ့ ကလေးဆန်မှု၊ စိတ်ကောက်မှုတွေ မြင်ကြရသည်။ သူ့အတွက် မိဘ တွေက ပေကျင်းမြို့လယ်မှာ တိုက် ခန်းတစ်ခန်း ဝယ်မပေးရင်၊ သူ ကျောင်းဆက်မတက်တော့ဘူးဆိုပြီး မိဘတွေကို အကျပ်ကိုင်ခဲ့သည်ဟု ပြောပြသည်။
အဲဒီလို မိဘတွေအပေါ် အ ကျပ်ကိုင်စိတ်ကောက်တဲ့အကြောင်း သူပြောလိုက်တော့ တရုတ် အွန် လိုင်းပရိသတ်တွေကြား ပွဲဆူသွား သည်။ ချို့ချို့တဲ့တဲ့ ရုန်းကန်နေရတဲ့ မိဘတွေကို သူဒီလိုမညှဉ်းဆဲသင့် ဘူးဆိုပြီး ပြောချင်ဆိုချင်နေကြတဲ့ အက်တာနက်နိုင်ငံသား(netizens) တွေအတွက် လက်တို့လိုက်သလို ဖြစ်သွားသည်။
ဘွဲ့ရမှ ကိုယ့်ဟာကိုယ် အ လုပ်လုပ်ပြီး ငွေစု၊ တိုက်ခန်း ဝယ် သင့်တာပေါ့၊ သိပ်အတ္တကြီးတဲ့ ကောင်လေးပဲ၊ သူ့ပညာက ဘာသုံး စားရမှာလဲ၊ စိတ်ကော ပုံမှန်ဟုတ် သေးရဲ့လား စသဖြင့်..။ တချို့ကတော့ သက်သက် ညှာညှာပြောသည်။ ဒီအရွယ်ဆို တာ ဒီလိုပဲ မိဘကို ပူဆာမယ်၊ စိတ်ကောက်မယ်၊ ပုန်ကန်ချင်မယ်၊ ဒါဖြစ်လေ့ဖြစ်ထပဲ။ သူရဲ့ ဒေါက် တာဘွဲ့ကြီးကြောင့် သတင်းစာတွေ ထဲပါပြီး ရေးကြီးခွင်ကျယ် ပြောနေ ကြတာပဲ။ သနားစရာလေးပါ။
ကျန်ရှီယန်းကို လယောင်နင် ပြည်နယ်မှ ဝင်ငွေအလယ်အလတ် ရှိ မိသားစုကနေ မွေးဖွားခဲ့သည်။ အစိုးရဝန်ထမ်းဖြစ်တဲ့ သူ့အဖေက သူ့သား ပညာပါရမီပါတာကို အစ ကတည်းက သိရှိခဲ့သည်။ ငယ်ငယ် ကတည်းက မေးခွန်းတွေ မေးခိုင်း၊ တွေးခိုင်းပြီး လေ့ကျင့်ပေးခဲ့သည်။ ကလေးအရွယ်မှာ တရုတ်ပြည် သမိုင်းကနေ အီရတ်စစ်ပွဲအကြောင်း အထိ ကြီးကြီးကျယ်ကျယ်တွေ အာ ဘောင်အာရင်းသန်သန် ပြောတတ် သည်။ သူ့အဖေနဲ့ အပြန်အလှန် ငြင်းခုန်ကြသည်။
ဒါပေမဲ့ သူ့ပညာရေးခရီးမှာ အခက်အခဲကာလတွေ ဖြတ်ခဲ့ရ သည်ဟုCCTVအင်တာဗျူးမှာ ပြောပြသည်။ ကျောင်းစာမလုပ်ဘဲ ကွန်ပျူတာဂိမ်းသွားဆော့တော့ အဖေရဲ့ အကြိမ်းအမောင်း ခံရသည်။ ကျောင်းအဆောင်မှာ ဂိမ်းဆော့နေ တာ သူ့အဖေလိုက်ချောင်းတာမြင် သွားတော့ သားအဖတွေ ပြဿနာ အကြီးအကျယ် တက်ကြသည်။
အဲဒီနောက်ပိုင်း သူ့အဖေက သူ ကျောင်း စာလုပ်တာကို အမြဲစောင့် ကြည့်နေတတ်သည်။ သူ့မိဘတွေရဲ့မောင်းနှင်မှုက သူ့အတွက် ပြင်းထန်လွန်းသည်။ အဲဒီမိဘတွေရဲ့ ဖိအားကပဲ သူ့ အတွက် ရည်မှန်းချက် ဖြစ်လာရ သည။် မာစတာဘွဲ့လုပ်နေစဉ်မှာပင် ဘာသာရပ် အချို့ ကျခြဲ့ပီး ၊ ဘွဲ့ကို လက်လျှော့ဖို့အထိ ဖြစ်ခဲ့ရသည်။ နောက်ဆုံး သတ်သေဖို့အထိပါ တွေးခဲ့သေးသည်ဟု ပြန်ပြောပြ သည်။
CCTV က သူ့အဖေ ဟူရှီယန် ကိုပါ အင်တာဗျူးသည်။ သူက သူကသူ့သား အနာဂတ်လှပဖို့အတွက် ပျိုးထောင်ခဲ့တာဖြစ်ကြောင်း၊ သူတို့ ဇနီးမောင်နှံက သူ့သားကို ဘယ်လို ပျိုးထောင်ခဲ့သလဲဆိုတဲ့ အကြောင်း၊ ပဉ္စလက်ဆန်တဲ့ ပညာသင်ကြား ရေး အမည်နဲ့ စာအုပ် တစ်အုပ်ပင် ရေးဦးမယ်ဆိုတဲ့အကြောင်း ပြောပြ သည်။
သူ့သား မာစတာတန်း တက် နေစဉ်မှာ တိုက်ခန်းဝယ်ပေးရမယ်၊ ဝယ်မပေးရင် စာမလုပ်တော့ဘူးလို့ ပြဿနာရှာတော့၊ သူတို့ လင်မယား မှာ ရွေးချယ်စရာမရှိကြောင်း၊ ပေ ကျင်းမှာ တိုက်ခန်းတစ်ခန်း သီးသန့် သူ့အတွက် ငှားပေးခဲ့ရကြောင်း ပြောသည်။ သူ့သားက ပေကျင်းမြို့ ကြီးမှာ ကျောင်းသွားတက်ကတည်း က ရုပ်ဝတ္ထုဩဇာလွှမ်းမိုးခံရကြောင်း ပြောသည်။
၁၆ နှစ်သား ကျန်ရှီယန်းက တော့ သူ့မိဘတွေရဲ့ အိပ်မက်က သူ့ရဲ့ အိပ်မက် ဖြစ်လာကြောင်း၊ မိဘတွေက သူ့အတွက် ခက်ခက် ခဲခဲ ရုန်းကန်ရသလို၊ သူလည်း အပြင်းအထန် ကြိုးစားရကြောင်း ပြောသည်။ နောက် သူ့အဖေက ငွေမရှိရင် ဘဝမှာ ဒုက္ခရောက်မယ် လို့ တဖွဖွပြောပြီး ကြိုးစားခိုင်း သည်ဟု ဆိုသည်။ အခု ကျန်ရှီယန်းက မီဒီယာ တွေနဲ့ အွန်လိုင်းပေါ်တွေမှာ သူ့ အကြောင်း ဘာပြောပြော အပြု သဘောမြင်ကြောင်းနဲ့ နိုင်ငံရပ် ခြားမှာ ဆက်ပြီး ဒေါက်တာဘွဲ့ ထပ်ယူဦးမယ့်အကြောင်း CCTV ကို ပြောခဲ့သည်။
ဝင့်ထန်း
 

No comments:

Post a Comment